ကရင်ပြည်နယ် လေးကေကော်မြို့ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်စစ်ကြောင်း တိုက်ခိုက်ခံရပြီး အများအပြားသေဆုံးခဲ့တယ်လို့ Black Panther Column မှ သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကော်မရှင်တပ်သားတွေဟာ မူးယစ်ဆေးဝါးများ သုံးစွဲထားပြီး တိုက်ပွဲအတွင်း အများအပြားသေဆုံးခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲမှာ ဗိုလ်ကြီးဒါ​ဘောဦး​ဆောင်​တဲ့ ဗျူဟာအမှတ် ( ၃၂ ) ကျားသစ်နက်စစ်​ကြောင်း ၊ ​ကော်ဘရာ​စစ်​ကြောင်းနှင့် မဟာမိတ်ပူး​ပေါင်းစစ်​ကြောင်းများက ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ရဲဘော်တွေ အထိအခိုက်မရှိခဲ့ဘဲ လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိထားတယ်လို့ သိရပါတယ်။

Video-မျိုးမြင့်​ကျော် ( ကျားသစ်နက်စစ်​ကြောင်း တပ်ခွဲ ၂ )

0 Shares:
You May Also Like
Read More

ခလရ ၂၅၈ မှ ထွက်လာသည့် စစ်ကောင်စီတပ်သားများ စောင့်ကြိုတိုက်ခိုက်ခံရ၊ ၃ ဦးသေပြီး ၁၀ ဦးကျော် ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ခလရ ၂၅၈ တပ်ရင်းကနေ အင်အား ၁၅၀ ခန့်နဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဧပြီ ၂၉ ရက် မနက်ပိုင်းမှာ တော်လှန်ရေးတပ်တွေ စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ယောက်သေပြီး ၁၀ ယောက်ကျော် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ်ထံက သိရပါတယ်။
Read More

ပခုက္ကူ တန့်ကြည့်တောင်ခြေရင်းရှိ အကြမ်းဖက်စစ်အုပ်စုကို ဒရုန်းဗုံးသီးကြဲချပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ တန့်ကြည့်တောင်ခြေရင်းမှာရှိတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေါင်းရင်သွေး ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ သားဖြစ်သူတောင်းဆိုစာကို ယူကေရှိ မြန်မာသံရုံး လက်မခံ (ရုပ်/သံ)

စစ်တပ်က အာဏာသိမ်းပြီး မတရားဖမ်းဆီးခံရထားရတဲ့ အမေ့ကို လွှတ်ပေးဖို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ထံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်းက စာရေးသားတောင်းဆို ချက်ကို ယူကေရှိ မြန်မာသံရုံးသို့ သွားရောက်ပေးပို့ခဲ့တယ်လို့ သိရပါတယ်။
Read More

မလှိုင်မြို့နယ် သုံးထောင်ကျေးရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်သားတွေကို တိုက်ခိုက်မှု ၂ ယောက် သေကာ ၁ ယောက် ဖမ်းဆီးရမိ

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ သုံးထောင်ကျေးရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို ဇန်နဝါရီ ၂ ရက် နေ့လယ်ပိုင်းက သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ Natogyi People Defence Force ထံက သိရပါတယ်။
Read More

အုတ်တွင်းမြို့နယ်အတွင်း စစ်တပ် လက်နက်ကြီးကြောင့် အရပ်သား ၁ ဦး သေဆုံး၊ ၇ ဦးကျော် ဒဏ်ရာရကာ နေအိမ် ၇ လုံး မီးလောင် (ရုပ်/သံ)

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာကို မတ်လ ၂၂ နဲ့ ၂၃ ရက်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တောင်ငူခရိုင်အမှတ် ၂ တပ်ရင်း P23502 က ထုတ်ပြန်ထားပါတယ်။
Read More

အကြမ်းဖက်စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ကို ထိုးစစ်ဆင်တိုက်ခိုက်နိုင်ရေး တော်လှန်‌ပြည်သူတွေ ဝန်းရံပေးကြဖို့ တောင်းဆို (ရုပ်/သံ)


လမ်းများအားလုံး နေပြည်တော်သို့ဆိုတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လမ်းညွှန်မှုနဲ့အတူ နေပြည်တော်အနီး ချဉ်းကပ်တိုက်ပွဲဝင်လျက်ရှိပြီး ပြည်သူလူထုတွေ ပူးပေါင်းပါဝင်ပေးမယ့် အကူအညီတွေ လိုအပ်နေတဲ့အတွက် နေပြည်တော် PDF စစ်ကြောင်း တပ်ရင်း(၉၀၁) တပ်ရင်းမှူး ဇင်ယော်က အခုလို တောင်းဆိုထားပါတယ်။