ထိုင်းနိုင်ငံတောင်ပိုင်း နရသီဝပ်ပြည်နယ် စစ်ဆေးရေးဂိတ်မှာ ထိုင်းစစ်သားကို ဆိုင်ကယ် စီးနင်းလာတဲ့ သူက သေနတ်နဲ့ အနီးကပ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။

စက်တင်ဘာ ၂၇ ရက် မနေ့မနက်ပိုင်းက နရသီဝပ်ပြည်နယ်ရှိ စစ်ဆေးရေးဂိတ်စခန်းတစ်ခုမှာ ထိုင်းစစ်သားကို ဆိုင်ကယ်သမား ၁ ယောက်က အနီးကပ် ပစ်ခတ်တိုက်ခိုက်သွားတာ ဖြစ်ပါတယ်။

လုံခြုံရေးတပ်ဖွဲ့တွေက တရားခံကို ဖမ်းဆီးနိုင်ခဲ့ပြီး အသက်(၃၅)နှစ်ရှိ အာရာဖတ်ဖြစ်တယ်လို့ ထိုင်းသတင်းဌာနတွေက ဖော်ပြကြပါတယ်။ 

ပစ်ခတ်ခံရတဲ့ ထိုင်းစစ်သားရဲ့ ထိခိုက်မှုအခြေအနေကိုတော့ ရှင်းရှင်းလင်းဖော်ပြကြတာကို မတွေ့ရသေးပါဘူး။

Video-လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

စစ်ကောင်စီတပ်သားများကို ZO ARMY ရဲဘော်များ တီထွင်ထားသည့် အဝေးပစ်လက်နက်ဖြင့် ပစ်ခတ်တိုက်ခိုက်၊ အရာရှိအပါ စစ်သား ၃ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အတွင်း ကင်းလှည့်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ZO ARMY ရဲဘော်တွေ တီထွင်ထားတဲ့ အဝေးပစ်လက်နက်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရာရှိအပါအဝင် စစ်သား ၃ ယောက် သေဆုံးခဲ့တယ်လို့ Zo Army က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဝါရစ်ကျေးရွာက စစ်တပ်စခန်းနဲ့ တုံး‌ဗျောစစ်တပ်စခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၄ ယောက်သေ (ရုပ်/သံ)

တနင်္သာရီတိုင်း ကျွန်းစုမြို့နယ်နဲ့ မြိတ်မြို့နယ်အတွင်းက အကြမ်းဖက်စစ်တပ်စခန်း ၂ ခုကို ဒရုန်းနဲ့ ဗုံးသီးကြဲ ချတိုက်ခိုက်ခဲ့တယ်လို့ Dragon Squad - TNI အဖွဲ့ထံက သိရပါတယ်။
Read More

ညောင်ဦးမြို့နယ် ငါ့သရောက်-ဇဂျမ်းလမ်းပေါ်မှာ စစ်ကောင်စီလက်အောက်ခံတွေ တိုက်ခိုက်ခံရပြီး ရဲ ၃ ယောက်သေ၊ ၉ ယောက် ဒဏ်ရာရ (ရုပ်/သံ)

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်-ဇဂျမ်းလမ်းပေါ် သွားလာနေတဲ့ စစ်ကောင်စီ လက်အောက်ခံ ယာဉ် ၄ စီးနဲ့ ဆိုင်ကယ် ၃ စီးပါ အုပ်စုကို တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ညောင်ဦးမြို့နယ် ပကဖ (ပုဂံပြည်ဘီလူးတပ်) ထံက သိရပါတယ်။ တိုက်ခိုက်မှုအတွင်း ရဲ ၃ ယောက်သေဆုံးကာ ၉ ယောက် ထိခိုက်ဒဏ်ရာရရှိသွားပြီး M22 (AK) သေနတ်တစ်လက်နဲ့ ဆိုင်ကယ် ၃စီးတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

မင်းလက်ပံရွာအနီး အကြမ်းဖက်စစ်တပ်နှင့် KNU တို့ တိုက်ပွဲပြင်းထန်နေ

ကရင်ပြည်နယ်၊ မြဝတီမြို့၊ မင်းလက်ပံရွာအနီးမှာ အကြမ်းဖက်စစ်တပ်နဲ့ KNU ပူးပေါင်းတပ်တို့ နိုဝင်ဘာ ၃၀ ရက်ညပိုင်းက တိုက်ပွဲပြင်းထန်နေပြီး ထိုင်းဘက်ခြမ်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုတွေ ရှိနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ထံက သိရပါတယ်။
Read More

မုံရွာမြို့နယ်အတွင်း သံချပ်ကာယာဉ်များ အသုံးပြုပြီး တပ်စွဲရန်လာသည့် စစ်ကော်မရှင်တပ်သားများကို အကြိမ်ကြိမ်ဟန့်တားတိုက်ခိုက် (ရုပ်သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကျောက္ကာရွှေဂူနီဘုရားဝန်းအတွင်း တပ်စွဲဖို့လာတဲ့ စစ်ကော်မရှင်တပ်သားတွေကို တော်လှန်ရေးတပ်တွေက အကြိမ်ကြိမ်ဟန့်တားတိုက်ခိုက်ခဲ့တယ်လို့ မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပေါက်မြို့နယ်တွင် အကြမ်းဖက်စစ်ကြောင်း အများအပြား သေဆုံးခဲ့သည့် တိုက်ပွဲအတွင်း SOS ရဲဘော်များ ပါဝင်တိုက်ခိုက်ခဲ့ (ရုပ်/သံ)

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်ရာမှာ NUG ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနအောက်ရှိ အကြမ်းဖက်မှုတိုက်ဖျက်ရေး အထူးတပ်ဖွဲ့ (SOS) ရဲဘော်တွေက ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက မနေ့ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။