စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကံထူးမရွာ လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း NUG သင်ကြားရေးအတတ်ပညာတက္ကသိုလ်မှာ ဒုတိယနှစ် တက်ရောက်နေတဲ့ ကျောင်းသူ မထက်မိုးဦးလည်း အသက်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

သေဆုံးချိန်မှာ အသက် ၂၀ ကျော်အရွယ်သာရှိသေးတဲ့ မထက်မိုးဦးဟာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပညာရေးဝန်ကြီးဌာနအောက်က သင်ကြားရေးအတတ်ပညာတက္ကသိုလ်မှာ (မူလတန်းပညာရေးအထူးပြု) ဒုတိယနှစ် (ပထမနှစ်ဝက်) ပညာသင်ယူနေတဲ့ ကျောင်းသူဖြစ်တယ်လို့လည်း သိရပါတယ်။

NUG ကြားကာလပညာရေးမှာ ကျောင်းသူအဖြစ်ရော စေတနာ့ဝန်ထမ်းအဖြစ်ပါ လူသိများတဲ့ မထက်မိုးဦး အသက်ဆုံးရှုံးခဲ့တာဟာ ပညာရေးအတွက် ထိခိုက်ဆုံးရှုံးမှုတစ်ခုဖြစ်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

“မထက်မိုးဦးက ကြားကာလပညာရေးထဲ ကျောင်းတက်ရင်း ကလေးတွေကိုပါ စာဝိုင်းကူသင်ပေးနေတဲ့ စေတနာ့ဝန်ထမ်းပါ။ ငယ်ငယ်ကတည်းက စာလည်းတော် အကျင့်စာရိတ္တကလည်း ကောင်းတော့ နှမြောကြတယ်။ ပညာရေးအတွက်လည်း ဆုံးရှုံးမှုကြီးတယ်လို့ ပြောရမယ်။ ဆရာ ဆရာမတွေအားလုံးဆိုလည်း အရမ်းနှမြောတသ ဖြစ်နေကြပါတယ်။” လို့ နီးစပ်သူ၁ယောက်က မောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၆ရက်၊ မနက် ၁၁ နာရီခွဲအချိန်လောက်က အကြမ်းဖက်စစ်တပ်ရဲ့ တံတားဦးလေဆိပ်တက် ရုရှားထုတ် တိုက်လေယာဥ် YAK -130 ဖိုက်တာဟာ တန့်ဆည်မြို့နယ်၊ ကံထူးမရွာက လူစည်ကားရာ နေရာကို ပစ်မှတ်ထားပြီး ပေါင်၅၀၀ ဗုံး ၂လုံး ကြဲချသွားခဲ့ပါတယ်။

အကြမ်းဖက်စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရသည့် မထက်မိုးဦး

အဆိုပါတိုက်ခိုက်မှုကြောင့် မထက်မိုးဦး အပါအဝင် လူ ၁၂ယောက်ထက်မနည်း သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာပြင်းထန်သူ ၂၀ နီးပါးရှိတယ်လို့လည်း သိရပါတယ်။

မထက်မိုးဦး အသက်ဆုံးရှုံးခဲ့တဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ ကြားကာလ တက္ကသိုလ်ကောင်စီ၊ သင်ကြားရေးအတတ်ပညာတက္ကသိုလ်ကလည်း စက်တင်ဘာလ ၂၆ရက်နေ့မှာပဲ ဝမ်းနည်းကြောင်း စာထုတ်ပြန်ထားပါတယ်။

