ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က တိုက်ပွဲမဖြစ်ပွားဘဲ ဒရုန်းနဲ့ ဗုံး (၁)လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသား (၁) ယောက် ထိမှန်သေဆုံးသွားခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ ၂၆ ရက် မနေ့က မနက်ပိုင်းမှာ အကြမ်းဖက် စစ်တပ်က ရည်ရွယ်ချက်ရှိရှိ ပါပုတ်ကျေးရွာကို ဒရုန်းနဲ့ ဗုံးကြဲပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် အသက် (၆၁)နှစ်အရွယ် အမျိုးသား (၁) ယောက် ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး နေအိမ် (၁)အိမ်လည်း ထိမှန်ပျက်စီးသွားခဲ့တယ်လို့ TNLA က ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ (၂၄)ရက်ကလည်း ကျောက်မဲမြို့နယ်၊ မိုင်းတင်းအုပ်စု၊ ပင်တီးကျေးရွာမှာ အကြမ်းဖက် စစ်တပ်က လေကြောင်းကနေ ပေါင် (၂၅၀) ဗုံး (၂)လုံး ထပ်မံလာရောက်ကြဲချတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းဆောင်နဲ့ ဆွမ်းစားဆောင်တို့ ထိမှန်ပျက်စီးသွားခဲ့ပါသေးတယ်။
0 Shares:
You May Also Like
Read More

မြိုင် နဲ့ ပေါက်မြို့နယ်အစပ်မှာ စစ်ကော်မရှင်တပ်ရဲ့ စက်တပ်လေထီးတစ်စင်း ပစ်ချခံရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင် နဲ့ ပေါက်မြို့နယ်အစပ်မှာ စစ်ကော်မရှင်ရဲ့ စက်တပ်လေထီးတစ်စင်းကို ပစ်ချခဲ့တယ်လို့ မြိုင် ပကဖ က ဒီညမှာ ထုတ်ပြန်ထားပါတယ်။ နိုဝင်ဘာ ၂၂ ရက် ဒီနေ့ ညနေ ၅ နာရီကျော်လောက်မှာ ပခုက္ကူမြို့ တပ်မ ၁၀၁ ကနေတက်လာပြီး ပေါက်နယ်ထဲကို ဗုံးကြဲကာ ပြန်လာတဲ့ စက်တပ်လေထီး ၂ စင်းထဲက တစ်စင်းကို မြိုင် နဲ့ ပေါက်မြို့နယ်အစပ်မှာ တော်လှန်ရေးတပ်ဖွဲံဝင်များက ပစ်ချခဲ့တာဖြစ်တယ်လို့ သိရတာပါ။
Read More

နတ်စောင့်ရွာကို ညအိပ်ချိန် စစ်ကောင်စီဗုံးကြဲလို့ ကလေးငယ်နှင့် အမျိုးသမီးများအပါ ၆ ဦး သေဆုံး၊ နေအိမ် ၂၈ လုံး မီးလောင်ပြာကျ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာ စစ်ကောင်စီက ညအိပ်ချိန် လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့တာကြောင့် ကလေးငယ်နဲ့ အမျိုးသမီးတွေအပါအဝင် အရပ်သား ၆ ယောက်  သေဆုံးပြီး နေအိမ်တွေ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်တွေထံံက သိရပါတယ်။
Read More

မန္တလေးနှင့် အနီးတဝိုက် ရစ်ချ်တာစကေး ၄.၉ အဆင့်ရှိ ငလျင်လှုပ်ခတ်၊ မြို့ခံလူထု အထိတ်တလန့် ဖြစ်ခဲ့ရ

မန္တလေးတိုင်း၊ မန္တလေးမြို့အနီးကို ရစ်ချ်တာစကေး ၄.၉ အဆင့်ရှိတဲ့ အင်အားအသင့်အတင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။
Read More

“လဲ့ဇင်ဘုန်းကြီးကျောင်းက ကားကိုယူပြီး သူတို့က ဆင်ပေါင်ဝဲမြို့​ပေါ်မှာ လချုပ်ချုပ်ဖို့သွားကြတာပါ။ အဲ့ဒါစခန်းကိုအပြန်မှာ ကျနော်တို့က ကြားထဲကဖြတ်တိုက်တာပေါ့။ စခန်းမှူးကတော့ ပစ္စတိုကအစ သိမ်းမိ​ပေမယ့် လူကတော့လွတ်မြောက်သွားပါတယ်”

မကွေးတိုင်း၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်မှာ ဘုန်းကြီးကားကို အသုံးပြု စီးနင်းပြီး ပြန်လာတဲ့ ရဲတွေ ကြားဖြတ်တိုက်ခိုက်ခံရကာ ၃ ယောက် သေဆုံး၊ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ဇေယျဝတီဘူတာရုံ အပါအဝင် ဖြူးမြို့နယ်ရှိ စစ်ကောင်စီတပ်စွဲရာနေရာများကို ပကဖတပ်ဖွဲ့ဝင်များ  ဝင်ရောက်တိုက်ခိုက်

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်က ဇေယျဝတီမြို့ဘူတာရုံအပါအဝင် စစ်ကောင်စီတပ်တွေရှိနေတဲ့  မြို့ပေါ်နေရာတွေကို တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ရှင်းလင်းခဲ့ကြောင်း  ဖြူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

အောင်လံတွင် ဒလန်သတင်းပေးမှုနှင့်အတူ PDF တပ်ဖွဲ့ဝင်များ ခြုံခိုတိုက်ခိုက်ခံရပြီး ၆ဦးသေ၊ လက်နက်ဆုံးအချို့ဆုံးရှုံး

မကွေးတိုင်း၊ အောင်လံမြို့နယ်မှာ တာဝန်ပြီးဆုံးသူတွေကို လိုက်ပို့တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ကြားဖြတ်တိုက်ခိုက်တာခံရပြီး ၆ယောက်သေဆုံးခဲ့တယ်လို့ အောင်လံစစ်ရေးသတင်းရင်းမြစ်က မောင်းကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၈ရက်နေ့က အောင်လံမြို့နယ် မြင့်ဦးကျေးရွာနဲ့ ညောင်ပင်ဆိပ် ကျေးရွာကြားမှာ ရှိတဲ့ စစ်အုပ်စုကင်းပုန်းက ဒလန်သတင်းပေးမှုနဲ့အတူ အဲ့ဒီနေ့ညနေပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ သိရတာပါ။