အာဆီယံအနေနဲ့ မြန်မာနိုင်ငံမှာ လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းမှုကို ဖော်ဆောင်ပေးနေရင်း ဘုံသဘောတူညီချက် (၅) ရပ်ရဲ့ ဂုဏ်သိက္ခာကို ပြန်လည် အသက်သွင်းနိုင်ဖို့ ကြိုးပမ်းသွားရမယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန် စက်တင်ဘာလ ၂၇ ရက်မှာ ပြောပါတယ်။

စနေနေ့က ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ (UNGA) ရဲ့ အကြိမ် ၈၀ မြောက် အစည်းအဝေးမှာ မလေးရှားနိုင်ငံရဲ့ မိန့်ခွန်းကိုပြောကြားရင်း အခုလို ထည့်သွင်းပြောဆိုသွားတာပါ။

မြန်မာနိုင်ငံမှာ သဘောတူညီထားတဲ့ အပစ်အခတ် ရပ်စဲမှုတွေဟာ အချို့ဒေသတွေမှာ ပျက်ပြားနေပြီး အကြမ်းဖက်မှုတွေက အရပ်သားတွေကို ဆက်လက် အန္တရာယ်ဖြစ်စေနေတာကြောင့် အာဆီယံအနေနဲ့ အလွန်အမင်း စိတ်ပျက်မိကြောင်းလည်း သူက ပြောဆိုခဲ့ပါတယ်။

“မြန်မာနိုင်ငံဟာ သီးခြားနိုင်ငံတခု မဟုတ်ဘဲ၊ ဒေသရဲ့ တစိတ်တပိုင်း ဖြစ်တယ်ဆိုတာကို အာဏာရယူထားသူတွေအနေနဲ့ သတိရဖို့ တာဝန်ရှိပါတယ်” “မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို မြန်မာပိုင်၊ မြန်မာ ဦးဆောင်တဲ့ ဆုံးဖြတ်ချက်ရအောင် သစ္စာရှိရှိ ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုရင် ကျနော်တို့ ပြည်သူအားလုံးအတွက် တောက်ပပြီး လုံခြုံတဲ့ အနာဂတ်တခု ရှိနေပါတယ်” လို့ မိုဟာမက် ဟာဆန်က ပြောဆိုသွားပါတယ်။

ဒါ့အပြင် အာဆီယံအနေနဲ့ ဒေသတွင်း ငြိမ်းချမ်းရေး အာမခံချက်ရှိစေဖို့၊ လုံခြုံရေးကို ခိုင်မာစေဖို့၊ စီးပွားရေး ခံနိုင်ရည်အားကို မြှင့်တင်ဖို့နဲ့ ရေရှည်တည်တံ့ခိုင်မြဲရေး ပန်းတိုင်တွေကို ရှေ့ဆက် ဖော်ဆောင်နိုင်ဖို့အတွက် ဒေသဆိုင်ရာ အစုအဖွဲ့တခုအနေနဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို ဆက်လက် ထမ်းဆောင်သွားမှာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

“ကျနော်တို့ရဲ့ အိမ်နီးချင်းတွေအကြား ပဋိပက္ခတွေ ပိုမိုဆိုးရွားလာမယ့် အန္တရာယ်မျိုးရှိလာခဲ့ရင် အာဆီယံအနေနဲ့ လက်ပိုက်ကြည့်မနေခဲ့ပါဘူး။ ကျနော်တို့ ကြားဝင်ခဲ့ပြီး နှစ်ဖက်စလုံးကို မလေးရှားမှာ စုစည်းစေခဲ့ကာ အပစ်အခတ် ရပ်စဲရေးကို အကောင်အထည်ဖော်ခဲ့တယ်၊ အဲဒီအပစ်အခတ် ရပ်စဲရေးကို မြေပြင်မှာ တက်ကြွစွာ စောင့်ကြည့်ပြီး အမြစ်တွယ်ခိုင်မာစေဖို့ အာဆီယံက ဆောင်ရွက်နေတာဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