မထက်မိုးဦးဟာ တက္ကသိုလ်ဝင်တန်းကို ထူးထူးချွန်ချွန် အောင်မြင်ခဲ့သလို သင်ကြားရေးအတတ်ပညာ တက္ကသိုလ်ရဲ့ ထက်မြက်သွက်လက်တဲ့ ကျောင်းသူတစ်ယောက်ဖြစ်ကြောင်းနဲ့ အနာဂတ်ပညာရေးအတွက် ဆရာကောင်းဖြစ်လာနိုင်တာကြောင့် အခုလိုအသက်ဆုံးရှုံးခဲ့ရတဲ့အပေါ် မိသားစု၊ ဆရာဆရာမ၊ ကျောင်းသားကျောင်းသူတွေနဲ့ မိတ်ဆွေသူငယ်ချင်းတွေနည်းတူ အထူးဝမ်းနည်းရတယ်လို့ သင်ကြားရေးအတတ်ပညာ တက္ကသိုလ်က စာထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ပြည်သူ့လွတ်လပ်ရေးတပ်တော် (၄) နှစ်ပြည့်နှင့် စစ်သင်တန်းဆင်း အခမ်းအနား

ပြည်သူ့လွတ်လပ်ရေးအဖွဲ့/ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIO/PIA) ရဲ့ ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့် အခမ်းအနားနဲ့ အပတ်စဥ် (၂/၂၀၂၅) သင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၁၂ ရက်က ဗဟိုဌာနချုပ်မှာ ကျင်းပခဲ့ကြောင်း အဆိုပါ တပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောင်မှုတွေကို ကန့်ကွက်ခဲ့တာကြောင့် လျှပ်စီမီး မလုံလောက်ခြင်းလို့ မင်းအောင်လှိုင်က ဆို 

ပြီးခဲ့တဲ့ ၂၀၀၅ ခုနှစ်က လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ တည်ဆောက်ဖို့ ကန့်ကွက်ခံရမှုကြောင့် လက်ရှိအချိန်မှာ လျှပ်စစ်မီး ရရှိဖို့ အခက်အခဲကြုံနေရတာဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။
Read More

ပွင့်ဖြူမှာ စစ်ကောင်စီ၏ ဝါစိုက်ပျိုးရေးတပ် ရှေ့တန်းဂိတ်ကို တော်လှန်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ဝါစိုက်ပျိုးရေးတပ်စခန်းရဲ့ ရှေ့တန်းဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

လောင်းလုံး ပကဖ က ကျဆုံးရဲဘော်တွေအတွက် ရည်စူးပြီး သံဃာတော်တွေကို ဆွမ်း၊ သင်္ကန်းနဲ့ ဝတ္ထု ကပ်လှူကုသိုလ်ပြုအမျှဝေ

တနင်္သာရီတိုင်းအခြေစိုက် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က ကျဆုံးအာဇာနည်ရဲဘော်တွေအတွက် ရည်စူးပြီး သံဃာတော်တွေကို ဆွမ်း၊ သင်္ကန်းနဲ့ ဝတ္ထု ကပ်လှူကုသိုလ်ပြုအမျှဝေခဲ့တယ်လို့ လောင်းလုံး ပကဖ က ထုတ်ပြန်ထားပါတယ်။
Read More

ဝင်းဝတပ်စခန်းကနေ ထွက်ပြေးသွားပြီး KNLA ဆီ အလင်းဝင်သွားတဲ့ စစ်သား ၂ ဦးကို ပြန်ရှာရန် လာသည့် အကြမ်းဖက်စစ်တပ် ရွာသားတစ်ဦးကို ပစ်ခတ်သတ်ဖြတ်

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်တပ်ရဲ့ ခမရ တပ်ရင်း (၄၀၃) ဝင်းဝတပ်စခန်းကနေ ထွက်ပြေးသွားတဲ့ စစ်သား ၂ ယောက်ကို ပြန်ရှာဖို့ လာတဲ့ အကြမ်းဖက်စစ်တပ်က ဝင်းဝ ကျေးရွာနေ ဒေသခံ အမျိုးသားကို ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရွာငံမြို့နယ်၊ မင်းပလောင်ကျေးရွာကို စစ်ကောင်စီတပ်က ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ မင်းပလောင်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဓနုပြည်နယ်အမျိုးသားကာကွယ်ရေး တပ်တော် - DSNDA က ဒီနေ့ ထုတ်ပြန်ပါတယ်။