ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ရှမ်းကုန်းအုပ်စု၊ ရှမ်းကုန်းရွာက စစ်မှုထမ်းဟောင်းလည်းဖြစ်တဲ့ ရာအိမ်မှူး ဦးမြင့်အောင်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ တပ်ခွဲ ၅ Black Tiger ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။

စက်တင်ဘာ ၂၇ ရက် နေ့လယ်ပိုင်းမှာ အဆိုပါ ရာအိမ်မှူးကို ရှင်းလင်းဖို့ သူ့အိမ်ကို သွားချိန်မှာ နေအိမ်ထဲဝင်လာတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို စစ်ကော်မရှင်တပ်သားတွေထင်ပြီး စကားမေးမြန်း ဧည့်ခံဖို့ လုပ်နေစဥ်မှာပဲ ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“ရာအိမ်မှူးလုပ်နေတာ နှစ်နဲ့ချီပြီ။ ကျနော်တို့အဖွဲ့တွေ ဝင်သွားတော့ စခတွေထင်လို့ ဆရာတို့က ဘယ်တပ်စိတ်ကလဲ မေးတယ်။ ရဲဘော်တွေကို ဆရာတို့ထိုင်ပါဦး။ လက်ဖက်ရည်ကြမ်းသောက်ပါဦး။ လက်ဖက်သုပ်ဦးမယ်ပြောပြီး ထရော သေနတ်နဲ့ ၄ ချက် ပစ်တာ။ ၃ ချက်မှန် သေတယ်။ အဲ့အိမ်နဲ့ မိုင်ဝက်လောက်ပဲ ဝေးတဲ့နေရာမှာ ခမရ (၆) စစ်တပ်ရှိတယ်။ PDF ဆို ဒီနေရာကို မလာရဲဘူးထင်နေတာ” လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ တပ်ခွဲ ၅ Black Tiger ပြောက်ကျားတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက မောင်းကို ပြောပါတယ်။

ပစ်ခတ်ရှင်းလင်းခံရသည့် ရာအိမ်မှူး ဦးမြင့်အောင်

စစ်မှုထမ်းဟောင်းတစ်ယောက်လည်းဖြစ်တဲ့ ရာအိမ်မှူး ဦးမြင့်အောင်ဟာ အကြမ်းဖက်စစ်တပ်ရဲ့ အမာခံ ထောက်တိုင်ဖြစ်ပြီး စစ်မှုထမ်းကြေးဆိုကာ ပြည်သူတွေထံက အတင်းအဓမ္မ ငွေကောက်ခံတာ၊ စစ်မှုထမ်းကြေး မပေးသူတွေကို စစ်တပ်ခေါ် ဖမ်းဆီးခိုင်းတာ၊ လူငယ်တွေကို စစ်မှုထမ်းဖို့ အတင်းအကျပ် စုဆောင်းတာတွေ လုပ်ဆောင်နေတဲ့အတွက် အခုလို အရေးယူတာဖြစ်တယ်လို့ ဆိုပါတယ်။

ဦးမြင့်အောင်ကိုရှင်းလင်းကာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အမြန်ဆုတ်ခွာလာပြီးနောက် စစ်ကော်မရှင်တပ်သားတွေ ရောက်လာကာ စစ်ဆေးမှုတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။ Black Tiger ပြောက်ကျားတပ်ဖွဲ့အနေနဲ့ စစ်အုပ်စုနဲ့ သူ့ရဲ့ထောက်တိုင်တွေကို ဆက်လက်တိုက်ခိုက်သွားမှာဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ သူတို့အနီး သွားလာနေထိုင်ခြင်း မလုပ်ကြဖို့လည်း အသိပေးထားပါတယ်။

0 Shares:
You May Also Like
Read More

ထန်းတပင်မှာ အများပြည်သူ အိပ်မောကျနေချိန် စစ်တပ်လက်နက်ကြီးကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး ၈ နှစ်အရွယ် ကလေးငယ် အပါအဝင် ၄ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်မှာ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၁ ယောက် သေဆုံးပြီး ၈ နှစ်အရွယ် ကလေးငယ် အပါအဝင် ဒေသခံ ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ငူခရိုင် တပ်ရင်း ၂ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကျိုက်ထိုမြို့နယ် ဘုန်းကြီးကျောင်းကို စစ်ကော်မရှင် ဗုံးကြဲမှုကြောင့် သံဃာ ၂ ပါး ပျံလွန်တော်မူ၊ ၅ ပါး ဒဏ်ရာပြင်းထန်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဘုန်းကြီးကျောင်းကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် သံဃာတော်တွေ ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
Read More