“စိန်ခေါ်မှုတွေ ရှိနေသေးတာ မှန်ပါတယ်။ ဒါပေမယ့် ကျနော်တို့ရဲ့ သတင်းစကားက ရှင်းပါတယ်။ အာဆီယံဟာ စားပွဲဝိုင်းမှာ ဆက်လက်ရှိနေမှာ ဖြစ်ပြီး နှစ်ဖက်စလုံးကို သူတို့ရဲ့ ကတိကဝတ်တွေကို လေးစားလိုက်နာဖို့ တိုက်တွန်းနေမှာပါ” “အဲဒီပဋိပက္ခဟာ နိုင်ငံအချင်းချင်းဖြစ်တာပဲဖြစ်စေ၊ ပြည်တွင်းပဋိပက္ခပဲဖြစ်စေ၊ ကျနော်တို့အိမ် (နိုင်ငံ)ရဲ့ တည်ငြိမ်မှုကို စွန့်စားရလောက်အောင် တန်ဖိုးရှိတာ ဘယ်မှာမှမရှိဘူး” လို့ မိုဟာမက် ဟာဆန်က ပြောဆိုသွားပါတယ်။

မူရင်းသတင်း – Asean must restore credibility of five point consensus, uphold stability in Myanmar, says Tok Mat

 

0 Shares:
You May Also Like
Read More

ဒီဇင်ဘာမကုန်ခင် ပန်းရောင်ကတ် လုပ်ပေးမယ်လို့ ထိုင်းအစိုးရ ကြေညာ

ထိုင်းနိုင်ငံအတွင်းက အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေ အပါအဝင် ရွှေ့ပြောင်းအလုပ်သမားတွေကို ပန်းရောင်ကတ်လို့ ခေါ်တဲ့ တရားဝင် အလုပ်လုပ်ခွင့်ကတ်ကို လာမယ့် ဒီဇင်ဘာလ ၃၀ ရက်မတိုင်ခင် ပြုလုပ်ပေးသွားမယ်လို့ မနေ့က နိုဝင်ဘာ ၂၆ ရက်မှာ ထိုင်းပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။
Read More

နိုင်ငံတကာပါလီမန်များညီလာခံကို မြန်မာလွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်နေ

နိုင်ငံတကာပါလီမန်များညီလာခံနဲ့ ဆက်စပ်အစည်းအဝေးတွေကို မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဘုရားသုံးဆူမှာ မလွယ်ပေါက်များ ပိတ်ခံရပြီးနောက် ကုန်စည်တင်သွင်းမှုခက်ခဲနေ

ထိုင်း-မြန်မာနယ်စပ်ဖြစ်တဲ့ ဘုရားသုံးဆူမြို့နဲ့ ထိုင်းနိုင်ငံ၊ စံခလပူရီဒေသဘက်ကို ဝင်ထွက်သွားလာလို့ရတဲ့ မလွယ်ပေါက်(နောက်ဖေးပေါက်) တွေကို ထိုင်းအစိုးရဘက်ကနေ ပိတ်ပစ်လိုက်ပြီးနောက် တနိုင်တပိုင် ကုန်သွယ်မှုတွေ ခက်ခဲလာတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ငလျင်ဒဏ်သင့် မြန်မာအတွက် ဒေါ်လာ ၂ သန်း အမေရိကန် ကူညီမည်

ပြင်းထန်တဲ့ ငလျင်ဘေးဒဏ်သင့် မြန်မာနိုင်ငံအတွက် အမေရိကန်အစိုးရက ဒေါ်လာ ၂ သန်းထောက်ပံ့ကူညီသွားမယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရိုဟင်ဂျာများ၏ ဒုက္ခ ပိုမိုကြီးလေးခဲ့သည်ဟု ကုလနှင့် နိုင်ငံတကာကို သံအမတ်ကြီး ဦးကျော်မိုးထွန်း အသိပေး

မြန်မာနိုင်ငံက ရိုဟင်ဂျာတွေရဲ့ ဒုက္ခဟာ စစ်တပ် အာဏာသိမ်းပြီးတဲ့နောက်မှာ  ပိုမိုဆိုးရွားလာတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။
Read More

နယူးယောက်တွင် ရောင်နီ မဖျော်ဖြေခင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအတွက် ငြိမ်သက်ဆုတောင်းခဲ့

အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်နေ့က ရောင်နီ ဖျော်ဖြေပွဲ ကျင်းပခဲ့ပြီး ပွဲမစတင်ခင်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစေဖို့ တစ်မိနစ် ငြိမ်သက် ဆုတောင်းခဲ့ကြတယ်လို့ သိရပါတယ်။