စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကံထူးမရွာ လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း NUG သင်ကြားရေးအတတ်ပညာတက္ကသိုလ်မှာ ဒုတိယနှစ် တက်ရောက်နေတဲ့ ကျောင်းသူ မထက်မိုးဦးလည်း အသက်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

သေဆုံးချိန်မှာ အသက် ၂၀ ကျော်အရွယ်သာရှိသေးတဲ့ မထက်မိုးဦးဟာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပညာရေးဝန်ကြီးဌာနအောက်က သင်ကြားရေးအတတ်ပညာတက္ကသိုလ်မှာ (မူလတန်းပညာရေးအထူးပြု) ဒုတိယနှစ် (ပထမနှစ်ဝက်) ပညာသင်ယူနေတဲ့ ကျောင်းသူဖြစ်တယ်လို့လည်း သိရပါတယ်။

NUG ကြားကာလပညာရေးမှာ ကျောင်းသူအဖြစ်ရော စေတနာ့ဝန်ထမ်းအဖြစ်ပါ လူသိများတဲ့ မထက်မိုးဦး အသက်ဆုံးရှုံးခဲ့တာဟာ ပညာရေးအတွက် ထိခိုက်ဆုံးရှုံးမှုတစ်ခုဖြစ်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

“မထက်မိုးဦးက ကြားကာလပညာရေးထဲ ကျောင်းတက်ရင်း ကလေးတွေကိုပါ စာဝိုင်းကူသင်ပေးနေတဲ့ စေတနာ့ဝန်ထမ်းပါ။ ငယ်ငယ်ကတည်းက စာလည်းတော် အကျင့်စာရိတ္တကလည်း ကောင်းတော့ နှမြောကြတယ်။ ပညာရေးအတွက်လည်း ဆုံးရှုံးမှုကြီးတယ်လို့ ပြောရမယ်။ ဆရာ ဆရာမတွေအားလုံးဆိုလည်း အရမ်းနှမြောတသ ဖြစ်နေကြပါတယ်။” လို့ နီးစပ်သူ၁ယောက်က မောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၆ရက်၊ မနက် ၁၁ နာရီခွဲအချိန်လောက်က အကြမ်းဖက်စစ်တပ်ရဲ့ တံတားဦးလေဆိပ်တက် ရုရှားထုတ် တိုက်လေယာဥ် YAK -130 ဖိုက်တာဟာ တန့်ဆည်မြို့နယ်၊ ကံထူးမရွာက လူစည်ကားရာ နေရာကို ပစ်မှတ်ထားပြီး ပေါင်၅၀၀ ဗုံး ၂လုံး ကြဲချသွားခဲ့ပါတယ်။

အကြမ်းဖက်စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရသည့် မထက်မိုးဦး

အဆိုပါတိုက်ခိုက်မှုကြောင့် မထက်မိုးဦး အပါအဝင် လူ ၁၂ယောက်ထက်မနည်း သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာပြင်းထန်သူ ၂၀ နီးပါးရှိတယ်လို့လည်း သိရပါတယ်။

မထက်မိုးဦး အသက်ဆုံးရှုံးခဲ့တဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ ကြားကာလ တက္ကသိုလ်ကောင်စီ၊ သင်ကြားရေးအတတ်ပညာတက္ကသိုလ်ကလည်း စက်တင်ဘာလ ၂၆ရက်နေ့မှာပဲ ဝမ်းနည်းကြောင်း စာထုတ်ပြန်ထားပါတယ်။

မထက်မိုးဦးဟာ တက္ကသိုလ်ဝင်တန်းကို ထူးထူးချွန်ချွန် အောင်မြင်ခဲ့သလို သင်ကြားရေးအတတ်ပညာ တက္ကသိုလ်ရဲ့ ထက်မြက်သွက်လက်တဲ့ ကျောင်းသူတစ်ယောက်ဖြစ်ကြောင်းနဲ့ အနာဂတ်ပညာရေးအတွက် ဆရာကောင်းဖြစ်လာနိုင်တာကြောင့် အခုလိုအသက်ဆုံးရှုံးခဲ့ရတဲ့အပေါ် မိသားစု၊ ဆရာဆရာမ၊ ကျောင်းသားကျောင်းသူတွေနဲ့ မိတ်ဆွေသူငယ်ချင်းတွေနည်းတူ အထူးဝမ်းနည်းရတယ်လို့ သင်ကြားရေးအတတ်ပညာ တက္ကသိုလ်က စာထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

