အကြမ်းဖက်စစ်တပ်ဟာ နေပြည်တော်ကို တာဝန်ယူရတဲ့ အမှတ် (၆) စစ်ဆင်ရေးအထူးအဖွဲ့- ကစထ ၆ ကို ဖျက်သိမ်းလိုက်တယ်လို့ စစ်ရေးသတင်းအရင်းမြစ်တွေထံက သိရပါတယ်။

စစ်တပ်မှာ စစ်တိုင်း ၁၄ တိုင်းရှိပြီး စစ်တိုင်း ၁၄ တိုင်းရဲ့ အထက်မှာ စစ်ဆင်ရေးအထူးဖွဲ့ဆိုပြီး ဇုန် ၆ ဇုန်ပြန်ခွဲကာ စီမံခန့်ခွဲအုပ်ချုပ်နေတာပဲ ဖြစ်ပါတယ်။

စစ်တပ်က ကစထ ၆ ကို အခုလ စက်တင်ဘာလ အစောပိုင်းကတည်းက ဖျက်သိမ်းလိုက်တာဖြစ်ပြီး ကစထ၆ စီမံရတဲ့ ဇုန်နေရာဟာ နေပြည်တော် တခုတည်းသာ ဖြစ်တယ်လို့ သိရပါတယ်။

“တကယ်တော့ ကစထ ၆က အပိုပါပဲ…တကယ်သာ ပြောရမယ်ဆိုရင် စစ်ဆင်ရေးအထူးဖွဲ့ဆိုတာလည်း အပိုပဲ။ စစ်တပ်မှာက ကွန်မန်တာ ၃မျိုးပဲရှိတယ်။ တပ်ချုပ်ရယ်.. တိုင်းမှူး ၁၄ ယောက်ရယ်… ပြီးရင် အငယ်ဆုံး ကွန်မန်တာသည် တပ်ရင်း၊ တပ်ဖွဲ့မှူးတွေပေါ့နော် အဲ့ဒါ ၃မျိုးပဲ ရှိတယ်။ စစ်တိုက်နေတဲ့ တပ်မမှူးတွေတောင် သူတို့မှာ စစ်ဆင်ရေး လုပ်ပိုင်ခွင့်တွေပဲ ရှိတယ်.. ကျန်တဲ့ လုပ်ပိုင်ခွင့်တွေ ရှိတာ မဟုတ်ဘူး” လို့ CDM ဗိုလ်ကြီးဇင်ယော်က မောင်းကို ပြောပါတယ်။

အခုလို ကစထ ၆ ကို ဖျက်သိမ်းလိုက်တာဟာ ကစထ ၁၊ ၂၊ ၃၊ ၄ နဲ့ ၅ တို့ကို စစ်ရေးအရှိန်မြင့်ဖို့ ဖြစ်တယ်လို့ သုံးသပ်ချက်တွေလည်း ရှိနေပါတယ်။

လက်ရှိမှာ ကစထ ၁ က ကချင်ပြည်နယ် မြစ်ကြီးနားအခြေစိုက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နဲ့ မုံရွာအခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို တာဝန်ယူရမှာ ဖြစ်ပါတယ်။

ကစထ ၂ က တောင်ကြီးအခြေစိုက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ ခိုလမ်အခြေစိုက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ ကျိုင်းတုံအခြေစိုက် တြိဂံတိုင်းစစ်ဌာနချုပ်တို့ကို တာဝန်ယူထားတာပါ။

ကစထ ၃ ကတော့ ပုသိမ်အခြေစိုက် အနောက်တောင်တိုင်း စစ်ဌာနချုပ်နဲ့ ရခိုင်ဒေသကို ကိုင်တွယ်ရတဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တို့ ပါဝင်ပါတယ်။

ဒါ့အပြင် ကစထ ၄ မှာ မော်လမြိုင်အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်နဲ့ တနင်္သာရီတိုင်း ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်တို့ ပါဝင်ပါတယ်။

လက်ရှိမှာ ဖျက်သိမ်းလိုက်တဲ့ ကစထ ၆ ရဲ့ တာဝန်တွေကို ကစထ ၅ကနေ တာဝန်ယူထားတာဖြစ်ပြီး ကစထ ၅ မှာ နေပြည်တော် တိုင်းစစ်ဌာနချုပ်၊ မန္တလေးအခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်နဲ့ တောင်ငူအခြေစိုက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တို့ ပါဝင်ကာ အဓိကကျတဲ့ တိုင်းဒေသကြီးတွေ ပါဝင်နေတာလည်း ဖြစ်ပါတယ်။

ဗိုလ်ကြီးဇင်ယောက်က ဆက်လက်ပြီး “ရှင်းအောင် ပြောပြရရင်တော့ သူတို့ ဗျူဟာမှူးတွေ ခန့်ထားသလိုပေါ့နော်… တိုင်းမှူးတွေကို ပြန်ပြီး ချုပ်တဲ့ သဘောပဲ…ကစထဆိုတာ မရှိလည်း ဘာမှ မဖြစ်ဘူး။ ဒါပေမယ့် မင်းအောင်လှိုင်အတွက်ကတော့ ၁၄ ယောက်ကို ကွပ်ကဲနေတာထက်စာရင် ဒီ ၅ယောက်ကိုပဲ ကွပ်ကဲတဲ့ သဘောပဲ… ကာကွယ်ရေးဦးစီးချုပ်ဆိုတာက စစ်တိုက်ဖို့ပဲလေ… သူ့ဘာသူ နိုင်ငံတော်အုပ်ချုပ်ရေးတွေ လျှောက်လုပ်နေတော့ ဒီ ၅ယောက်ကိုပဲ ခွဲပြီး အုပ်ချုပ်တဲ့ သဘောပါပဲ” လို့ ဆိုပါတယ်။

