ရှမ်းပြည်နယ် ကျောက်မဲမြို့နယ် ပန်သပြေရွာ ဘုန်းကြီးကျောင်းကို စစ်ကော်မရှင်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

ယနေ့ စက်တင်ဘာ ၂၇ ရက် ညနေပိုင်းက ကျောက်မဲမြို့နယ် ပန်သပြေရွာရှိ ဘုန်းကြီးကျောင်းကို စစ်ကော်မရှင်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်တယ်လို့ သိရပါတယ်။

ဗုံးဒဏ်ကြောင်း ဘုန်းကြီးကျောင်းနဲ့ နေအိမ်အလုံး ၂၀ ဝန်းကျင် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့အတွက် ပြည်သူများအနေနဲ့ စစ်ရေးသတိအမြဲရှိရန် လိုအပ်ပြီး လေကြောင်းရန်ကာကွယ်ဆိုင်ရာနည်းလမ်းများကိုလိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း TNLA မှ ထုတ်ပြန်ထားပါတယ်။

Video-လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

သရက်ချောင်းမြို့နယ် လဘရွာကို အကြမ်းဖက်စစ်တပ် မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၄၀ ကျော် ပျက်စီးခဲ့ရ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် လဘရွာကို အကြမ်းဖက်စစ်တပ်ရဲ့ ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ခြေ ၄၀ ‌ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

သိမ်ဇရပ်ရှိ အကြမ်းဖက်စစ်တပ် တပ်ရင်းများကို လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မွန်ပြည်နယ် သိပ်ဇရပ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ ခမရ ၂၀၇ တပ်ရင်းနဲ့ အမြောက်တပ် ၃၁၀ တပ်ရင်းထဲကို လက်နက်ကြီးတွေနဲ့ ပစ် ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးခရိုင်ပကဖ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပုလဲမြို့နယ်မှာ အိမ်ထောင်စုပေါင်း ၂၀၀၀ ကျော်က ပြည်သူ တစ်သောင်းကျော် စစ်ဘေးတိမ်းရှောင် ထွက်ပြေးနေရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ ပြီးခဲ့တဲ့ နိုဝင်လာ ၁၁ ရက်နေ့ကစတင်ပြီး တော်လှန်ရေးတပ်တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး ကျေးရွာပေါင်း ၁၂ ရွာမှာ အိမ်ထောင်စုပေါင်း ၂၀၀၀ ကျော်က အရပ်သားပြည်သူ တစ်သောင်းနီးပါး စစ်ဘေးတိမ်းရှောင် ထွက်ပြေးနေရတယ်လို့ သိရပါတယ်။
Read More

ရှေ့တန်းစစ်မြေပြင်တွင် တိုက်ပွဲဝင်နေသည့် SSNDF / KNDF B-102 ရဲဘော်များ (ရုပ်/သံ)

ရှေ့တန်းစစ်မြေပြင်မှာ စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်နေတဲ့ SSNDF / KNDF B-102 ရဲဘော်တွေရဲ့ မှတ်တမ်းရုပ်သံတွေကို အဆိုပါတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
Read More

ထီးခီးစခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် ထိုင်း-မြန်မာနယ်စပ်ရှိ ထီးခီးစခန်းကို တော်လှန်ရေးတပ်တွေ ဒရုန်းနဲ့ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို Force for Federal Democracy အဖွဲ့က ဒီက‌နေ့ ထုတ်ပြန်လိုက်ပါတယ်။
Read More

သံမိုးတောင်ကျေးရွာမှာ နေအိမ်နဲ့ ဘာသာရေးကျောင်းဆောင်တွေကို မီးရှို့ဖျက်ဆီးပြီး ပြန်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေ ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

ကရင့်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ (၂) တောင်ငူခရိုင်၊ သံမိုးတောင် ကျေးရွာမှာ ဧပြီ ၇ ရက် နံနက်ပိုင်းက နေအိမ်နဲ့ ခရစ်ယာန်ဘာသာရေးကျောင်း‌ဆောင်တွေကို မီးရှို့ဖျက်ဆီးပြီး ပြန် လာတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့ တယ်လို့ ကမ်းနီကြားဒေသကာကွယ်ရေးတပ်ဖွဲ့ ထံက သိရပါတယ်။