မန္တလေးတိုင်း၊ ညောင်ဦးမြို့က ရပ်ကွက်တွေမှာ စစ်ကော်မရှင်က ဧည့်စာရင်းစစ်တာကို အကြောင်းပြပြီး လူငယ်တွေကို ဖမ်းဆီးစစ်ဆေးမှုတွေ လုပ်နေတယ်လို့ နယ်ခံတွေဆီက သိရပါတယ်။

စစ်အင်အားလိုအပ်နေတဲ့ အကြမ်းဖက်စစ်တပ်အနေနဲ့ လမ်းပေါ်မှာ ပေါ်တာဆွဲရုံတင်မဟုတ်ဘဲ နေအိမ်ပေါ်အထိပါ တက်ပြီး ဧည့်စာရင်းအကြောင်းပြ စစ်သားစုဆောင်းနေတာလည်းဖြစ်ပါတယ်။ ဧည့်စာရင်းစစ်ချိန်မှာ အုပ်ချုပ်ရေးမှူးတွေနဲ့အတူ စစ်ကော်မရှင်တပ်သားတွေ၊ ပျူစောထီးတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

“စစ်သားတွေက လိုအပ်ရင် ထပ်ပေါ်တာဆွဲနေဦးမှာပါပဲ၊ ရန်သူက ရန်သူပီသနေဆဲပါ။ ဒါကို ပြည်သူလူထုက နိုးနိုးကြားကြား သတိဝီရိယထားပြီး အထူးအလေးထား ဂရုစိုက်ကြစေချင်ပါတယ်။ လာဖမ်းတဲ့အချိန်မှာလည်း အရပ်ဝတ်စစ်သားနဲ့ ယူနီဖောင်းဝတ်စစ်သား နှစ်မျိုးပေါ့။ အုပ်ချုပ်ရေးမှူး၊ ပျူစောထီးတွေကလည်း သူတို့လူတွေလေ၊ လုပ်ဆိုလုပ်ရမှာ မလုပ်နဲ့ဆို မလုပ်ရဘူးပေါ့။ နေရာပေးပြီး လုပ်ခိုင်းထားတာပဲ ရှိပါတယ်” လို့ ညောင်ဦး လူငယ်  မောင်မျိုးကျော်က မောင်းကို ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ၂၀၂၄ ခုနှစ်မှာ စစ်မှုထမ်းဥပဒေကို တရားမဝင် အသက်သွင်းလိုက်ပြီးတဲ့နောက် လူငယ်တွေကို ပုံစံမျိုးစုံနဲ့ ဖမ်းဆီးကာ စစ်တပ်ထဲ မတရားသဖြင့် ဆွဲခေါ်ပြီး ရှေ့တန်းစစ်မျက်နှာတွေမှာ အသေခံခိုင်းနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ လူငယ်အားလုံး နိုင်ငံပြင်ပ ထွက်ခွာဖို့ ကိစ္စတွေမှာလည်း အကြောင်းပြချက်အမျိုးမျိုးနဲ့ ကန့်သတ်ပိတ်ပင်ထားတာ ဖြစ်ပါတယ်။

“တချိန်က ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ပါမယ်လို့ သစ္စာဆိုထားတဲ့ စစ်တပ်က အခုချိန်မှာ လက်နက်အားကိုးပြီး စစ်အာဏာရှင်စနစ် သက်ဆိုးရှည်အောင် လူငယ်တွေ ပညာဗဟုသုတ မတတ်အောင် နည်းလမ်းပေါင်းစုံသုံးပြီး လုပ်ဆောင်နေကြပါပြီ။ ရန်သူက ရန်သူ ပီသနေပါပြီ။ စစ်အာဏာရှင်စနစ် ပျက်သုဥ်းဖို့ မိမိတတ်နိုင်တဲ့နေရာက ပါဝင်ပေးကြဖို့ အရေးကြီးပါတယ်” လို့ ညောင်ဦး လူငယ် မောင်မျိုးကျော်က မောင်းကို ပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ကာကင်း တာဝါတိုင်စခန်းကို သိမ်းပိုက်ခံရတာကြောင့် မြေပြန့်ဒေသ ဝင်ပေါက်ဖြစ်သည့် နတ်ရေကန် ဗျူဟာကုန်းစခန်းကို စစ်ကောင်စီ အင်အားဖြည့်နေ 

မကွေးတိုင်း၊ ငဖဲမြို့နယ် အမ်း-ပဒါန်းလမ်း ရက္ခိုင်ရိုးမပေါ်က စစ်ကောင်စီရဲ့ နတ်ရေကန် MPT တာဝါတိုင်စခန်းကို အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းတပ်တွေက ဇွန်လ ၄ ရက် မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
Read More

တမူးမှာ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေရဲ့ ကာကင်းစခန်း တိုက်ခိုက်ခံရပြီး အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ကာ နှစ်ဖက်ထိခိုက်သေဆုံးမှုတွေ ရှိခဲ့

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ အဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကြား ထိတွေ့တိုက်ပွဲတွေဖြစ်ပြီး နှစ်ဖက်ထိခိုက်မှုတွေရှိခဲ့ကြောင်း သိရပါတယ်။
Read More

ပေါင်းတည်မြို့နယ်သို့လာသည့် စစ်အုပ်စုကို မိုင်းဆွဲပြီး စနိုက်ပါနဲ့ ပစ်ခတ်ရာ ၆ ဦး သေ၊ ၅ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်ကို လာတဲ့ စစ်အုပ်စုကို မိုင်းဆွဲပြီး စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ရာမှာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကြောင်း ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားရေးတာဝန်ခံထံက သိရပါတယ်။
Read More

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်းအမှတ်(၅) ကို စစ်ရေးချုပ်ခူးရီးဒူ လာရောက်တွေ့ဆုံ

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်းအမှတ်(၅) ကို KNDF တပ်ဖွဲ့ရဲ့ စစ်ရေးချုပ် ခူးရီးဒူ လာရောက်တွေ့ဆုံခဲ့တယ်လို့ အဆိုပါတပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

စက်တပ်လေထီးတွေကို တန်ပြန်ခြိမ်းခြောက်ဖို့ လိုအပ်နေပြီလား

အတုအယောင် ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ စစ်ကော်မရှင်က တော်လှန်ရေးအင်အားစုတွေကို ဖယ်ရှားဖို့၊ သူတို့အပေါ် ဆန့်ကျင်မှုတွေကို ဖိနှိပ်ဖို့၊ ပြည်သူလူထုကို အကြောက်တရားသွင်းဖို့အတွက် လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်လုပ်ဆောင်လာနေပါတယ်။ 
Read More

ပုလောနယ်က ပျူစောထီးစခန်းတစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်များ ဝင်ရောက်စီးနင်းတိုက်ခိုက်၊ ပျူ ၃ ဦးသေဆုံးပြီး လက်နက်ခဲယမ်းမျိုးစုံ သိမ်းဆည်းရရှိ

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာရှိ ပျုစောထီးစခန်းတစ်ခုကို KNDO ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း သတင်းနဲ့ ပြန်ကြားရေးဌာနဆီက သိရပါတယ်။