နိုင်ငံတကာအနေနဲ့ အတုအယောင်ရွေးကောက်ပွဲ လုပ်ငန်းတွေကို ပံ့ပိုးကူညီမယ်ဆိုရင် ဒါဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ နျူကလီးယား ရည်မှန်းချက်ကို အားပေးကူညီရာရောက်မှာဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။

စက်တင်ဘာ ၂၆ ရက်က နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ အပြည်ပြည်ဆိုင်ရာ နျူးကလီးယားလက်နက် အလုံးစုံ ဖျက်သိမ်းရေးနေ့ အထိမ်းအမှတ် High-level မျက်နှာစုံညီ အစည်းအဝေးမှာ သံအမတ်ကြီးက အခုလိုထည့်သွင်းဆွေးနွေးခဲ့တာပါ။

“စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲလုပ်ငန်းအတွက် နိုင်ငံတကာမှ ပံ့ပိုး ကူညီမှု တစုံတရာ ပေးအပ်ခြင်းက စစ်အုပ်စုရဲ့ အန္တရာယ်ကြီးမားသော နျူကလီးယား ရည်မှန်းချက်ကို ပြည့်မီစေရေး အတွက် အဆင့်တစ်ဆင့် နီးကပ်သွားစေမှာဖြစ်တယ်” လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားထားပါတယ်။

အကြမ်းဖက်စစ်အုပ်စုက ငြိမ်းချမ်းစွာ အရပ်ဖက်အသုံးပြုဖို့လို့ အမည်တပ်ထားပေမယ့် အန္တရာယ် ဖြစ်စေနိုင်တဲ့ နျူကလီးယား လက်နက်ပိုင်ဆိုင်မှု ရည်မှန်းချက်ကို ဆက်လက်လုပ်ဆောင်နေပြီး နျူကလီးယားလက်နက်ပိုင် နိုင်ငံကြီး တစ်နိုင်ငံနဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေ တိုးမြှင့်လာတယ်လို့လည်း ပြောကြားထားပါတယ်။

“မြန်မာနိုင်ငံကို ယခုကဲ့သို့ အလုံးစုံပျက်စီးဆုံးရှုံး ယိုးယွင်းမှုထဲသို့ တွန်းချခဲ့သော စစ်အုပ်စုက ငြိမ်းချမ်းသော အရပ်ဖက်အသုံးပြုမှုအတွက် နျူကလီးယား နည်းပညာကို အသုံးပြုလိမ့်မည် မဟုတ်ကြောင်း၊ ပြည်သူပြည်သားတွေအပေါ် လွန်စွာဆိုးရွားသော စစ်ရာဇဝတ်မှုများ ကျူးလွန်နေသော စစ်အုပ်စုက အရပ်ဘက်၊ စစ်ဘက် နှစ်မျိုး အသုံးပြုနိုင်တဲ့ နျူကလီးယားနည်းပညာကို အရပ်ဘက်အသုံးပြုမှုအတွက်သာ ဆောင်ရွက်လိမ့်မည် မဟုတ်ပါကြောင်း” လို့ ဦးကျော်မိုးထွန်းက တင်ပြခဲ့ကြောင်း သိရပါတယ်။

၂၀၂၀ ခုနှစ်မှာ ကျင်းပခဲ့တဲ့ လွတ်လပ်ပြီး တရား မျှတတဲ့ ရွေးကောက်ပွဲရလဒ်ကို အလေးမထားဘဲ ဒီမိုကရေစီကျကျ ပြည်သူတွေရွေးချယ်ခဲ့တဲ့ အစိုးရကို တရားမဝင် အာဏာသိမ်း ဖယ်ရှားခဲ့တဲ့ အကြမ်းဖက် စစ်အုပ်စုက လွတ်လပ်တရားမျှတပြီး အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲကို ကျင်းပလိမ့်မှာ မဟုတ်ဘူးလို့လည်း သံအမတ်ကြီးက ပြောဆိုခဲ့ပါတယ်။

မြန်မာပြည်သူတွေရဲ့ အသက်အိုးအိမ်နဲ့ အနာဂတ် ဆုံးရှုံးမှုကို တားဆီးပေးနိုင်ရေးအတွက် တရားမဝင် အာဏာသိမ်း စစ်အုပ်စုထံ လက်နက်၊ ခဲယမ်း၊ တိုက်လေယာဉ်ဆီနဲ့ အရပ်ဖက်၊ စစ်ဖက် နှစ်မျိုးသုံး ပစ္စည်းတွေ စီးဆင်းထောက်ပံ့မှုတွေကို ချက်ချင်း ပိတ်ဆို့ရပ်တန့်ပေးရေးအတွက်လည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို မေတ္တာရပ်ခံ ပြောကြားခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

