မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ မိုးသည်းထန်စွာရွာသွန်းပြီးတဲ့နောက် စစ်ကြောင်းဝင်မီးရှို့ခံထားရတဲ့ ယောချောင်းဘေးကကျေးရွာတွေမှာ ရေကြီးရေလျှံကာ လယ်ယာမြေတွေ ပျက်စီးဆုံးရှုံးတာတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အခုရက်ပိုင်းအတွင်း တိုင်ဖွန်းမုန်တိုင်း ရာဂါဆာအရှိန်နဲ့ တစ်နိုင်ငံလုံးနီးပါး မိုးသည်းထန်စွာရွာသွန်းခဲ့ပြီးနောက် ပေါက်မြို့နယ်အရှေ့တောင်ပိုင်းက လယ်ယာလုပ်သူတွေအဓိကအားထားရာ ယောချောင်းအတွင်း ရေကြီးရေလျှံတာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

စက်တင်ဘာ ၂၆ ရက်မှာတော့ ယောချောင်းအတွင်းက ရေတွေဟာ လယ်ယာမြေတွေကို တိုက်စားပြီး ကမ်းပါးဖဲ့ခြွေမှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် ​ကျေးရွာ ၃ ရွာထက်မနည်း အရပ်သားတွေလုပ်ကိုင်ထားတဲ့ လယ်ဧက ၁၀၀ ကျော်ဟာ ချောင်းရေနဲ့အတူ မျောပါဆုံးရှုံးခဲ့ရတာဖြစ်ကြောင်း သိရပါတယ်။

ယောချောင်းဘေးဝဲယာက ဒေါင်းသာ၊ သဖန်းချောက်၊ ဇီးဖြူကုန်းနဲ့ ရေယဥ် ကျေးရွာတွေအပါ နေရာအတော်များများမှာ ရေဖဲ့တိုက်စားပြီး စပါးခင်းတွေ ရေနစ်မြုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလို ရေကြီးရေလျှံမှုတွေဖြစ်ပြီး စပါးခင်းတွေ ချောင်းရေထဲမျှောပါသွားခဲ့တဲ့ ရေယဥ်ကျေးရွာဟာ ပြီးခဲ့တဲ့ သြဂုတ် ၂၀ ရက်တုန်းက အကြမ်းဖက်စစ်ကြောင်းဝင်ရောက်ခဲ့ပြီး အရပ်သားတွေကို သတ်ကာ နေအိမ်အလုံး ၃၀ နီးပါး မီးရှို့ဖျက်ဆီးခံထားရတဲ့ ကျေးရွာလည်း ဖြစ်ပါတယ်။

“နဂိုက ရေတင်စိုက်ရတာ၊ မိုးကအခုမှကောင်းနေတာ။ အခုဆို နိုင်ငံရေးကမကောင်း စပါးခင်းတွေကရေနစ် ရွာကမီးရှို့ခံရနဲ့ဆိုတော့ ဒေသခံတွေအဖို့အ​တာ်လေးဒုက္ခရောက်ရတယ်။ နောက်ပြီး ဆောင်းသီးနှံကြက်သွန်တွေလည်းမရောင်းကြရဘူး။” လို့ ဒေသခံ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
အထက်ပါ ယောချောင်းဟာ ချင်းပြည်နယ် မင်းတပ်မြို့ကနေ အဖျားခံစီးတင်းတာဖြစ်ပြီး ပေါက်နဲ့ ဆိပ်ဖြူကတဆင့် ဧရာဝတီမြစ်အတွင်း စီးဝင်တယ်လို့လည်း သိရပါတယ်။

ပခုက္ကူခရိုင်အတွင်းက ပေါက်မြို့နယ်ဟာ ကပစ စက်ရုံတွေတည်ရှိသလို နယ်မြေခံလက်နက်ကိုင်ပျူစောထီးတွေလည်းများတာကြောင့်မကြာခဏဆိုသလို စစ်ကြောင်းထိုးခံရတာ၊ လက်နက်ကြီးပစ်ခတ်ခံရတာနဲ့ လေကြောင်းတိုက်ခိုက်ခံရတာတွေ ရှိနေတာဖြစ်ပါတယ်။

ဒီအတွက်စစ်ကြောင်းထိုးမီးရှို့ဒဏ်နဲ့ လက်နက်ကြီး၊ လေကြောင်းဒဏ်မျိုးစုံကိုခံစားနေရတဲ့အရပ်သားတွေဟာ လက်ရှိသဘာဝဘေးဒဏ်ကြောင့်လည်း စားဝတ်နေရေးအခြေအနေတွေ အတော်လေး ထိခိုက်နေရတယ်လို့သိရပါတယ်။

