အတုအယောင်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေအနေနဲ့ မဲဆွယ်စည်းရုံးရေး ဟောပြောတဲ့နေရာမှာ စစ်တပ် ပြိုကွဲအောင် ဒါမှမဟုတ် စစ်တပ်ရဲ့ ဂုဏ်သိက္ခာထိခိုက်အောင် ပြောဆိုခြင်း မလုပ်ရဘူးလို့ စစ်ကော်မရှင်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ကန့်သတ်တားမြစ်လိုက်ပါတယ်။

နိုင်ငံရေးပါတီတွေအနေနဲ့ ပါတီမူဝါဒ၊ သဘောထား၊ လုပ်ငန်းစဥ်တွေကို စစ်တပ်ပိုင် ရေဒီယိုနဲ့ ရုပ်မြင်သံကြားတွေကတဆင့် ရှင်းလင်းပြောကြားခွင့်ပေးမှာဖြစ်ပြီး ဟောပြောချင်တဲ့ ပါတီတွေအနေနဲ့ စာမူတွေနဲ့အတူ ခွင့်ပြုမိန့်လျှောက်ထားရမယ်လို့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။

စစ်ကော်မရှင်က နိုင်ငံရေးပါတီတွေကို အောက်တိုဘာ ၂၈ ရက်ကနေ ဒီဇင်ဘာ ၂၆ရက်အတွင်း ရုပ်သံနဲ့ ရေဒီယိုကတဆင့် ဟောပြောခွင့်ပေးသွားမှာဖြစ်ပြီး ဒီအတွက် ကန့်သတ်ထားမြစ်ချက် ၉ ခုကိုလည်း ထုတ်ပြန်ထားတာပါ။

အဲဒီထဲမှာ စစ်တပ် ပြိုကွဲရေး ဖြစ်ပေါ်စေရန် သို့မဟုတ် ဂုဏ်သိက္ခာထိခိုက်စေရန် ဟောပြောခြင်းအပါအဝင် အခြေခံဥပဒေနဲ့ တည်ဆဲဥပဒေကို လိုက်နာဖို့၊ နိုင်ငံတော်အကြည်ညိုမပျက်စေဖို့၊ နိုင်ငံ့ဝန်ထမ်းတွေကို အစိုးရအပေါ် ဆန့်ကျင်ဆန္ဒပြစေရန် သွေးထိုးလှုံ့ဆော်မှု မလုပ်ဖို့ စတဲ့အချက်တွေလည်း ပါဝင်နေပါတယ်။

စစ်တပ်ဟာ၎င်းတို့ရဲ့ ရွေးကောက်ပွဲဖြစ်မြောက်ဖို့အတွက်ကို ကြိုးစားနေရာမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောပိုင်ခွင့်တွေကို ကန့်သတ်ပြီးရင်း ကန့်သတ်လာနေတာပဲ ဖြစ်ပါတယ်။

ပြီးတဲ့လပိုင်းကလည်း စစ်တပ် ကျင်းပမယ့် အတုအယောင် ရွေးကောက်ပွဲကို မထောက်ခံကြောင်း လူမှုကွန်ရက်ပေါ်မှာ ရေးသားသူတွေကို ဖမ်းဆီးဖို့အတွက် အထွေထွေရွေးကောက်ပွဲကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေတွေကို စစ်ကော်မရှင်က ထုတ်ပြန်ခဲ့ပါတယ်။

အထွေထွေရွေးကောက်ပွဲ လုပ်ငန်းစဉ် ဒါမှမဟုတ် လုပ်ငန်းစဉ် တစိတ်တဒေသကို ပျက်ပြားစေဖို့ ဟောပြောတာ၊ ပြောဆိုတာ၊ စည်းရုံးလှုံ့ဆော်တာ၊ ဆန္ဒပြတာ၊ စာရေးသားဖြန့်ချိတာတွေ မလုပ်ဖို့ တားမြစ်ထားပြီး ဖောက်ဖျက်ကျူးလွန်ရင် အနည်းဆုံး ထောင် ၃ နှစ်ကနေ အများဆုံး ထောင် ၇ နှစ်ထိ ချမှတ်နိုင်တယ်လို့ ခြိမ်းခြောက်ထားပါတယ်။

