စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အတွင်း စစ်ကော်မရှင်စစ်ကြောင်းပျက်တဲ့အထိ တိုက်ခိုက်နိုင်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ခင်ဦးမြို့နယ်က ထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၂ ရက်က  ခင်ဦး – ရွှေဘို  အစပ်တစ်နေရာမှာ အင်အား ၉၀ ခန့်ရှိတဲ့ စစ်ကော်မရှင်စစ်ကြောင်းကို ခင်ဦးမြို့နယ် တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းပြီး ကြားဖြတ်ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ ဒုဗိုလ်မှူးကြီးနဲ့ ဗိုလ်ကြီးအပါအဝင် စစ်ကောင်စီတပ်သား အများအပြား သေဆုံးခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကော်မရှင်စစ်ကြောင်းတစ်ခုလုံးပျက်ကာ တပ်သား ၂ ယောက် ဖမ်းဆီးရမိခဲ့ပြီး တော်လှန်ရေးရဲဘော်တွေကတော့ အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။

ဒါ့အပြင် စစ်ကော်မရှင်တပ်သားတွေထံကနေ MA-3 ၄ လက်၊ MA-1 ၅ လက်၊ BA-63/ G3 ၁ လက်၊ ကာဘိုင် ၁ လက်၊ BA 100/ 60MM ကွန်မန်ဒို စိန်ပြောင်း (တို) ၁ လက်၊ MA-5/ ပစ္စတို ၁ လက်၊ MA ကျည်ဘောက် (သံ) ၃ ခု၊ MA ကျည်ဘောက်(ကော်) ၆ ခု၊ BA-63/ G3 ကျည်ဘောက် ၃ ခု၊ MA-5/ ပစ္စတို ကျည်ဘောက် ၁ ခု၊ ရှေ့ထွက်မိုင်း ၄ လုံး၊ နင်းမိုင်း ၂ လုံး၊ 60MM ဗုံးသီး ၄ လုံး၊ RPG ဗုံးသီး ၁ လုံး၊ အီနာဂါ ၂ လုံး၊ ကျည်ကာ ဦးထုပ် ၆ လုံး၊ 5.56 ကျည် ၂၈၆ တောင့်၊ 9mm ကျည် ၇ တောင့်နဲ့ ငွေကျပ် ၅,၂၉၀,၀၀၀ ကျပ် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

Video – ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ခင်ဦးမြို့နယ်

0 Shares:
You May Also Like
Read More

လှည်းတန်းစျေးအနီးမှာ အကြမ်းဖက်စစ်တပ်က ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဆန္ဒပြ (ရုပ်/သံ)

ရန်ကုန်မြို့ရဲ့ လူစည်းကားရာနေရာဖြစ်တဲ့ လှည်းတန်းစျေးအနီးမှာ အကြမ်းဖက်စစ်တပ်က ပြုလုပ် မယ့် အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး Bluetooth ဖြင့် ချိတ်ဆက်ထားတဲ့ Speaker Box အသုံးပြုပြီး ဆန္ဒပြခဲ့တယ်လို့ ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။ အဆိုပါလှုပ်ရှားမှုကို ဒီဇင်ဘာ ၇ ရက်က ပြုလုပ်ခဲ့တာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်း၊ CDM စီစဉ်တင်ဆက်သူ ကိုကျော်သက်လင်းတိုရဲ့ ပြောစကားတွေကို Speaker ဖြင့် ဖွင့်ပြီး ဆန္ဒပြ ခဲ့ပါတယ်။
Read More

ရေလာလေး စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့မှု (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ရေလာလေး အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ပြီး လက်နက်ခဲယမ်း အများအပြား သိမ်းပိုက်နိုင်ခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင်ကို ပြည်သူ့တော်လှန်ရေးတပ်ဦး - PRF က ထုတ်ပြန်လိုက်ပါတယ်။
Read More

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသမီးကို ဓားကိုင်လူတစ်စု ဝိုင်းဝန်းလုယက် (ရုပ်/သံ)

မန္တလေးမြို့မှာ အမျိုးသမီး ၁ ယောက် စီးနင်းလာတဲ့ ဆိုင်ကယ်ကို ဓားရှည်ကိုင်ဆောင်ထားတဲ့ အမျိုးသားလူတစ်စုက ဝိုင်းဝန်းလုယက်ခဲ့တဲ့ ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။ 
Read More

လုံခြုံရေးတင်းကြပ်ထားတဲ့ ရန်ကုန်မြို့လယ်ခေါင်မှာ ‘ All Power to the People ‘ ဆိုတဲ့ စာတမ်းချိတ်ဆွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ် (ရုပ်/သံ)

စစ်အာဏာသိမ်းခြင်း ၄ နှစ်ပြည့်အနေနဲ့ လုံခြုံရေးတင်းကြပ်ထားတဲ့ ရန်ကုန်မြို့လယ်ခေါင်မှာ ယနေ့ ဖေဖော်ဝါရီ ၁ ရက်က ' All Power to the People ' စာတမ်းဘန်နာချိတ်ဆွဲကို General Strike Committee ရဲဘော်တွေက ချိတ်ဆွဲပြီး စစ်အာဏာ ရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပြည်သူများ သွေးမအေးသေးကြောင်း ပြသသည့် UAE မြို့ပြဂီတည (ရုပ်/သံ)

UAE နိုင်ငံ ဒူဘိုင်းမြို့မှာ ပြုလုပ်ခဲ့တဲ့ မြို့ပြဂီတည ဖျော်ဖြေပွဲကို တော်လှန်အနုပညာရှင်တွေဖြစ်တဲ့ အဆိုတော် Lလွန်းဝါ၊ ကောင်းကောင်းနဲ့ ခင်ဘုဏ်းတို့ လာရောက်ဖျော်ဖြေခဲ့ကြပါတယ်။