လက်ရှိ စက်တင်ဘာလ ၂၇ရက် ဒီနေ့နေ့လည်ပိုင်းမှာလည်း ပေါက်မြို့နယ်အနောက်မြောက်ပိုင်း၊ ပုံတောင်နယ် တစ်နေရာကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာတစ်စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့သေးတယ်လို့သိရပါတယ်။

ပုံစာ – ယောချောင်းရေလျှံပြီး ပျက်စီးခဲ့သည့် လယ်များအားတွေ့ရစဥ်
ဓာတ်ပုံ – ဒေသခံ ပေးပို့
0 Shares:
You May Also Like
Read More

စစ်ပွဲတွေ ဖြစ်ပေါ်နေတဲ့ ဒေသတွေမှာ ရေကြီးရေလျှံမှု ဖြစ်ပွားပြီးနောက် သတိပြုလိုက်နာရမယ့် ဘေးအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ဖို့ အချက်တွေကို တောင်ပိုင်းစစ်ဒေသ ထုတ်ပြန်

စစ်ပွဲတွေ ဖြစ်ပေါ်နေတဲ့ ဒေသတွေမှာ ရေကြီးရေလျှံမှု ဖြစ်ပွားပြီးနောက် သတိပြုလိုက်နာရမယ့် ဘေးအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ဖို့ အချက်တွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။
Read More

ရေစကြိုမှာ အရပ်သားလူငယ်တစ်ယောက် PDF ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီး အသတ်ခံရ၊ မြို့ပေါ်မှာ လူသတ်၊ ဓားပြတိုက်၊ အနုကြမ်းစီးတာတွေ ပိုပိုများလာလို့ မြို့ခံတွေထိတ်လန့်နေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့ပေါ်ရပ်ကွက်တွေမှာ လူသတ်၊ ဓားပြတိုက်၊ အနုကြမ်းစီးမှုတွေ ပိုမိိုဆိုးရွားလာပြီး အရပ်သားလူငယ်တစ်ယောက်ကိုလည်း အကြမ်းဖက်စစ်အုပ်စုက PDF အဖြစ် စွပ်စွဲသတ်ဖြတ်ခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

လူငယ် ၈၀၀၀ ကျော်ကို ဖမ်းဆီးထားကာ ထောင်နှင့်ချီ သတ်ဖြတ်ထားသည့် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က လူငယ်ကဏ္ဍ အရေးကြီးကြောင်း ပြော

အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်း လူငယ်လူရွယ် ၂၀၀၀ ကျော်ကို သတ်ဖြတ်ပြီး လူငယ် ၈၀၀၀ ကျော်ကို ဖမ်းဆီးခဲ့တဲ့ အကြမ်းဖက်စစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင်က တိုင်းပြည်တည်ဆောက်ရေးမှာ လူငယ်အခန်းကဏ္ဍကို အထူးအလေးထား ဆောင်ရွက်ပေးနေတယ်လို့ ပြောဆိုလိုက်ပါတယ်။
Read More

ဆေးစွဲနေသူတွေ၊ စိတ်ပိုင်းဆိုင်ရာပြိုလဲပြီး သွေးရူးသွေးတန်း ဖြစ်နေသူတွေနဲ့ တိုက်ခိုက်ခဲ့ရတဲ့ ပင်လည်ဘူးမြို့သိမ်းပွဲ

စစ်ရေးမဟာဗျူဟာကျတဲ့ ပင်လည်ဘူးမြို့ကို ၅၄ ရက်ကြာ တိုက်ခိုက်ပြီးတဲ့နောက် အောက်တိုဘာ ၈ရက်နေ့မှာ တော်လှန်ရေးတပ်တွေ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပါတယ်။
Read More

စစ်တပ်နှင့်ပေါင်းပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များကို များစွာဖိနှိပ်ခဲ့သည့် ရွာငံ ပျူခေါင်းဆောင် ဝင်းမြင့်ကို ပစ်ခတ်ရှင်းလင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ပေါင်းပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ ပျူစောထီးခေါင်းဆောင် ဝင်းမြင့်နဲ့ အပေါင်းအပါတွေ ပစ်ခတ်ရှင်းလင်းခံရပြီး သေဆုံးသွားကြောင်း ရွာငံတော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ယောက်က မောင်းကိုပြောပါတယ်။
Read More

ဒိုက်ဦး ခမရ ၄၄၀ မှ စစ်မှုထမ်းဆင်းစစ်သား ၂ ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်လာ

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။