အမျိုးသားညီညွတ်ရေးအစိုးရ၊ ဖက်ဒရယ်ပြည်ထောင်စုရေးရာ ဒုဝန်ကြီး ဦးချစ်ထွန်း (မာခူးအီချစ်ထွန်း) ဟာ သူ့ရဲ့ နိုင်ငံရေးတာဝန်တွေကို ထမ်းဆောင်ရင်း စက်တင်ဘာ ၂၅ ရက်မှာ ကွယ်လွန်သွားခဲ့တယ်လို့ NUG ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ကွယ်လွန်သူ ဒုဝန်ကြီး ဦးချစ်ထွန်းဟာ ၁၉၉၂ ခုနှစ်မှာ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF) ရဲ့ စစ်ရေး၊ နိုင်ငံရေးနဲ့ ဆက်ဆံရေးတာဝန်တွေကို စတင်ထမ်းဆောင်ခဲ့ပြီး နွေဦးတော်လှန်ရေးကာလ ၂၀၂၁ ခုနှစ် ဧပြီလ ၁၆ ရက်မှာ NUG ရဲ့ ဖက်ဒရယ်ပြည်ထောင်စုရေးရာ ဒုဝန်ကြီးအဖြစ် တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်နိုင်ဖို့ အသက်၊ ခွန်အားနဲ့ ဉာဏ်ပညာတို့ကို အသုံးပြုရင်း ရပ်တည်ချက်နဲ့ ယုံကြည်ချက်အပေါ် ဦးချစ်ထွန်း တစိုက်မတ်မတ် ပေးဆပ်ဆောင်ရွက်ခဲ့မှုတွေကို တော်လှန်ရေးမှတ်တမ်းမှာ ထာဝရ မော်ကွန်းတင် အသိအမှတ်ပြုကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

NUG အနေနဲ့ ဦးချစ်ထွန်းကို တော်လှန်ရေး မိတ်ဆွေကြီးအဖြစ် သုံးနှုန်းဖော်ပြထားပြီး တော်လှန်ရေး မိတ်ဆွေကြီးရဲ့ မပြီးဆုံးသေးတဲ့ တော်လှန်ရေးနဲ့ တည်ဆောက်ရေးတာဝန်တွေကို ဆက်လက် ကြိုးပမ်းအားထုတ်သွားမယ်လို့ ကတိသစ္စာပြုကြောင်း NUG ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာနက ဆိုထားပါတယ်။

ဒါ့အပြင် ဦးချစ်ထွန်း ကွယ်လွန်မှုအတွက် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ၊ ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC) ၊ ကယန်းအမျိုးသားတပ်မတော် (KNA) တို့ကလည်း ဝမ်းနည်းကြောင်း သဝဏ်လွှာတွေ ပေးပို့ခဲ့ကြပါတယ်။

0 Shares:
You May Also Like
Read More

ရခိုင်ပြည်နယ်၊ မြို့နယ်အချို့မှာ ရက္ခိုင့်တပ်တော် AA က လုံခြုံရေးနဲ့ ယာဉ်အန္တရာယ် ကင်းရှင်းစေ‌ရေး ဆောင်ရွက်နေ

ရခိုင်ပြည်နယ်ရှိ ရက္ခိုင့်တပ်တော် AA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့နယ်တချို့မှာ AA တပ်ဖွဲ့ဝင်တွေနဲ့ DLEPS တပ်ဖွဲ့ဝင်တွေက ခရီးသွားပြည်သူတွေ လုံခြုံရေးနဲ့ ယာဉ်အန္တရာယ် ကင်းရှင်းစေ‌ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ဒေသတွင်း သတင်းမီဒီယာတွေက ဖော်ပြထားပါတယ်။
Read More

ကန့်ဘလူမြို့နယ်မှာ ပဋိပက္ခအတွင်း လိင်အခြေပြုအကြမ်းဖက်မှုများ ပပျောက်နိုင်ရေးနှင့် ပတ်သက်သည့် သင်တန်းများ ပြန်လည်စတင်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ ဒေသခံပြည်သူတွေအတွက် ပဋိပက္ခအခြေအနေမှာ ဖြစ်ပေါ်လာတဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု-(Conflict Related Sexual Violence)၊ လိင်အခြေပြုအကြမ်းဖက်မှု-(Gender Based Violence) အစရှိတဲ့ အကြောင်းအရာတွေပါဝင်တဲ့ WCP အသိပညာပေး ဆွေးနွေးမှုသင်တန်းကို အခုစက်တင်ဘာလထဲမှာ ဒုတိယအကြိမ်အနေနဲ့ ပြန်လည်စတင်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းပိုင်းကို မလိုအပ်ဘဲ ခရီးမသွားဖို့ တနင်္သာရီ စစ်ဗျူဟာ အသိပေး

မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းမှာ စစ်ကောင်စီက ပြည်သူတွေကို လူသားတံတိုင်းပြုလုပ်လာနိုင်တာကြောင့် ခရီးသွားလာခြင်းတွေကို ရှောင်ရှားဖို့ တနင်္သာရီတိုင်း စစ်ဌာနဗျူဟာ ၃၅ က အသိပေး ထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်အုပ်စုအတွက် စစ်မှု‌ထမ်းကြေး ကောက်ခံပေးသည့် ရာအိမ်မှူး ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ မြောက်ကုန်းကြီးအုပ်စုမှာ အကြမ်းဖက်စစ်‌ကော်မရှင်တပ်သား‌တွေအတွက် စစ်မှုထမ်းကြေး ကောက်ခံပေးနေတဲ့ ရာအိမ်မှူးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားတာဝန်ခံရဲဘော် Shadowက မောင်းကို ပြောပါတယ်။
Read More

ရိုးဂိုးက မင်းသန့်ဆီဆိုင် မီးလောင်မှု ဖြစ်စဉ်မှာ မီးသတ်သမားနဲ့ ပရဟိတသမားတွေအပါအဝင် အယောက် ၂၀ ထိခိုက်ဒဏ်ရာရ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရိုးဂိုးကျေးရွာက မင်းသန့်ဆီဆိုင် မီးလောင်မှု ဖြစ်ပွားစဉ်မှာ လာရောက်မီးငြှိမ်းသတ်တဲ့ မီးသတ်သမားတွေနဲ့ ပရဟိတသမားတွေ အပါအဝင် အယောက် ၂၀ ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် စစ်ဗျူဟာအမှတ် (၈) ရဲ့ အပတ်စဥ်(၅) မွမ်းမံသင်တန်းဆင်းပွဲ

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် စစ်ဗျူဟာအမှတ် (၈) က ပြုလုပ်တဲ့ အပတ်စဥ်(၅) မွမ်းမံသင်တန်းဆင်းပွဲကို နိုဝင်ဘာ ၂ရက်နေ့ မနက်ပိုင်းမှာ ကရင်နီပြည်က လွတ်မြောက်နယ်မြေ တစ်နေရာမှာ ကျင်းပနိုင်ခဲ့တယ်လို့ သိရပါတယ်။