စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့မရဲစခန်းနဲ့ စစ်ကော်မရှင်တပ်သားတွေ အထိုင်ချထားတဲ့ နေရာတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆားလင်းကြီးမြို့နယ် လက်ရုံးတပ် ပ.က.ဖမှ သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ ရက်က ဆားလင်းကြီးမြို့မရဲစခန်းနဲ့ စစ်ကော်မရှင်တပ်သားတွေ အထိုင်ချ နေရာတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ စစ်သားနဲ့ ရဲတွေ ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။

Video-ဆားလင်းကြီးမြို့နယ် လက်ရုံးတပ် ပ.က.ဖ

0 Shares:
You May Also Like
Read More

လင်းဇင်းတိုက်နယ် ရဲစခန်းကို တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီး (ရုပ်/သံ)

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ လင်းဇင်းတိုက်နယ်ရဲစခန်းကို ဖေဖော်ဝါရီ ၃ ရက် မနက်ပိုင်းက တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဗမာ့တပ်တော် - Bamar Army ထံက သိရပါတယ်။
Read More

နတ်မောက်-ပျော်ဘွယ်လမ်းပိုင်းမှာ စစ်ဆေးရေးလုပ်နေတဲ့ တော်လှန်ရေးတပ်တွေနဲ့ အကြမ်းဖက်စစ်သားတွေ တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

မကွေးတိုင်း နတ်မောက်-ပျော်ဘွယ်လမ်းပိုင်းမှာ စစ်ဆေးရေးလုပ်နေတဲ့ တော်လှန်ရေးတပ်တွေနဲ့ အကြမ်းဖက်စစ်သားတွေ ထိပ်တိုက်တွေ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ People's Defense Organization - Natmaukမှ သတင်းထုတ်ပြန်ထားပါတယ်။ ဒီဇင်ဘာ ၅ ရက် ညပိုင်းက နတ်မောက်ပျော်ဘွယ်လမ်းပိုင်း ဥယျာဉ်လမ်းပေါက်အနီး လမ်းပိုင်းစစ်ဆေးမှုပြုလုပ်နေတဲ့ တော်လှန်ရေးတပ်တွေနဲ့ အကြမ်းဖက်စစ်သားတွေး စီးနင်းလာတဲ့ ကား ထိပ်တိုက်တွေ့ပြီး ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

ယနေ့ နေ့လယ် မိုးကုတ်မြို့ ဘုရားငါးဆူကို စစ်ကော်မရှင် ဗုံးကြဲ (ရုပ်/သံ)

မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ ဘုရားငါးဆူအနီးကို အကြမ်းဖက်စစ်ကော်မရှင်က ဒီနေ့ အောက်တိုဘာ ၂၁ရက် နေ့လယ်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

စစ်ကောင်စီတပ်က လေကြောင်းကနေ ကျောက်မဲဆေးရုံကို ၂ ကြိမ်ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ၂ ယောက်သေပြီး ၂၀ ကျော် ဒဏ်ရာရ (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း တအောင်းတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို ယနေ့ ဇန်နဝါရီ ၂၅ ရက် နေ့လယ် ၁ နာရီ ၂၅ မိနစ်နဲ့ ၁ နာရီ ၂၉ မိနစ်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းကနေ ၂ ကြိမ် ဗုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ PSLF/TNLAရဲ့ သတင်းရဲ့ ပြန်ကြားရေးထုတ်ပြန်ထားပါတယ်။
Read More

သလဲဘာပျူစခန်းကနေ ကင်းပတ်လာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၆ ယောက်ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း အရာတော်မြို့နယ် သလဲဘာပျူစခန်းကနေ ကင်းပတ်လာတဲ့ စစ်ကောင်စီတပ်သား တွေကို တိုက်ခိုက်ခဲ့ရာ ၆ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Ngwe Dwin Revolution Force အဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်မှာ ပြန်ပေးဆွဲခံခဲ့ရတဲ့ စက်သုံးဆီဆိုင်ပိုင်ရှင် ၅ ရက်ကြာတဲ့အထိ မိသားစုနဲ့ အဆက်အသွယ်ပြတ်နေ (ရုပ်/သံ)

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက် မြို့ပတ်လမ်း ၃၃ လမ်းနဲ့ ၃၄ လမ်းထောင့်က စားသောက်ဆိုင်အနီးမှာ ဇန်နဝါရီ ၃ ရက် ညနေပိုင်းက စတားပါဝါစက်သုံးဆီဆိုင်ပိုင်ရှင် ဦးထွန်းလင်းနိုင်ဦးကို လူတစ်စုက ပြန်ပေးဆွဲဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။