ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ရွှေတောင်ကြား ၁ ရပ်ကွက် အောင်ဇေယျလမ်းရှိ ယခင်ဗိုလ်ချုပ်ကြီး ခင်ညွန့် နေထိုင်ခဲ့ဖူးတဲ့ နေအိမ် မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာ ၂၇ ရက် မနေ့ညပိုင်းက ရွှေတောင်ကြား ၁ ရပ်ကွက် အောင်ဇေယျလမ်းရှိ နေအိမ် မီးလောင်မှုဖြစ်ပွားတဲ့အတွက် တာမွေမြို့နယ်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် ၂ စီး၊ ရေသယ်ယာဉ် ၁ စီး၊ စမ်းချောင်းမြို့နယ် မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် ၂ စီး၊ ရေသယ်ယာဉ် ၁ စီး၊ ကျောက်တံတားမြို့နယ် မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် ၁ စီးတို့ သွားရောက်ငြှိမ်းသတ်ခဲ့တယ်လို့ စစ်ကော်မရှင်လက်အောက်ခံ မီးသတ်က သတင်းထုတ်ပြန်ထားပါတယ်။

အဆိုပါနေအိမ်ဟာ ဗိုလ်ချုပ် ခင်ညွန့်နေထိုင်ခဲ့ဖူးတဲ့ နေအိမ်ဖြစ်ပြီး လက်ရှိမှာ တခြားမိသားစုက ပိုင်ဆိုင်ထားတယ်လို့ သိရပါတယ်။

ဖြစ်စဉ်အတွင်း လူထိခိုက်မှုမရှိခဲ့ဘဲ မီးလောင်ကျွမ်းရတဲ့ အကြောင်းအရင်းနဲ့ ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးလျက်ရှိတယ်လို့ သိရပါတယ်။

Video – လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

မဲ‌ဆောက်မြို့တွင် သေနတ်ကိုင် ရမ်းကားသူ ၁ ဦးကို အာဏာပိုင်များ အရှင်ဖမ်းဆီး (ရုပ်/သံ)

ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ သေနတ်ကိုင် ရမ်းကားနေသူ ၁ ယောက်ကို ထိုင်းအာဏာပိုင်တွေက ပစ်ခတ် ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြကြပါတယ်။
Read More

မုံရွာ-မန္တလေးလမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်ယာဉ် ၂ စီးကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာ-မန္တလေးလမ်းပိုင်းမှာ ဖေဖော်ဝါရီ ၃ ရက်က အကြမ်းဖက်စစ်တပ်ယာဉ် ၂ စီးကို ငါးယှဉ်ရွာအရှေ့ဘက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ BLDF တပ်ခွဲ အညာမိုင်းအဖွဲ့ထံက သိရပါတယ်။
Read More

ဆားလင်းကြီးမြို့နယ်မှာ ကင်းယူဖို့ ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေ တိုက်ခိုက်ခံရပြီး ၄ ယေက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ ဇန်နဝါရီ ၁၈ ရက် ယနေ့နံနက်ပိုင်းက ကင်းယူဖို့ ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်မှုအတွင်း ၄ ယောက်သေခဲ့တယ်လို့ ချင်းတွင်းဒိုင်းနမိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Salingyi)အဖွဲ့ထံက သိရပါတယ်။
Read More

ရွှေဘို ဇီးကုန်းလေးပျူရွာအဝင် ဘန်ကာကို တော်လှန်ရေးတပ်များ စီးနင်းမီးရှို့၊ စစ်သားနှင့်ပျူ ၂ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဇီးကုန်းလေးပျူရွာအဝင်ရှိ ဘန်ကာကို စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်သားနဲ့ ပျူစောထီး ၂ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

ထန်းတပင်မြို့နယ် ဘုမ္မတီးရွာသစ်တွင် တိုက်ပွဲဖြစ်၊ စစ်ကော်မရှင်တပ် အထိနာကာ ဆုတ်ခွာထွက်ပြေး (ရုပ်/သံ)

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဘုမ္မတီးရွာသစ်မှာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကော်မရှင်တပ်သားတွေ အထိနာကာ ဆုတ်ခွာထွက်ပြေးသွားတယ်လို့ တောင်ငူခရိုင်အမှတ် ၂ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

မုံရွာ -မန္တလေးလမ်းပေါ် ခရီးသွားပြည်သူများထံ ပိုက်ဆံတောင်းနေသည့် စစ်ကော်မရှင်တပ်သားများကို ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာ-မန္တလေးလမ်းပေါ်မှာ ခရီးသွားပြည်သူတွေကို အဓမ္မပိုက်ဆံတောင်းနေတဲ့ စစ်ကော်မရှင်တပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Yae Nagar အဖွဲ့က မနေ့ညပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။