စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ရွှေဘို-မြစ်ကြီးနားလမ်းမကြီးပေါ်မှာ အထိုင်ချထားတဲ့ စစ်ကော်မ ရှင်တပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Air Force One အဖွဲ့ထံက သိရပါတယ်။

စက်တင်ဘာ ၂၅ ရက်က ကန့်ဘလူမြို့နယ် ရွှေဘို-မြစ်ကြီးနားလမ်းမကြီးပေါ် ငှက်ပျောတိုင်းရွာမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်ကော်မရှင်တပ်သးတွေရဲ့ အခြေအနေကို မသိခဲ့ရဘဲ တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

စစ်ဆင်ရေးအတွင်း သိန်း ၇၀၀ ခန့်တန်ဖိုးရှိ ဒရုန်း ၁ စီး ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ သိရပြီး စစ်ကော်မရှင်ကို ဆက်လက်တိုက်ခိုက်နိုင်ဖို့ ငွေကြေးအခက်အခဲဖြစ်ပေါ်နေတဲ့အတွက် တော်လှန်ပြည် သူများ ထောက်ပံ့ပေးကြဖို့ Air Force One အဖွဲ့မှ မေတ္တာရပ်ခံထားပါတယ်။

Video-Air Force One

0 Shares:
You May Also Like
Read More

မွန်ပြည်တော်လှန်ရေးတပ် (MSRF) ရဲ့ ရှေးဦးသူနာပြုနဲ့ အသက်ကယ်ဆယ်ရေးသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ (ရုပ်/သံ)

မွန်ပြည်တော်လှန်ရေးတပ် (MSRF) ရဲ့ရှေးဦးသူနာပြုနဲ့ အသက်ကယ်ဆယ်ရေး သင်တန်းဆင်းပွဲ အခမ်းအနားကို ၄င်းတို့ရဲ့တပ်စခန်းမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ MSRF  က ယမန်နေ့ ဩဂုတ်လ ၁၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
Read More

ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) တော်လှန်ရေး (၄) နှစ်ပြည့်အထိမ်းအမှတ် စစ်ဦးစီးချုပ် ဆလိုင်းထန်းချွမ်ဖေ၏ မိန့်ခွန်း (ရုပ်/သံ)

''ကျနော် မြို့နယ်မင်းတပ် လွတ်မြောက်ခြင်းဟာ ချင်းပြည်တစ်ခုလုံး လွတ်မြောက်ခြင်းမဟုတ်ပါဘူး။ ထို့အတူ မြန်မာနိုင်ငံတစ်ခုလုံး လွတ်မြောက်သေးတာလည်း မဟုတ်ပါဘူး။ ကျန်ရှိနေသေးတဲ့ အခြားမြို့တွေကိုလည်း အာဏာရှင်စနစ်ကနေ လွတ်မြောက်ပြီးတော့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရှိတဲ့ စနစ်တစ်ခုဆီကို သွားရမှာ ဖြစ်ပါတယ်။
Read More

မင်းဘူးခရိုင်အတွင်း အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုးပြီး ကျေးရွာတွေကို မီးရှို့ဖျက်ဆီး (ရုပ်/သံ)

မကွေးတိုင်း မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ်နဲ့ စေတုတ္တရာမြို့နယ်အစပ်ရှိ ကျေးရွာတွေကို နိုဝင်ဘာ ၂၈ ရက် နံနက်ပိုင်းက အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်လာပြီး အရပ်သားပြည်သူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
Read More

အကြမ်းဖက်စစ်အုပ်စု တိုက်ခိုက်ခံရပြီးနောက် မုတ်ကျိတ်ကျေးရွာရှိ ကချင်နှစ်ခြင်းဘုရားကျောင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်ဖျက်ဆီး (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မုတ်ကျိတ်ကျေးရွာကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အတွက် ကချင်နှစ်ခြင်းဘုရားကျောင်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

စစ်ရေးအရှိန်မြှင့်တင်နိုင်ဖို့နဲ့ စိုးမိုးနယ်မြေတွေ ထိန်းချုပ်နိုင်ဖို့ တောင်သာ PDF မှ ရဲဘော်သစ်များ ခေါ်ယူ (ရုပ်/သံ)

တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TTA-PDF) မှ စစ်ရေးအရှိန်မြှင့်တင်နိုင်ဖို့နဲ့ စိုးမိုး နယ်မြေတွေအား ထိန်းချုပ်နိုင်ဖို့ အပတ်စဉ် (၉)အတွက် တပ်သားသစ်များ ခေါ်ယူလျက်ရှိတယ်လို့ သိရပါတယ်။
Read More

ချောင်းဦးမြို့နယ်အတွင်း လက်နက်ကြီး ပစ်ခတ်နေသည့် စစ်တပ်အထိုင်နေရာများကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်နေစဉ် ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Sagaing District Drone Force က သတင်းထုတ်ပြန်ထားပါတယ်။