ပဲခူးတိုင်း ၊ ကြို့ပင်ကောက်မြို့နယ်ရှိ ကျေးရွာတွေကို စစ်ကော်မရှင်တပ်သားတွေက ဒရုန်းဗုံးသီး နဲ့ လာရောက်ပစ်ခတ်သွားသလို ဒေသခံ ၃ ယောက်ကိုလည်း ပေါ်တာဖမ်းဆီးသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း ၃၈၀၁ တပ်ခွဲ ၁ တပ်ခွဲမှူးဆီက သိရပါတယ်။

စက်တင်ဘာ ၂၇ ရက် ဒီနေ့ နေ့လယ် ၃ နာရီခွဲလောက်မှာ စစ်ကော်မရှင်တပ်သားတွေဟာ အလယ်ကုန်း ရဲစခန်းထဲကို ကား ၂ စီး နဲ့ ရောက်လာပြီး ဒရုန်းဗုံးသီး ၂ လုံး နဲ့ ပစ်ခတ်ခဲ့ရာ တစ်လုံးမှာ ဖလံပင်ရွာ ထဲကျရောက်ပေါက်ကွဲခဲ့တာကြောင့် နေအိမ် ၂ လုံးထိမှန်ပျက်ဆီးသွားပြီး ကျန်တစ်လုံးကတော့ လယ် ကွင်းပြင်ထဲကို ကျရောက်ပေါက်ကွဲသွားတယ်လို့ ဆိုပါတယ်။

“အလယ်ကုန်းရဲစခန်းကို ကား ၂ စီးလာတယ် အဲဒီအချိန်မှာပဲ ဒရုန်းစပြီးလွှတ်တယ် ဒရုန်းလွှတ်ပြီးတော့ ဖလံပင်ရွာကို ဒရုန်း နဲ့ အသီး ၂ လုံးချတယ် တစ်လုံးကတော့ လယ်ကွင်းထဲကျတယ် တစ်လုံးကတော့ ပြည်သူနေအိမ်ကိုကျတယ် ကျတော့ အိမ် ၂ လုံးပျက်ဆီးသွားတယ် ပြီးတော့အလယ် ကုန်းရဲ စခန်း ကနေပြီးမှ လက်နက်ကြီး ၆ ချက်ထုတယ် အဲဒါကလည်း လယ်ကွက်ထဲ ကျတဲ့ဟာကျတယ် ရွာထဲကျ တယ် ပြည်သူ့အိမ်တော့မထိခိုက်ဘူး လူတွေလည်းမထိခိုက်ဘူး” လို့ ၃၈၀၁ တပ်ခွဲ ၁ တပ်ခွဲမှူးကိုကရင်လေးက မောင်းသတင်းဌာနကို ပြောပါတယ်။

စစ်ကော်မရှင်တပ်သားတွေဟာ ဒရုန်း နဲ့ ကျေးရွာတွေဘက်ကို ပစ်ခတ်ပြီးတဲ့နောက် သရက်ကိုင်ကျိုး ရွာထဲကို ထပ်မံဝင်ရောက်ခဲ့ပြီး လူငယ်အမျိုးသား ၃ ယောက်ကို နေအိမ်ထဲထိ ဝင်ရောက်ဖမ်း ဆီးခဲ့ပြီး နောက် ကျေးရွာထဲကနေ ပြန်လည်ထွက်ခွာသွားတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံရတဲ့ ပြည်သူတွေဟာ ယာတောတွေထဲက ပြန်လာပြီး နေအိမ်မှာနားနေချိန် ဖမ်းဆီးခံလိုက် ရတာဖြစ်သလို ၎င်းလူငယ် ၃ ဦးအပြင် ထပ်မံပြီး ဖမ်းဆီးခံရသူ ရှိမရှိကို စုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုပါ တယ်။

“လက်နက်ကြီးထုတယ် ပြီးမှ မြေပြင်ကနေသွားပြီးတော့ ပေါ်တာဆွဲတာ အခုချိန်ကရွာသားတွေက တောင်သူလယ်သမားတွေဆိုတော့ ကိုယ့်လယ်တွေမှာ ပေါင်းလုပ်တာတွေ စပါးပင်တွေကြည့်ရှုတာ တွေရှိတယ် အိမ်ပြန်ရောက်ခါစဆိုတော့ ထွက်ပြေးချိန်တောင်မရလိုက်ဘူး နောက်ထပ်ဘယ်သူတွေပါသွားလဲဆိုတာ ထပ်ပြီးစုံစမ်းနေတယ် ***တွေကတော့ ပြန်ဆုတ်သွားပြီး ” လို့ အထက်ပါတပ်ခွဲမှူး ကိုကရင်လေးက ဆက်ပြောပါတယ်။