စစ်တပ်လေယာဥ်ကွင်းအတွက် သုံးမည့် ကျွန်းသစ်တင် ဆယ်ဘီးကားကို Southern Yesagyo တပ်ပေါင်းစု ဖမ်းဆီးထား၊ ကျောတိုက်နယ်ပအဖထံမှ လေလံအောင်ထားသော ကျွန်းသစ်များဟု သိရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ လေယာဥ်ကွင်းတည်ဆောက်ရေးအတွက် အသုံးပြုဖို့ ကျွန်းသစ်တွေသယ်ဆောင်လာတဲ့ ဆယ်ဘီးကား ၁ စီးကို ဖမ်းဆီးရမိခဲ့တယ်လို့ Southern YSO PDF က အောက်တိုဘာ ၁ ရက် မနေ့က ထုတ်ပြန်ပါတယ်။
Read More

ချင်းမိုင်မြို့ စစ်ရှောင်ရန်ပုံငွေ ရုပ်ရှင်ပြပွဲကို လာရောက်အားပေးဖို့ တော်လှန် အနုပညာရှင်များ ဖိတ်ခေါ်

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ဇန်နဝါရီ ၂၀ ရက်နေ့ ပြသမယ့် တော်လှန်အနုပညာရှင်တွေ ရိုက်ကူးပုံဖော်ထားတဲ့ ရုပ်ရှင်ကားတွေကို လာရောက်ကြည့်ရှုကြဖို့ တော်လှန်အနုပညာရှင်တွေက ဖိတ်ခေါ်တိုက်တွန်းလိုက်ပါတယ်။
Read More

စစ်ကိုင်းနှင့် ညောင်ဦးရှိ တော်လှန်ရေးအင်အားစုများထံ စစ်မှုထမ်းတပ်သား ၂ ဦး ထွက်ပြေးအလင်းဝင်

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နဲ့ မန္တလေးတိုင်း ညောင်ဦးမြို့နယ်တို့မှာ ပေါ်တာဆွဲဖမ်းဆီးခံထားရတဲ့ စစ်မှုထမ်းတပ်သားတွေ တော်လှန်ရေးတပ်ဖွဲ့တွေဆီ ကိုယ်စီထွက်ပြေးအလင်းဝင်ရောက်လာကြောင်း သက်ဆိုင်ရာအဖွဲ့တွေက သတင်းထုတ်ပြန်ပါတယ်။
Read More

ကျွန်းလှမြို့နယ်တွင် အမျိုးသမီးနှင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးသင်တန်းများ ပြန်လည်ပြုလုပ်

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်ထဲမှာ အမျိုးသမီး၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေးသင်တန်း (WCP) ကို အခုစက်တင်ဘာလထဲမှာ ပြန်လည်စတင်ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) တပ်တည်ထောင်ခြင်း (၄)နှစ်ပြည့်အခမ်းအနား (ဓာတ်ပုံသတင်း)

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၊ တပ်တည်ထောင်ခြင်း (၄)နှစ်ပြည့်အခမ်းအနားကို BPLA ရဲ့ စစ်ဒေသအသီးသီးမှာ ဧပြီလ(၁၇)ရက် ဒီကနေ့ ကျင်းပပြုလုပ်ခဲ့တယ်လို့ မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ BPLA က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ရှမ်းတောင်စစ်ဆင်ရေးမှာ ၄ လကျော်ကြာ ပူးပေါင်းတိုက်ပွဲဝင်နေတဲ့ နေပြည်‌တော် – ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲဘော်များ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - နေပြည်တော် က တိုက်ခိုက်ရေးရဲဘော်တွေဟာ ရှမ်းတောင်စစ်ဆင်ရေးမှာ ၄ လကျော်ကြာ ပူးပေါင်းတိုက်ပွဲဝင်နေတယ်လို့ ဓာတ်ပုံမှတ်တမ်းတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။