တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ပကာရီရွာ ယက္ကန်းစင် ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်သားတွေ တိုက်ခိုက်ခံရပြီး ၇ ယောက်သေဆုံးခဲ့တဲ့ တိုက်ပွဲမှတ်တမ်းရုပ်သံကို ဒူရကစစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ ရက် နေ့လယ်ပိုင်းက ထားဝယ်မြို့နယ် ထားဝယ်-ထီးခီးလမ်းပိုင်းရှိ ပကာရီကျေးရွာ ယက္ကန်းစင်ဘုန်းကြီးကျောင်းမှာ ယာယီတပ်စွဲထားတဲ့ စစ်အုပ်စုကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲ ၂ ရက်တာကြာမြင့်ခဲ့ပြီး စစ်ကော်မရှင်တပ်က တပ်ကြပ်ကြီးအဆင့်ရှိ ၂ ယောက်အပါအဝင် ၇ ယောက်သေဆုံးခဲ့ပြီး ဒုဗိုလ်မှူးကြီး ၁ ယောက်အပါအဝင် ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း MA 1 သေနတ် ၁ လက်၊ ကျည်ဘောက် ၄ ခု၊ 79 ဗုံး ၂ လုံး၊ ၆၀ မမ ၂ လုံးနဲ့ 5.56 ကျည် ၂၀၀ ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ရဲ့ ဒူရကစစ်ကြောင်း ၊ ထားဝယ်ပြည်သူ့ လွတ်မြောက်ရေးတပ်ဖွဲ့ (TPLF) ၊ ဧဒင်မှူးပြောက်ကျားတပ်ဖွဲ့၊ က္လားသစ္ဆတ်(ကျားသစ်နက်)၊ ဘိလုံးပြောက်ကျားတပ်ဖွဲ့၊ Dawei Guerrilla Revolutionary Force (DGRF)၊ ထားဝယ်ခရိုင်တပ်ပေါင်းစု၊ ဒေါနတပ်ခွဲ (၇) နဲ့ ထားဝယ်အရှေ့တောတပ်ဖွဲ့ (DEF) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး တော်လှန်ရေးရဲဘော် ၁ ယောက် ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။

Video – ဒူရက စစ်ကြောင်း

0 Shares:
You May Also Like
Read More

ဂန့်ဂေါမြို့နယ် မြစ်သာဆည်ပေါ်ကို စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြစ်သာဆည်ပေါ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က မတ်လ ၁၈ ရက် နေ့လယ်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

SSNDF/KNDF ဗျူဟာအမှတ် (၉) စစ်သင်တန်းဆင်းပွဲ (ရုပ်/သံ)

SSNDF/KNDF ဗျူဟာအမှတ် (၉) စစ်သင်တန်းဆင်းပွဲအခမ်းအနားကို ဧပြီ ၁၇ ရက်မှာ ကျင်းပပြု လုပ်ခဲ့တယ်လို့ Karenni Nationalities Defence Force က သတင်းထုတ်ပြန်လိုက်ပါတယ်။
Read More

ရေတာရှည်မြို့နယ်အတွင်း ဝင်ရောက်တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို နေပြည်တော် PDF တပ်ရင်း ၉၀၁ က တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင်ထုတ်ပြန် (ရုပ်/သံ)

ပဲခူးတိုင်း ရေတာရှည်မြို့နယ်အတွင်း ဝင်ရောက်တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင်ကို Nay Pyi Taw PDF-Battalion 901 က ထုတ်ပြန်လိုက်ပါ တယ်။
Read More

စစ်မှုထမ်းဖို့ ဖမ်းဆီးခံရတဲ့ ပြည်သူ ၃ယောက်ကို PDF ကယ်တင် (ရုပ်/သံ)

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်အတွင်း စစ်ကောင်စီက စစ်မှုထမ်းဖို့ ဖမ်းဆီးထားတဲ့ ပြည်သူ ၃ ယောက်ကို ကယ်ထုတ်ခဲ့ရကြောင်း တောင်ပိုင်းတိုင်း အမှတ် ၂ စစ်ဒေသက ထုတ်ပြန်ပါတယ်။
Read More

မုံရွာခရိုင် စိုးမိုးနယ်မြေအတွင်း MPDF – DEMO တပ်ခွဲမှာ ပြန်လည်စုဖွဲ့မှုနဲ့ မွမ်းမံ (ရက်ရှည်) သင်တန်းပြုလုပ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာခရိုင်အတွင်း အမှတ်(၁) တပ်ရင်း (Demo) တပ်ခွဲရဲ့ ပြန်လည်စုဖွဲ့မှုနဲ့ မွမ်းမံ (ရက်ရှည်)သင်တန်းကို မုံရွာခရိုင် စိုးမိုးနယ်မြေတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မင်းနေကုန်းကျေးရွာမှာ အင်အား ၄၀ ခန့်နဲ့ အထိုင်ချထားတဲ့ စစ်တပ်စခန်းကို တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ် မင်းနေကုန်းကျေးရွာမှာ အင်အား ၄၀ ခန့်နဲ့ အထိုင်ချထားတဲ့ အကြမ်းဖက်စစ်တပ်စခန်းကို ဇန်နဝါရီ ၂ ရက် မနက်ပိုင်းက တော်လှန်ရေးပူးပေါင်းတပ်တွေ စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ Hero Defence Force အဖွဲ့ထံက သိရပါတယ်။