စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကံထူးမရွာ လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်မှာ သေဆုံးသူ ၁၂ယောက်အထိ ရှိလာပြီဖြစ်ပြီး ထိခိုက်ဒဏ်ရာပြင်းထန်သူတွေလည်း ရှိထားကြောင်း People’s Defense Comrade တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

​ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၆ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်စစ်ကော်မရှင်ရဲ့ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်မှာ ကနဦး သေဆုံးသူ ၈ယောက်သာရှိထားပေမယ့် ရှင်းလင်းရေးလုပ်ဆောင်ရာမှာတော့ ရုပ်အ​လောင်းတွေကို ထပ်မံတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိသူအရေအတွက် ၂၀ကျော်လောက်အထိရှိပြီး သေဆုံးသူတွေ တိုးလာတယ်လို့လည်း သိရပါတယ်။

စက်တင်ဘာလ ၂၆ရက် မနက်၁၁နာရီခွဲအချိန်လောက်မှာ တံတားဦးလေဆိပ်တက် ရုရှားထုတ် တိုက်လေယာဥ် YAK -130 ဖိုက်တာဟာ တန့်ဆည်မြို့နယ်၊ ကံထူးမရွာက လူစည်ကားရာ နေရာကို ပစ်မှတ်ထားပြီး ပေါင်၅၀၀ ဗုံးတွေ ကြဲချသွားခဲ့တာဖြစ်ပါတယ်။

အဆိုပါ တိုက်ခိုက်မှုကြောင့် နိုဗယ်ဝမ်းဆီဆိုင်နဲ့ ဆောက်လက်စတိုက်တွေဘက် ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

“ကြဲသွားတဲ့ ဖိုက်တာက တံတားဦးလေတပ်ကနေ ၂၆ရက်နေ့ နေ့ခင်း ၁၁နာရီကျော်လောက်မှာတက်ပြီး ကလေးဝဘက်ကနေ ပြန်ဝိုက်လာပြီးမှ ကံထူးမရွာကို ကြဲတာပါ။ ပေါင်၅၀၀ဗုံး၂လုံးပါ။ ကြဲသွားတဲ့နေရာက ဆီဆိုင်နားဆိုတော့ ဆီလောင်ကန်တွေကအစ ပေါက်ကွဲအားပြင်းပြီး အကုန်ပျက်စီးကုန်တယ်။ ဆီဆိုင်လည်း တစ်ဆိုင်လုံးပျက်စီးသွားသလို သားအဖ၂ယောက်လုံးသေပါတယ်။” လို့ People’s Defense Comrade တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စု လက်ပါးစေ ဝါဒဖြန့်ချန်နယ်တွေမှာတော့ နိုဗယ်ဝမ်းဆီဆိုင်ဟာ PDF နဲ့ KIA ဖွင့်ထားတာဖြစ်ကြောင်းနဲ့ အထိုင်စခန်းဖြစ်တာကြောင့်ဗုံးကြဲတာလို့ လိမ်လည်ပြောဆိုကြပါတယ်။

ဗုံးကြဲခံရမှုကြောင့် သေဆုံးခဲ့သူတွေထဲ အမျိုးသမီး၂ယောက်ပါဝင်ပြီး အရပ်သားတွေချည်းပဲဖြစ်သလို လက်ရှိမှာတော့ ရုပ်အ​လောင်းတွေကို သဂြိုလ်ပေးပြီးဖြစ်တယ်လို့ သိရပါတယ်။

“သေဆုံးသူတွေထဲမှာ NUG ပညာရေးကာလမှာ ကလေးတွေကို စာဝိုင်းကူသင်ကြားပေနေတဲ့ ဒုတိယနှစ်ကျောင်းသူ မထက်မိုးဦးလည်း ပါသွားတယ်လို့သိရတယ်။ အသက် ၂၀ ကျော်ပဲရှိသေးတယ်။ နောက်တစ်ယောက်က နိုဗယ်ဝမ်းဆီဆိုင်ပိုင်ရှင်သမီးပါ။ ကျန်တာတွေ​​က အသက်၂၀ကျော် အသက် ၃၀ကျော်ဝန်းကျင်တွေချည်းပါပဲ။ ပန်းရံလုပ်နေတဲ့သူတွေရယ် ခရီးသွားလာနေတဲ့ ကျွန်းလှနယ်ထဲကပြည်သူတွေရယ်ပါ။” လို့ People’s Defense Comrade တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်ခံရမှုထဲ သေဆုံးခဲ့တဲ့ NUG ရဲ့ သင်ကြားရေးအတတ်ပညာတက္ကသိုလ် ပညာရေးဘွဲ့(မူလတန်းပညာရေးအထူးပြု) ဒုတိယနှစ်တက်ရောက်နေတဲ့ မထက်မိုးဦးအတွက်လည်း NUG ပညာရေးဝန်ကြီးဌာနက ဝမ်းနည်းကြောင်းစာထုတ်ပြန်ထားပါသေးတယ်။

