ရခိုင်ပြည်နယ်၊ သံတွဲမြို့ကို အကြမ်းဖက်စစ်တပ်က မနေ့ညပိုင်းမှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၁ယောက် သေဆုံးပြီး ကလေးအပါအဝင် ၅ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေထံက သိရပါတယ်။

အာရက္ခတပ်တော် AA ထိန်းချုပ်ရာ သံတွဲမြို့ အမှတ် ၄ ညောင်ပင်ဈေးရပ်ကွက်ကို စစ်တပ်က စက်တင်ဘာ ၂၇ ရက် မနေ့ည ၈နာရီကျော်မှာ ၂ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် ဦးညီညီ (၄၇နှစ်) သေဆုံးခဲ့ပြီး မောင်သန့်ဇင်ဖြိုး (၆ နှစ်)၊ မောင်အောင်သီဟစိုး (၁၄ နှစ်)၊ ဒေါ်ခင်ခင်ဌေး (၃၇ နှစ်)၊ ဒေါ်ခင်ထွေး (၅၃ နှစ်) နဲ့ ဦးထွန်းနိုင်မင်း (၄၂ နှစ်) တို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စစ်ကော်မရှင်ဟာ AA ထိန်းချုပ်ထားရာ သံတွဲမြို့အပါအဝင် အမ်း၊ ဂွနဲ့ တောင်ကုတ်မြို့နယ်တို့မှာ ရွေးကောက်ပွဲပြုလုပ်မယ်လို့ ကြေညာထားတာ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်ကော်မရှင်က သူတို့ရဲ့ အတုအယောင်ရွေးကောက်ပွဲ နီးလာလေလေ နိုင်ငံအနှံ့ လေကြောင်းဗုံးကြဲပြီး မြို့ရွာတွေကို ဖျက်ဆီးမှုတွေ ပိုမိုလုပ်ဆောင်လာနေတာ ဖြစ်ပါတယ်။

(ဓာတ်ပုံ Arakan Princess Media)

0 Shares:
You May Also Like
Read More

နိုင်ငံကိုကာကွယ်ဖို့ ယောကျ်ား၊ မိန်းမ အသက်အရွယ်မရွေးတာဝန်ရှိတယ်လို့ အကြမ်းဖက် ပေါ်တာဆွဲ စစ်မှုထမ်းခိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောဆို

နိုင်ငံကာကွယ်ရေးတာဝန်ဟာ  နိုင်ငံအတွင်း မှီတင်းနေထိုင်ကြတဲ့ နိုင်ငံသားတိုင်း ယောကျာ်း၊ မိန်းမ အသက်အရွယ်မရွေး ထမ်းရွက်ကြရဖို့ တာဝန်ရှိတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောကြားလိုက်ပါတယ်။
Read More

မအူပင်မြို့မှာ ကင်းလှည့်နေတဲ့ရဲ လေးခွနဲ့အပစ်ခံရ၊ ပစ်သူကို လုံးထွေးသတ်ပုတ်ဖမ်းဆီးစဥ် အချွန်နဲ့ထိုးပြီး ထွက်ပြေးသွား

ဧရာဝတီတိုင်း မအူပင်မြို့မှာ ပြည်သူ့စစ်၊ မီးသတ်တွေနဲ့ ညစဥ်ကင်းပတ်နေတဲ့ ရဲနှစ်ဦး လေးခွနဲ့ ချောင်းအပစ်ခံရပြီး လေးခွပစ်သူကို လုံးထွေးသတ်ပုတ်ချိန်မှာ ချွန်ထက်တဲ့အရာနဲ့ထိုးလို့ ဖမ်းဆီးတဲ့ရဲ ဆေးရုံမှာ ဆေးကုသနေရကြောင်း မအူပင်ရဲစခန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
Read More

နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အောက်တိုဘာလအတွင်း ၁၈ နှစ်အောက် ပြည်သူ (၂၈) ဦး သေဆုံးခဲ့ဟု AAPP ထုတ်ပြန်

မြန်မာနိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အောက်တိုဘာလအတွင်း အသက် (၁၈) နှစ်အောက် အရပ်သားပြည်သူ (၂၈) ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

၉ နှစ်အရွယ် ကလေးငယ်အပါ ၁၂ ယောက်သေဆုံးခဲ့တဲ့ ငါန်းမြာကြီးရွာကို စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်ကို NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ထုတ်ပြန်

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးရွာကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်လာပါတယ်။
Read More

မြင်းခြံထောင်မှ နိုင်ကျဥ်း ၁ဦးကို ရောဂါပြင်းထန်မှ ပြင်ပဆေးရုံပို့ပေး၊ ဆေးရုံရောက်သည့်ရက်မှာပင် ကျဆုံး

မန္တလေးတိုင်း၊ မြင်းခြံအကျဥ်းထောင်မှာ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဥ်းသား ကိုချမ်းမင်းဟိန်းကို ရောဂါပြင်းထန်တဲ့ အခြေအနေရောက်မှ ပြင်ပဆေးရုံကို ပို့ပေးတာကြောင့် ပို့ဆောင်မှု နောက်ကျသွားတဲ့အတွက် ကျဆုံးသွားခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ပါတယ်။
Read More

ကျုံဒိုးမှာ စစ်ကောင်စီတပ်က ပြည်သူများ နေထိုင်ရာ ကျေးရွာအတွင်း လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် အမျိုးသမီး တစ်ဦး သေဆုံးခဲ့

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူတွေ နေထိုင်ရာ ကျေးရွာအတွင်း လက်နက်ကြီးတွေ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံအမျိုးသမီး ၁ ယောက် သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။