ပွင့်ဖြူ PDF က စစ်ကောင်စီတပ်နဲ့ ၃ လအတွင်း တိုက်ပွဲ ၅ ကြိမ် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က ၃၀ ခန့် သေဆုံးပြီး ၂၀ ခန့် ဒဏ်ရာရ

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင်အမှတ် (၇) တပ်ရင်း (ပွင့်ဖြူ PDF) အနေနဲ့ ၃ လအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ၅ ကြိမ် ဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီတပ်က ၃၀ ခန့် သေဆုံးကာ ၂၀ ခန့် ဒဏ်ရာရခဲ့တယ်လို့ အဆိုပါ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ပုသိမ်မြို့နယ် မကျီးဇင်ကျေးရွာ ရဲစခန်းကို AA ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီက ကျုံပျော်ကနေ ကား ၇ စီးနဲ့ စစ်ကူပို့

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့အနီး မကျီးဇင်ကျေးရွာက ရဲစခန်းနဲ့ နေရာအတော်များများကို ရခိုင့်တပ်တော် AA ပူးပေါင်းတော်လှန်ရေးတပ်တွေက သိမ်းပိုက်လိုက်ပြီးတဲ့နောက် စစ်တပ်က အဲဒီရွာဘက် ကျုံပျော်အခြေစိုက် ခလရ ၃၆ တပ်ရင်းက ထုတ်နုတ်အင်အားတွေ စစ်ကူပို့နေတယ်လို့ ကျုံပျော်မြို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

အတုအယောင်ရွေးကောက်ပွဲ ဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၅ထောင်နီးပါးရှိဟု UEC ထုတ်ပြန်၊ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်း ၁ ထောင်ကျော်ဖြင့် အများဆုံးဖြစ်

အကြမ်းဖက်မင်းအောင်လှိုင်ရဲ့ စစ်ကော်မရှင် ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီ၊ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း တင်သွင်းမှုအနေနဲ့ ငါးထောင်နီးပါးရှိတယ်လို့ မင်းအောင်လှိုင် လက်ပါးစေ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ထုတ်ပြန်ထားပါတယ်။
Read More

ဖားကန့်မှာ ဖြစ်ပွားခဲ့သည့်ပေါက်ကွဲမှု ယမ်းဂိုဒေါင်ပေါက်ကွဲမှု သို့မဟုတ် စစ်ကောင်စီတပ် ဒရုန်းနှင့် ပစ်ခတ်သည့် ပုံစံ ဖြစ်နိုင်ဟု ဆို… ပေါက်ကွဲမှုကြောင့် နေအိမ် ၂ လုံးမှ မိသားစုဝင် ၉ ဦးသေဆုံး၊ နေအိမ် ၁၀ လုံးပျက်စီး…

“ပထမတော့ ပေါက်ကွဲသံ သေးသေးလေး ကြားရတယ်။ ဒရုန်း နဲ့ ပစ်သလိုမျိုး ၊ လက်နက်ကြီးတစ်လုံးကျပြီးမှယမ်းဂိုဒေါင်ပေါက်ကွဲတဲ့ ပုံစံမျိုး၊ ဘယ်သူမှတော့ အတည်ပြုလို့မရဘူး ၊ ပေါက်ကွဲမှုကြောင့်အလင်းရောင်မြင်လိုက်ရတယ်ဆိုတော့ ဒရုန်း နဲ့ချတယ်လို့လည်းပြောကြတယ်။ တကယ်လို့ ဖားကန့်ဗျူဟာကုန်းကနေ ပစ်တယ်ဆိုလည်း ​ဗျူဟာကုန်းကနေ အသံကြားပြီးမှ ကျတဲ့အသံကြားမှာလေ၊ အဲသလိုလည်းမဟုတ်ဘူး”လို့ ဖားကန့်မြို့ခံတစ်ဦးက မောင်း ကိုပြောပါတယ်။