တန့်ဆည်မြို့နယ်၊ ကံထူးမရွာ လေကြောင်းတိုက်ခိုက်ခံထားရသည့် မြင်ကွင်းများ (ဓာတ်ပုံ People’s Defense Comrade)

0 Shares:
You May Also Like
Read More

ခင်ဦးမြို့ပေါ် ဆေးရုံမှာ အထိုင်ချ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ကို သွားရောက်ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ပေါ် ဆေးရုံမှာ အထိုင်ချ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ပစ်ခတ်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိတယ်လို့ FUTURE HERO အဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

အောက်တိုဘာ တစ်လအတွင်း ယောမှာ စစ်တပ်လေကြောင်း ၈ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ပြီး ပြည်သူ ၁၁ ယောက် သေဆုံးခဲ့

ပြီးခဲ့တဲ့ အောက်တိုဘာလ တစ်လအတွင်းမှာတင် မကွေးတိုင်း၊ ယောဒေသမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၈ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ကြောင်း ပဉ္စမ မဏ္ဍိုင်( PMCSG ) က ထုတ်ပြန်ပါတယ်။
Read More

လူနာလာခေါ်တဲ့ ပရဟိတကားကို စစ်တပ်က ရွာထဲအဝင်မခံတာကြောင့် မိုင်းထိသူ ‌သွေးထွက်လွန်ပြီး သေဆုံး

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ရေငံရွာက အမျိုးသားတစ်ယောက်ဟာ စစ်ကောင်စီထောင်ထားတဲ့ မြေမြှုပ်မိုင်းကြောင့် ခြေထောက်ထိကာ သွေးထွက်လွန် သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ထားဝယ်မြို့နယ်၊ ပကာရီကျေးရွာရှိ စစ်ကော်မရှင်တပ်သားများကို ဝင်ရောက်တိုက်ခိုက်၊ တပ်ကြပ်ကြီးအဆင့် (၂) ဦးအပါ ၇ ဦးသေဆုံးပြီး ဒုဗိုလ်မှူးကြီးအပါ ၅ ဦး ဒဏ်ရာရ…

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ ထားဝယ်−ထီးခီးလမ်းပေါ်ရှိ ပကာရီကျေးရွာရှိ ယက္ကန်းစင်ဘုန်းကြီးကျောင်းမှာ ယာယီတပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်သားတွေကို ဝင်ရောက်တိုက်ခိုက်ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒူရကစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

ကျန်းမာရေးမကောင်းသည့် စစ်ရှောင်မိန်းကလေးကို ရှမ်းနီ SNA တပ်သား အဓမ္မပြုကျင့်

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဗန်းမောက်မြို့နယ်မှာ အကြမ်းဖက်စစ်တပ် လက်ပါးစေ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်သားက စစ်ရှောင်အမျိုးသမီးတစ်ယောက်ကို အဓမ္မပြုကျင့်ခဲ့တယ်လို့ မိသားစုဝင်ထံက သိရပါတယ်။
Read More

မဲဇလီ-ဆည်တော် စစ်တပ်စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်၊ ဘန်ကာ ၃ လုံး ပြိုကျပြီး စစ်ကောင်စီတပ်သား ၅ ယောက် သေ

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ မဲဇလီ-ဆည်တော် စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်က (၅) ယောက်သေဆုံးပြီး (၁) ယောက် ဒဏ်ရာအပြင်းအထန်ရရှိသွားတယ်လို့ မကွေးတိုင်း ပ.က.ဖ ရဲ့ ရွေ့လျားစစ်ကြောင်း Yenanthar Column က ထုတ်ပြန်ထားပါတယ်။