မန္တလေးတိုင်း၊ မလှိုင်မြို့နယ်ထဲကို မိတ္ထီလာကနေထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေဟာ စက်တင်ဘာ ၂၅ ရက်နေ့ ညပိုင်းလောက်မှာ အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဆိုပါ စစ်ကော်မရှင်တပ်သားတွေဟာ စက်တင်ဘာ ၂၆ ရက်နေ့ မနက်ပိုင်းမှာတော့ မလှိုင်မြို့နယ် အိမ်ကြီးတောရွာထဲကို ဝင်ရောက်သွားပြီး ရွာထဲရှိ အသက် ၁၃ နှစ်ဝန်းကျင်အရွယ် ကလေးတစ်ယောက်ကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သလို အမြင်အာရုံမကောင်းတဲ့ မိခင်ဖြစ်သူကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ အဲဒီနေ့မှာပဲ အိမ်ကြီးတောရွာက နောက်ထပ် လေဖြတ်နေတဲ့ ညီမဖြစ်သူနဲ့ အရက်နာကျနေတဲ့ အစ်ကိုဖြစ်သူတို့ မောင်နှစ်မ ၂ ယောက်ကိုလည်း စစ်ကော်မရှင်တပ်သားတွေက သတ်ဖြတ်ခဲ့ပြီး ဒီနေ့အထိ ရုပ်အလောင်းကို ပြန်လည်မရရှိသေးဘူးလို့ ဆိုပါတယ်။

“အသတ်ခံရတာ ရွာမြောက်ပိုင်းကဟာတွေပဲ၊ သူတို့ဘက်ခေါ်တာ မြောက်ရွာခေါ်တာပေါ့။ ရွာကတစ်ရွာ တည်းပဲ တောင်ဘက်ခြမ်း မြောက်ဘက်ခြမ်းခေါ်ကြတာ။ စစ်ကြောင်းဝင်တော့ ဒေါ်ဝဲဆိုတဲ့ အမျိုးသမီး ကလည်း အသက် (၅၀) ကျော်.. သူကလည်း မျက်စိကမကောင်းတော့ မရှောင်ဘူးပေါ့။ ရွာခံတွေ ပြောပုံအရ သူတို့က ကောင်မလေးကို အရင်စော်ကားတာ၊ မအေက မလုပ်ဖို့ပြောတော့မှ မအေကိုပါ သတ်ပစ်လိုက်တာ။ မအေကို သတ်ပြီးမှ ကောင်မလေးကို စော်ကားပြီး သတ်လိုက်တဲ့သဘော ။ ရွာမြောက် ဘက်ခြမ်းမှာဘဲ လေဖြတ်တဲ့ကောင်မလေးတစ်ယောက်ရယ် အရက်နာကျနေတဲ့အစ်ကိုရယ်ကို သတ်သွားတာပေါ့ ” လို့ နွားထိုးကြီးနယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

အိမ်ကြီးတောကျေးရွာကို အရင်က စစ်ကော်မရှင်တပ်သားတွေ ဖြတ်သန်းသွားလာတာမျိုးလောက် သာရှိပြီး အခုအခါမှာတော့ ရွာထဲကို စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ဒေသခံပြည်သူတွေအသတ်ခံရသလို ကျေးရွာ ၆ ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၂၇ ရက်နေ့မှာလည်း အဆိုပါ စစ်ကော်မရှင်တပ်သားတွေဟာ နွားထိုးကြီးမြို့နယ်ရှိ ရွာသာအေးရွာထဲဝင်ရောက်သွားပြီး ရွာထဲက ဖမ်းဆီးထားတဲ့ ဒေသခံ ၈ ယောက်ကို သတ််ဖြတ်ထားတယ်လို့သိရပါတယ်။

“အသတ်ခံရတဲ့သူတွေက ဘယ်သူတွေလဲဆိုတာစုံစမ်းနေတုန်းပါ။ အသက်တွေလည်း မသိရသေးဘူး။ မရှောင်တဲ့သူတွေ၊ ပိတ်မိနေတဲ့သူတွေကို ဓားစားခံအဖြစ် ခေါ်ထားပြီးတော့ သတ်လိုက်တာ” လို့ အထက်ပါ နွားထိုးကြီးနယ်ခံက ဆက်ပြောပါတယ်။

လက်ရှိအချိန်ထိလည်း အဆိုပါ စစ်ကော်မရှင်တပ်သားတွေဟာ ရွာသာအေးကျေး ရွာထဲမှာရှိ နေဆဲဖြစ်တယ်လို့ သိရပါတယ်။

