ရခိုင်ပြည်နယ်၊ သံတွဲမြို့ကို အကြမ်းဖက်စစ်တပ်က မနေ့ညပိုင်းမှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၁ယောက် သေဆုံးပြီး ကလေးအပါအဝင် ၅ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေထံက သိရပါတယ်။

အာရက္ခတပ်တော် AA ထိန်းချုပ်ရာ သံတွဲမြို့ အမှတ် ၄ ညောင်ပင်ဈေးရပ်ကွက်ကို စစ်တပ်က စက်တင်ဘာ ၂၇ ရက် မနေ့ည ၈နာရီကျော်မှာ ၂ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် ဦးညီညီ (၄၇နှစ်) သေဆုံးခဲ့ပြီး မောင်သန့်ဇင်ဖြိုး (၆ နှစ်)၊ မောင်အောင်သီဟစိုး (၁၄ နှစ်)၊ ဒေါ်ခင်ခင်ဌေး (၃၇ နှစ်)၊ ဒေါ်ခင်ထွေး (၅၃ နှစ်) နဲ့ ဦးထွန်းနိုင်မင်း (၄၂ နှစ်) တို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စစ်ကော်မရှင်ဟာ AA ထိန်းချုပ်ထားရာ သံတွဲမြို့အပါအဝင် အမ်း၊ ဂွနဲ့ တောင်ကုတ်မြို့နယ်တို့မှာ ရွေးကောက်ပွဲပြုလုပ်မယ်လို့ ကြေညာထားတာ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်ကော်မရှင်က သူတို့ရဲ့ အတုအယောင်ရွေးကောက်ပွဲ နီးလာလေလေ နိုင်ငံအနှံ့ လေကြောင်းဗုံးကြဲပြီး မြို့ရွာတွေကို ဖျက်ဆီးမှုတွေ ပိုမိုလုပ်ဆောင်လာနေတာ ဖြစ်ပါတယ်။

(ဓာတ်ပုံ Arakan Princess Media)

0 Shares:
You May Also Like
Read More

မော်လမြိုင်ကျွန်း နုံကျွန်ရွာ အုပ်ချုပ်ရေးမှူးအဖွဲ့က စစ်မှုထမ်းဖို့ ဒေသခံ ၁၀ ယောက်ကို အတင်းအဓမ္မ ဖမ်းဆီးသွား

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်၊ နုံကျွန်ကျေးရွာမှာ နိုဝင်ဘာလ ဒုတိယအပတ်က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအဖွဲ့က စစ်မှုထမ်းအပတ်စဥ် ၈ အတွက် စာရင်းပါတယ်ဆိုပြီး ဒေသခံအမျိုးသား ၁၀ ယောက်ကို အတင်းအဓမ္မ ဝင်ရောက်ဖမ်းဆီးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

တောင်သာမြို့နယ် ထနောင်းကုန်းပျူစခန်းကို PLA နှင့် မဟာမိတ်များ ဝင်ရောက်တိုက်ခိုက်၊ ပျူစခန်းဘန်ကာများကို ဖျက်ဆီးကာ စစ်အုပ်စုအလောင်းများ၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်က ထနောင်းကုန်းပျူစောထီးစခန်းကို ဝင်ရောက်တိုက်ခိုက်မှုမှာ ဘန်ကာတွေကို ဖျက်ဆီးရင်း လက်နက်ခဲယမ်းတွေနဲ့ စစ်အုပ်စုအလောင်းတွေ ရရှိခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA (အနောက်မြောက်စစ်ဒေသ) အမှတ် ၈၁၅ တပ်ဖွဲ့ သတင်းတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

နတ်တလင်းမှာ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်တွေကို ကြားဖြတ်တိုက်ခိုက်၊ စစ်သား ၆ ဦး သေဆုံး

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ လယ်မအင်းကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးအင်အားစုတွေက ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၆ ယောက် သေဆုံးကာ ၂ ယောက် ဒဏ်ရာရရှိသွားတယ်လို့ တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၃ (နတ်စစ်သည်တပ်ဖွဲ့) ထံက သိရပါတယ်။
Read More

ဗန်းမော်ကို သွားသည့် စစ်သင်္ဘောအုပ်စုမှ ထွက်ပြေးလွတ်မြောက်လာသူ ဒုရဲအုပ် (၁) ဦးနှင့် စစ်မှုထမ်း (၂) ဦး ကို PDF ထိန်းသိမ်းစောင့်ရှောက်ထား

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို ဦးတည်ခုတ်မောင်းခဲ့တဲ့ အကြမ်းဖက် စစ်တပ်သင်္ဘောအုပ်စုင ဒုရဲအုပ် (၁) ယောက်နဲ့ အဓမ္မလူသစ်စုဆောင်းခံရတဲ့ စစ်မှုထမ်းစစ်သား (၂) ယောက် ထွက်ပြေးလွတ်မြောက်လာခဲ့ရာ ပြည်သူ့ကာကွယ်ရေးတပ်မတော်က စစ်ဥပဒေနဲ့အညီ ထိန်းသိမ်းထားရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

တနင်္သာရီမြို့နယ်မှာ ခမရ ၅၅၈ တပ်၊ စစ်ကောင်စီတပ် လုံခြုံရေးကင်းနှင့် ရိက္ခာပို့စစ်ကြောင်းတို့ကို တိုက်ခိုက်ခဲ့

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ တနင်္သာရီမြို့နယ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ ခမရ ၅၅၈ တပ်ရင်းနဲ့ စစ်ကောင်စီ လုံခြုံရေးကင်းတို့ကို ဖေဖော်ဝါရီလအတွင်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပကဖ ဇုန် ၄ အဖွဲ့ - တောင်ပံနီ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ပြည်သူကို မဲထည့်ရန် ဖိအားပေးနေသည့် စစ်ကော်မရှင်တပ်သားများ ပစ်ခတ်ခံရပြီး ၁၀ ဦး သေဆုံး၊ မဲရုံများကိုလည်းကာကွယ်ရေးတပ်ဖွဲ့ ဖျက်ဆီးခဲ့

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းမှာ ပြည်သူတွေကို မဲထည့်ဖို့ ဖိအားပေးနေတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေကို ကာကွယ်ရေးတပ်ဖွဲ့တွေ သွားရောက်ပစ်ခတ်တဲ့အတွက် ထိခိုက်သေဆုံးသူတွေရှိခဲ့တယ်လို့ နေပြည်တော်တိုင်းစစ်ဌာနရဲ့ တိုင်းကွပ်ကဲ ရေးမှူးထံက သိရပါတယ်။