မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲပေါင်း ၆၀ ကျော်ကို ပါဝင်တိုက်ခိုက်ခဲ့တဲ့ လက်နက်ကြီးရဲဘော် ရှောက်သီးရဲ့ တော်လှန်ရေးကာလဖြတ်သန်းမှုကို 3702-Warrior’s Adventure က ထုတ်ပြန်လိုက်ပါတယ်။

လက်ရှိ စစ်တောင်းမြစ်ဝှမ်းဒေသ၊ စခန်းသိမ်းစစ်ဆင်ရေးတွေ ဖော်ဆောင်နေပြီး ရဲဘော်ရှောက်သီး ပြောပြတဲ့ တော်လှန်ရေးကာလ အခက်အခဲတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ 

မြေပြင်ရဲဘော်​တွေအတွက် အကာအကွယ်တွေ ဖြည့်တင်းတပ်ဆင်ပေးချင်ရင် အောက်ဖော်ပြပါ Fundraiser တွေကတဆင့် ပါဝင်ထောက်ပို့ပေးနိုင်တယ်လို့ ဆိုထားပါတယ်။

တာဝန်ယူကောက်ခံပေးမည့် နိုင်ငံတကာမှ Fundraiser များ https://www.facebook.com/share/p/19qg6idR29/SCF Online Fundraising Platform မှာ လုံခြုံစိတ်ချာစွာဖြင့် အကြည်ဓာတ်လေးတွေ မျှဝေပေးလို့ရပါပြီခင်ဗျာ။ https://springcrowdfund.org/…/a3255bdc-81ad-4f61-a6e6…https://www.facebook.com/share/p/17ADCWtFvo/

0 Shares:
You May Also Like
Read More

စစ်တောင်းမြစ်အရှေ့ဘက်ကမ်း တိုက်ပွဲတွင် ဗိုလ် ၄ ယောက် အပါအဝင် စစ်သားအများအပြားသေဆုံး (ရုပ်/သံ)

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းကျေးရွာတွေဆီ အင်အားအလုံး အရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး ဗိုလ် ၄ ယောက် အပါအဝင် စစ်သားအများအပြား သေဆုံးခဲ့တယ်လို့ Nay Pyi Taw PDF က သတင်းထုတ်ပြန်ထားပါတယ်။
Read More

တော်လှန်ရေးအင်အားစုများ အထိအခိုက်မရှိဘဲ အကြမ်းဖက်စစ်တပ် စစ်ကြောင်းပျက် သေဆုံးခဲ့သည့် ခင်ဦးမြို့နယ် တိုက်ပွဲ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း တော်လှန်ရေးအင်အားစုတွေနဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ စစ်ကော်မရှင်တပ် စစ်ကြောင်းပျက် သေဆုံးခဲ့ရတဲ့ တိုက်ပွဲရုပ်သံကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ခင်ဦးမြို့နယ်က ဒီနေ့ထုတ်ပြန်ပါတယ်။
Read More

ဆိပ်ဖြူမြို့နယ်ရှိ စစ်ကော်မရှင်ရဲ့ လက်နက်ထုတ်လုပ်ရေးစက်ရုံသို့ သွယ်တန်းထားတဲ့ လျှပ်စစ်တာဝါတိုင်တွေကို ရှင်းလင်း (ရုပ်/သံ)

မကွေးတိုင်း ဆိပ်ဖြူမြို့နယ်ရှိ စစ်ကော်မရှင်ရဲ့ လက်နက်ထုတ်လုပ်ရေးစက်ရုံ ကပစ ၂၂ သို့ သွယ် တန်းထားတဲ့ လျှပ်စစ်တာဝါတိုင်တွေကို ရှင်းလင်းရေးလုပ်ခဲ့တယ်လို့ ဆိပ်ဖြူ ပြောက်ကျား တကိုယ်တော် ကျားဇိုးပြည်သူ့ကာကွယ်ရေးမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပုသိမ်-မုံရွာလမ်းပိုင်းမှာ သံချပ်ကာယာဉ် ၂ စီးနဲ့ စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို တော်လှန်ရေးတပ်များ ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ကံပြားရွာဘက်ကနေ ပုသိမ်-မုံရွာလမ်းပိုင်းသို့ ဧပြီ ၂၀ ရက်က စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Peacock Brother Urban Guerrilla အဖွဲ့ထံက သိရပါတယ်။
Read More

ရွှေဘိုမြို့နယ် တဂဏန်းကျေးရွာသို့ ဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်သားများ ပိတ်ဆို့တိုက်ခိုက်ခံရပြီး ၇ ဦး သေ၊ ၄ ဦး အရှင်ဖမ်းမိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တောင်ဘက်ရှိ တဂဏန်းကျေးရွာသို့ ဝင်ရောက်လာတဲ့ စစ်ကော်မရှင်တပ် သားတွေကို ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ ၇ ယောက် သေဆုံးပြီး ၄ ယောက်ဖမ်းဆီးရမိခဲ့တယ်လို့ ရွှေဘိုခရိုင် တပ်ရင်း-၂၆ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မုံရွာမြို့နယ် ကျောက္ကာလမ်းပိုင်းသို့ စစ်ကြောင်းထိုးလာသော စစ်ကော်မရှင်တပ်ကို တော်လှန်ရေးတပ်များ တိုက်ခိုက်။ စစ်သားအများအပြား ထိခိုက်ပြီး ၁ ယောက်ဖမ်းဆီးမိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ကျောက္ကာလမ်းပိုင်းသို့ သာလွန်အင်အားနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေ ခုခံတိုက်ခိုက်ခဲ့တယ်လို့ သပြေညို ပြောက်ကျားတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။