စစ်ကော်မရှင်တပ်သားတွေဟာ ဒရုန်း နဲ့ ပစ်ခတ်တဲ့ကျေးရွာ နဲ့ ပေါ်တာဝင်ဆွဲခဲ့တဲ့ကျေးရွာအပြင် အခြားရွာနားနီးစပ်ရှိကျေးရွာတွေမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားတာလည်းမရှိသလို ၊ ကာကွယ်ရေးတပ်ဖွဲ့ တွေ ဝင်ထွက်သွားလာတာမျိုးလည်းမရှိဘူးလို့ သိရပါတယ်။

စက်တင်ဘာ ၂၆ ရက်ကလည်း အဆိုပါ အလယ်ကုန်းရဲစခန်းကနေ မြို့ကိုင်ရွာထဲကို ဒရုန်းဗုံးသီး ၂ လုံး နဲ့ လာရောက်ပစ်ခတ်ခဲ့ရာ တစ်လုံးဟာပေါက်ကွဲသွားပြီး ၊ ကျန်တစ်လုံးဟာ မပေါက်ကွဲပဲကျန်နေတဲ့အတွက် ကာကွယ်ရေးတပ်သားတွေက ဒီနေ့မှာ သွားရောက်တူးဖော်ပေးခဲ့တယ်လို့ ဆိုပါတယ်။
0 Shares:
You May Also Like
Read More

အမ်း နပခ ကျပြီ၊ ဒုတိုင်းမှူးနဲ့ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ၂ ယောက်ကို ဖမ်းဆီးရမိတယ်လို့ AA အတည်ပြု

ရခိုင်ပြည်နယ်၊ အမ်းမြို့က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တစ်ခုလုံးကို ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်ရရှိပြီး ဒုတိုင်းမှူးနဲ့ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ၂ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ AA က တရားဝင် အတည်ပြုလိုက်ပါတယ်။
Read More

နောင်ချို၊ တောင်ခမ်းရွာကို စစ်ကောင်စီက အဆိပ်ငွေ့ဗုံး သုံးလုံးကြဲချ တိုက်ခိုက်

နောင်ချိုမြို့နယ်၊ တောင်ခမ်းရွာကို စစ်တပ်က လေကြောင်းကနေ အဆိပ်ငွေ့ ဗုံးသုံးလုံးကြဲချ တိုက်ခိုက် ခဲ့တယ်လို့ TNLA က ဒီနေ့ ဧပြီ ၆ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

တနင်္သာရီမြို့နယ်၊ တမုတ်ချုံးရွာတွင် တပ်စွဲထားသည့် စစ်တပ်ကို သွားရောက်တိုက်ခိုက်

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ တမုတ်ချုံးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို သွားရောက် တိုက်ခိုက်ခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ဝက်လက်မြို့နယ်၊ ရုံပင်ကုန်းကျေးရွာအနီး အကြမ်းဖက်စစ်တပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၄ ဦး သေဆုံးပြီး ၆ ဦးခန့် ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရုံပင်ကုန်းကျေးရွာအနီး အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၄ ယောက် သေဆုံးပြီး ၆ ယောက်ခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Wetlet Informational Network က ဒီနေ့ ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
Read More

မအူပင်မှာ တိုင်းရင်းသားလက်နက်ကိုင်တွေဆီ သင်တန်းတက်ပြီး ပြန်လာတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လူငယ် ၉ယောက်ကို အကြမ်းဖက်စစ်တပ် ဖမ်းဆီး

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ တံတားကြီးကျေးရွာအနီးမှာ အကြမ်းဖက်စစ်တပ်က လူငယ်တချို့ကို တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေမှာ စစ်သင်တန်းတက်ရောက်လာတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးသွားကြောင်း သိရပါတယ်။
Read More

ထားဝယ်အခြေစိုက် ခမရ ၄၀၁ မှ စစ်ကောင်စီတပ်သား ၁ ဦး လက်နက်ဖြင့် အလင်း၀င်လာ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း (ခမရ) ၄၀၁ က စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်နဲ့ အလင်း၀င်ရောက်လာ တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။