စက်တင်ဘာ ၉ ရက်နေ့ကလည်း နွားထိုးကြီးမြို့နယ်ရှိ မကျီးကန်းကျေးရွာထဲကို မိတ္ထီလာလေတပ်က တက်လာတဲ့ ပါရာမိုတာတစ်စီး ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံ ၅ ယောက်ထက်မနည်း ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

0 Shares:
You May Also Like
Read More

မိုးကုတ်တွင် စစ်ကော်မရှင်တပ် လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် အမျိုးသား (၁) ဦး ထိမှန်ဒဏ်ရာရ

မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်း၊ ရေထွက်ကြီးကျေးရွာမှာ အကြမ်းဖက်စစ်တပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသား (၁) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

NUG အစိုးရက တစ်ပတ်တိုးချဲ့ထားတဲ့ ထိုးစစ်ရပ်စဲရေးကာလမှာ နိုင်ငံတကာက စောင့်ကြည့်ရေးယန္တရားထူထောင်ပေးဖို့ NUG နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

အမျိုးသားညီညွတ်ရေးအစိုးရက ငလျင်ဘေးကြောင့် ထိုးစစ်ရပ်စဲရေးကာလကို တစ်ပတ်တာ တိုးချဲ့ထားရာ နိုင်ငံတကာအနေနဲ့ စောင့်ကြည့်ရေးယန္တရားထူထောင်ပေးဖို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဒီနေ့ပြုလုပ်တဲ့ စစ်ကိုင်းငလျင်ကြီး (Major Earthquake) တုံ့ပြန်ရေးလုပ်ငန်းစဉ်အကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။
Read More

ကျားဖြန့်ခေါ် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို စစ်ကောင်စီက ဖိအားတချို့ကြောင့် အပေါ်ယံသာ နှိမ်နင်းပြနေတယ်လို့ NUG ပြော၊ ကျားဖြန့်ဂိုဏ်းတွေမှာ စစ်ဗိုလ်ချုပ်အချို့ရဲ့ အကျိုးစီးပွါးတွေပါ၀င် ဆက်နွယ်နေ

ကျားဖြန့်ခေါ် အွန်လိုင်းငွေလိမ်လည်ဂိုဏ်းတွေကို စစ်ကောင်စီက နိုင်ငံတကာရဲ့ ဖိအားကြောင့် အပေါ်ယံသာ နှိမ်နင်းပြနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောကြားလိုက်ပါတယ်။
Read More

စစ်ရှောင်ရာမှ နေအိမ်ပြန်လာသည့် ဒေသခံများ အိပ်မောကျနေချိန် စစ်တပ်ဗုံးကြဲလို့ ဒေသခံ ၅ ဦး သေဆုံး၊ ၁၅ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ မြိုင်မြို့နယ်အနောက်ပိုင်းက ဒေသခံတွေဟာ အကြမ်းဖက်စစ်ကြောင်း ပြန်ထွက်သွားတဲ့အတွက် စစ်ရှောင်ရာကနေ နေအိမ်ကို ပြန်လည်ရောက်ရှိလာခဲ့ပြီးနောက် အိပ်မောကျနေချိန် စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါတယ်။
Read More

ခရမ်းနဲ့ ကဝ နယ်ချင်းစပ်နေရာက ကျေးရွာတွေမှာ စစ်ကောင်စီက ဒေသခံတွေကို အလှည့်ကျ ကင်းစောင့်ခိုင်းနေ

ရန်ကုန်တိုင်း ခရမ်းမြို့နယ်နဲ့ ပဲခူးတိုင်း ကဝမြို့နယ် ထိစပ်နေတဲ့ နေရာတွေမှာ ကျေးရွာနေပြည်သူတွေကို အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေက အလှည့်ကျ ကင်းစောင့်ခိုင်းနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

လှော်ကားလမ်းဆုံအနီးက စစ်ကောင်စီ ခမရ ၁၀၆ တပ်ကို Dark Shadow အဖွဲ့ အဝေးမိုင်းနဲ့ တိုက်ခိုက်

ရန်ကုန်တိုင်း၊ ထောက်ကြံ့မြို့နယ်၊ လှော်ကားလမ်းဆုံအနီးက စစ်ကောင်စီရဲ့ ခမရ ၁၀၆ တပ်ရင်းကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ YGN Dark Shadow အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။