အဆိုပါဥပဒေကြောင့် မြန်မာနိုင်ငံအနှံ့ ဖမ်းဆီးခံရသူတွေ ရှိနေပြီး ဒါဟာ လူ့အခွင့်အရေးကို ပေါ်ပေါ်ထင်ထင် ချိုးဖောက်နေတယ်လို့လည်း ဥပဒေပညာရှင်တွေက ဝေဖန်နေကြတာပါ။

တရုတ်နဲ့ ရုရှား အားပေးထောက်ခံနေတဲ့ စစ်တပ်ရဲ့ ရွေးကောက်ပွဲကို လတ်တလောမှာ နိုင်ငံတကာနဲ့ တော်လှန်ရေးအဖွဲ့တွေက တရားမဝင်ဘူးလို့ အတိအလင်း ကန့်ကွက်ပြောဆိုထားပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ ရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ အပိုင်း (၁) အဖြစ် နိုင်ငံအနှံ့ မြို့နယ် (၁၀၂) မြို့နယ်မှာ ကျင်းပသွားမယ်လို့ ဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

လုပ်သက် ၇နှစ်ရှိတဲ့ ရဲတပ်သားတစ်ယောက် တော်လှန်ရေးတပ်ဖွဲ့ထံ အလင်းဝင်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့မရဲစခန်းမှာ တာဝန်ကျနေတဲ့ ရဲတပ်သား၁ယောက် လက်နက်ကျည်ဆံတွေနဲ့အတူ အလင်းဝင်ရောက်လာကြောင်း Earthquake People's Defence Force ထံက သိရပါတယ်။
Read More

မြိုင်မြို့နယ်အနောက်ပိုင်းနှင့် တောင်ပိုင်းကို အကြမ်းဖက်စစ်တပ် လေကြောင်း ဗုံးကြဲတိုက်ခိုက်၊ ပြည်သူ ၂ ဦးထက်မနည်း သေဆုံး

မကွေးတိုင်း၊ မြိုင်မြို့နယ်အနောက်ပိုင်းနဲ့ တောင်ပိုင်းကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ပြည်သူ ၂ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ We Love Myaing က အောက်တိုဘာ ၇ ရက် မနေ့ကညပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကျောက်ဆည်မှာ တောင်ကျချောင်းရေစီးထဲ မျောပါသွားသူဟာ ဆင်မင်းဘိလပ်မြေ ဒုစက်ရုံမှူးဟု သိရ

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်မှာတောင်ကျချောင်းရေထဲ ဖြတ်မောင်းရင်း ရေစီးနဲ့ ကားမျောပါသေဆုံးခဲ့သူဟာ ဆင်မင်းဘိလပ်မြေစက်ရုံရဲ့ ဒုစက်ရုံမှူးဖြစ်ပြီး အလောင်းကို ပြန်လည်ရှာတွေ့ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

စဉ့်ကူးမြို့ပေါ် မြသိန်းတန်ဘုရားကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ စဉ့်ကူးမြို့ပေါ်က မြသိန်းတန် ဘုရားကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ကွတ်ခိုင်မြို့ကို စစ်ကောင်စီ ဗုံးကြဲမှုဟာ ရှမ်းမြောက် စစ်မီးပြန်လည်လောင်ကျွမ်းမှု အန္တရာယ်ကို တိုက်ရိုက်မြှင့်တင်လိုက်ခြင်း ဖြစ်ကြောင်း MNDAA ပြော

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ပေါ် လူနေရပ်ကွက်ကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှုဟာ “စစ်ပြေငြိမ်းရေး” ကို စစ်မက်အရိပ်အာဝါသ ဖုံးလွှမ်းသွားခဲ့တယ်လို့ ကိုးကန့်တပ်မတော် (MNDAA) က ဒီနေ့မှာ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
Read More

ဂန့်ဂေါမှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲလို့ အပြစ်မဲ့အရပ်သား ၁ ယောက် ခေါင်းကို ဗုံးမှန်​သေဆုံး

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ တိုက်ပွဲမဖြစ်ပွားဘဲ အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ကျွန်းခုံသာရွာသား ၁ ယောက် ခေါင်းကို ဗုံးထိမှန်ပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။ အောက်တိုဘာ ၅ ရက် ဒီနေ့မွန်းလွဲပိုင်းက ဂန့်ဂေါမြို့နယ်မြောက်ပိုင်း၊…