ကစထ(၆) အဖွဲ့မှူးဟာ ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်ဖြစ်ပြီး သူ့ကို အမှတ်(၁) စစ်ဆင်ရေး အထူးအဖွဲ့မှူးနေရာကို ပြောင်းရွှေ့လိုက်တယ်လို့ သိရပါတယ်။

ကစထမှူးနေရာဟာ လုပ်ပိုင်ခွင့် များများစားစားမရှိသလို တိုင်းမှူးတွေကို ခိုင်းစေပိုင်ခွင့်လည်း မရှိပေမယ့် ဗိုလ်ချုပ်မှူးတွေကို ကပ်ပြီး တိုင်းမှူးတွေကို နတ်ကိုင်သလို ဒုက္ခရောက်အောင် လုပ်နိုင်တဲ့ နေရာလည်း ဖြစ်တာကြောင့် အခုလို ကစထ ဖျက်သိမ်းတာကို တိုင်းမှူးတွေအနေနဲ့ ပျော်နေလောက်တယ်လို့ သုံးသပ်သူတွေလည်း ရှိနေပါတယ်။

ပြည်သူ့အာဏာကို လက်နက်နဲ့ မတရားသိမ်းယူထားတဲ့ မင်းအောင်လှိုင်ဟာ အရင်က ကစထ – ၂ မှူးဖြစ်ဖူးသလို ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကလည်း ကစထ-၆ မှူး လုပ်ခဲ့ဖူးတာပဲ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ပဲခူးတိုင်း ရေဘေးသင့်ပြည်သူတွေကို အမေရိကန်က Austin Myanmar Community ရဲ့ ထောက်ပံ့မှုကို ပကဖ တွေ ကူညီလှူဒါန်း (ဓာတ်ပုံသတင်း)

ပဲခူးတိုင်းအတွင်းရှိ ရေဘေးသင့်ပြည်သူတွေအတွက် အမေရိကန်နိုင်ငံ Austin Myanmar Community ရဲ့ ကိုယ်စား ပဲခူးတိုင်းအတွင်းက ပကဖအဖွဲ့တွေနဲ့ လူသားစာနာတာဝန်ခံတို့က စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေးနယ်မြေတွေကို သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်အုပ်စု၏ စစ်ကိုင်းတပ်မ ၃၃ မှ တပ်သားတစ်ဦး လက်နက်မဲ့ အလင်းဝင်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်ရှိ အကြမ်းဖက်စစ်အုပ်စုရဲ့ တပ်မ ၃၃ က တပ်သားတစ်ယောက် လက်နက်မဲ့ အလင်းဝင်လာတယ်လို့ ယူနီကွန်းပျောက်ကြားတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မင်းအောင်လှိုင်ကို ICC ဖမ်းဝရမ်း အတည်ပြုပေးဖို့ ဂျပန်နိုင်ငံ နာဂိုယာမြို့မှာ ချီတက်ဆန္ဒပြ

အာဏာရှင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်နေတာကြောင့် နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC ကနေ ဖမ်းဝရမ်း အတည်ပြုပေးဖို့ ဂျပန်ရောက်မြန်မာတွေက လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ကြပါတယ်။
Read More

ဗမာ့တပ်တော်၏ အခြေခံစစ်ပညာသင်တန်း၊ အမှတ်စဉ် (၃/၂၀၂၅) သင်တန်းနှင့် ကျမ်းသစ္စာကျိန်ဆိုခြင်းအခမ်းအနား… (ဓာတ်ပုံသတင်း)

အညာဒေသအခြေစိုက် ဗမာ့တပ်တော်၊ အမှတ် (၁) စစ်ဦးစီးကွပ်ကဲရေးဒေသ၊ အခြေခံစစ်ပညာသင်တန်း၊ အမှတ်စဉ် (၃/၂၀၂၅) သင်တန်း၊ ကျမ်းသစ္စာကျိန်ဆိုခြင်းနဲ့ သင်တန်းဆင်းပွဲအခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ ဗမာ့တပ်တော်က မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ဇွန်လ ၂၇ ရက် မနေ့က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ပခုက္ကူ-ရေစကြိုလမ်းပိုင်းတွင် စစ်အုပ်စုဆီပို့ဆောင်ရန် ဘိလပ်မြေအိတ်နှင့် စားဆီ​ပုံးတင်ဆောင်လာသည့် ကား ၂ စီးအား Southern YSO PDF  ဖမ်းဆီးသိမ်းဆည်း

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူ-ရေစကြိုလမ်းပိုင်းမှာ ပျူစောထီးခေါင်းဆောင်နဲ့ စစ်အုပ်စုတွေဆီပို့ဆောင်မယ့် ဘိလပ်မြေအိတ်နဲ့ စားဆီပုံးတွေ တင်ဆောင်လာတဲ့ ကား၂ စီးကို ဖမ်းဆီးသိမ်းဆည်းနိုင်ခဲ့ကြောင်း Southern YSO PDF တာဝန်ခံ ကိုအောင်မောင်းက မောင်းကို ပြောပါတယ်။
Read More

ကောလင်းမြို့နယ်တွင် စစ်ဘေးရှောင်များ နေထိုင်ရာ စာသင်ကျောင်းကို စစ်တပ်ဗုံးကြဲ၊ ပြည်သူ ၆ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ စစ်ဘေးရှောင်တွေ နေထိုင်တဲ့ စာသင်ကျောင်းကို အကြမ်းဖက်စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ ၆ယောက် ထိမှန်ဒဏ်ရာရခဲ့ကြောင်း နယ်ခံတွေဆီက သိရပါတယ်။