စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ငှက်ပျောတိုင်းရွာက အထိုင်ချစစ်တပ်ကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ကန့်ဘလူခရိုင် (1820) ဒရုန်းတပ်ဖွဲ့ (Air Force One) က စက်တင်ဘာ ၂၆ ရက် မနေ့က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၅ ရက်က ရွှေဘို – မြစ်ကြီးနားလမ်းပိုင်းပေါ်ရှိ ငှက်ပျောတိုင်းရွာမှာ အထိုင်ချထားတဲ့ အကြမ်းဖက်စစ်တပ်ကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုကို မသိရသေးဘဲ တော်လှန်ရေးတပ် ဘက်က ကျပ်သိန်း ၇၀၀ တန်ဖိုးရှိ ဒရုန်းတစ်စင်း ဆုံးရှုံးတယ်လို့ သိရပါတယ်။
“စကမတပ် အသေအပျောက်မသိရသေးပေမယ့် မိမိတို့ ဒုန်းတစီး ပျက်စီးသွားခဲ့ရပြီး သိန်း (၇၀၀)လောက် ဆုံးရှုံးခဲ့ရပါတယ်။ အသိရှိသူများ ငွေကြေးတတ်နိုင်သူများ အားလုံးကို ဖိတ်ခေါ်ချင်ပါတယ်၊ ဖက်စစ် စစ်တပ်ကို အမြစ်ပြတ်အောင်တိုက်မဲ့ အဖွဲ့အစည်းတခု ငွေကြေးခက်ခဲပီး မိမိတို့အရင် အမြစ်ပြတ်သွားမှာလဲ စိုးရိမ်ရပါတယ်ဗျ။” လို့ Air Force One ဒရုန်းအဖွဲ့က ရေးသား ဖော်ပြထားပါတယ်။

ငှက်ပျောတိုင်းရွာမှာ အကြမ်းဖက်စစ်တပ် တပ်စွဲထားတာ ရှစ်လလောက်ကြာမြင့်ပြီဖြစ်ပြီး အဆိုပါရွာအပြင် အနီးဝန်းကျင်က ခဦးတာရွာ၊ ပေကြီးရွာတွေက ပြည်သူတွေဟာ စစ်ဘေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ခရီးသွားပြည်သူတွေအနေနဲ့လည်း အကြမ်းဖက်စစ်တပ်နဲ့ ကင်းလွှတ်ရာမှာ နေထိုင် သွားလာကြဖို့ကိုလည်း Air Force One ဒရုန်းတပ်ဖွဲ့က အသိပေးထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

ထားဝယ်မြို့မှတက်လာသည့် အကြမ်းဖက်စစ်ကြောင်း တပ်သား ၄ ဦးကို လက်နက်များနှင့်အတူ KNLA ဖမ်းမိ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့က တက်လာတဲ့ အကြမ်းဖက်စစ်ကြောင်း ခလရ (၂၈၂) တပ်ရင်း စစ်သား ၄ယောက်ကို ဖမ်းဆီးရမိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။
Read More

လောင်းလုံးမှာ မိုက်ခရိုဝေ့တာဝါတိုင်နဲ့ စီမံကိန်းရုံးက စစ်ကောင်စီတပ်စခန်းတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်သား ၃ ယောက် သေဆုံး…

တနင်္သာရီတိုင်း ၊ လောင်းလုံးမြို့နယ်အတွင်းရှိ မိုက်ခရို ဝေ့တာဝါတိုင်နဲ့ စီမံကိန်းရုံးတို့က အကြမ်းဖက်စစ်တပ်စခန်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်သား ၃ ယောက် သေဆုံးခဲ့တယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
Read More

ပခုက္ကူခရိုင် အမှတ် ၁၇ တပ်ရင်း၏ အခြေခံစစ်ပညာသင်တန်း သင်တန်းဆင်းပွဲနှင့် ယူနီဖောင်း တပ်ဆင်ခြင်းအခမ်းအနား (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကူခရိုင် အမှတ် ၁၇ တပ်ရင်းက အခြေခံစစ်ပညာသင်တန်း သင်တန်းဆင်းပွဲနဲ့ ယူနီဖောင်း တပ်ဆင်တဲ့ အခမ်းအနားကို အောက်တိုဘာလ (၉) ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

ညောင်ရွှေမှာ စစ်ကောင်စီတပ်နှင့် PNA ပြည်သူ့စစ်များ တိုက်ပွဲမဖြစ်ပွားဘဲ ဒရုန်းနဲ့ လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်၊ အရပ်သား ၁ ယောက် ဒဏ်ရာရပြီး နေအိမ် ၃ လုံး ပျက်စီး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ် PNA ပူးပေါင်းတပ်တွေရဲ့ ဒရုန်းနဲ့ လက်နက်ကြီးတွေ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား ၁ ယောက် ဒဏ်ရာရပြီး နေအိမ် ၃ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ အင်းလေးဒေသ လူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် ကျိုက်ထိုမှာ ဘုန်းကြီးတစ်ပါး ပျံလွန်တော်မူခဲ့ရ

စစ်ကောင်စီ က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ကျိုက်ထိုခရွဲကျေးရွာဘုန်းကြီးကျောင်းက ဦးပဇ္ဇင်းတစ်ပါး ပျံလွန်ပြီး နှစ်ပါးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်လိုက်ပါတယ်။
Read More

မြင်းခြံမြို့နယ် မရိုးကုန်းရွာ လေကြောင်းတိုက်ခိုက်ခံရပြီး သားအဖ ၂ ယောက် သေဆုံး၊ ၉ ယောက် ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မရိုးကုန်းရွာကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။