စစ်ဖြစ်နေသည့်အဖွဲ့အားလုံး စားပွဲဝိုင်းခေါ်ပြီး မြန်မာ့အရေး တွေ့ဆုံညှိနှိုင်းရန် မလေးရှားဝန်ကြီးဟောင်း တိုက်တွန်း

မြန်မာ့ပဋိပက္ခအတွင်း လက်နက်ကိုင်အဖွဲ့အားလုံးကို စားပွဲဝိုင်းခေါ်ပြီး စေ့စပ်ညှိနှိုင်းခြင်းအားဖြင့် အာဆီယံဥက္ကဋ္ဌတာဝန်ကို အောင်အောင်မြင်မြင် ဆောင်ရွက်ဖို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်းက မလေးရှားအစိုးရကို တိုက်တွန်းပါတယ်။
Read More

ငလျင် အကူအညီများကို နိုင်ငံရေးအရ အမြတ်ထုတ်နေသည်ဟု ပြောဆိုမှုအပေါ် စစ်ကောင်စီ ကန့်ကွက်

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ၅၈ ကြိမ်မြောက် အစည်းအဝေးအတွင်း လက်ရှိ မြန်မာ့ငလျင်ဘေးအတွက် ကူညီမှုတွေကို စစ်ကောင်စီဟာ နိုင်ငံရေးအရ အမြတ်ထုတ်နေတယ်ဆိုတဲ့ ပြောဆိုချက်တွေကို စစ်ကောင်စီက ငြင်းဆိုလိုက်ပါတယ်။
Read More

ဂျပန်လွှတ်တော်အမတ်များရုံးမှာ မြန်မာ့အရေး ဆွေးနွေးပွဲ ပြုလုပ်

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) စစ်ဆင်ရေးအတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ထပ်မံသိမ်းပိုက်အုပ်ချုပ်နိုင်တဲ့ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ် စတဲ့မြို့တွေကို
Read More

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးလွတ်မြောက်ရေး စစ်အုပ်စုကို ဖိအားပေးရန် နိုင်ငံတကာကို NUG တိုက်တွန်း

ကမ္ဘာ့အသိုင်းအဝန်းအနေနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံး အမြန်ဆုံးလွတ်မြောက်ရေး အကြမ်းဖက်စစ်အုပ်စုကို ဖိအားပေးဆောင်ရွက်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရက ဒီနေ့မှာ တိုက်တွန်းထုတ်ပြန်ပါတယ်။
Read More

နီပေါဒီမိုကရေစီလှုပ်ရှားမှုကို ဆူပူမှုဟု သုံးနှုန်းပြီး သင်ခန်းစာယူရန် အကြမ်းဖက်မင်းအောင်လှိုင် ပြောဆို… ဆန္ဒပြမှုများ နောက်ကွယ် အင်အားကြီးနိုင်ငံအချို့ပါဟု စွပ်စွဲထား…

လက်ရှိဖြစ်ပွားနေတဲ့ နီပေါနိုင်ငံ အရေးကိစ္စနောက်ကွယ်မှာ အင်အားကြီးနိုင်ငံတွေပါဝင်နေပြီး ဆန္ဒပြမှုတွေနဲ့ပတ်သက်လို့ မြန်မာနိုင်ငံအတွက် သင်ခန်းစာယူသင့်ကြောင်း အာဏာလု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်ကော်မရှင်နဲ့ စစ်ကော်မရှင်အစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောဆိုလိုက်ပါတယ်။
Read More

ဘန်ကောက်တိုက်ပြိုကျမှုအတွက် အီတာလျံ-ထိုင်းကုမ္ပဏီဥက္ကဋ္ဌအပါအဝင် ၁၇ ဦးကို ထိုင်း ဝရမ်းထုတ်

မြန်မာလုပ်သား အနည်းဆုံး ၁၀ ယောက် သေဆုံးခဲ့တဲ့ ဘန်ကောက်မြို့က ပြည်နယ်စာရင်းစစ်ရုံး (SAO) အဆောက်အဦး ပြိုကျမှုနဲ့ ပတ်သက်ပြီး လူ ၁၇ ယောက်ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်ထားတယ်လို့ Khaosod သတင်းမှာ ဖော်ပြပါတယ်။