အကြမ်းဖက် စစ်တပ်ရဲ့ ထိုးစစ်တွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နဲ့ ၆ မိုင်အကွာ စခန်းသာစခန်းကို ရောက်ရှိလာပြီလို့ မြေပြင်စစ်ရေး သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၅ ရက်ကတည်းက အကြမ်းဖက်စစ်တပ်ဟာ တပ်ရင်း ၉ ရင်းနဲ့ နောင်ချိုမြို့ကနေ ကျောက်မဲမြို့ကို ထိုးစစ်ဆင်ခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ကျောက်မဲမြို့၊ စခန်းသာရွာက တအာင်းတပ်မတော် (TNLA) ရဲ့ ခံစစ်စခန်းကို အကြမ်းဖက်စစ်တပ်က သိမ်းပိုက်လိုက်ပြီလို့ သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

“အခုက စခန်းသာကိုတော့ ရသွားပြီ၊ စခန်းသာက သူတို့ (စစ်တပ်) ရဲ့ ကြားရည်မှန်းချက်နေရာပေါ့နော်… အဲ့နေရာကနေ လက်နက်ကြီးတွေ ပစ်ကူပေးဖို့ အထိုင်ချမယ်လို့တော့ ထင်ပါတယ်” လို့ CDM ဗိုလ်ကြီးဇင်ယော်က မောင်းသတင်းဌာနကို ပြောပါတယ်။
စခန်းသာစခန်းဟာ ကျောက်မဲမြို့နဲ့ ၈ ကီလိုမီတာ၊ သွားလာချိန် ၅ နာရီကျော်ကျော်သာ ကွာဝေးတဲ့ နေရာမှာ တည်ရှိတာဖြစ်ပြီး MA 6 120 တစ်ကမ်းစာ ပစ်လို့မီတဲ့နေရာလည်း ဖြစ်တယ်လို့ သိရပါတယ်။

ဗိုလ်ကြီးဇင်ယော်က “ အခုရှေ့ပြေးတပ်တွေကလည်း နားအိုက်ရွာနားကို ရောက်လာပြီဆိုတော့ နာရီ ၁၀၀ လောက်အတွင်းမှာ ကျောက်မဲမြို့ပေါ်ကို ရောက်သွားနိုင်တဲ့ အနေအထားလို့တော့ မှန်းဆလို့ရပါတယ်” လို့ ပြောဆိုထားပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ကျောက်မဲမြို့ကို တပ်ရင်း ၉ ရင်း၊ အင်အား ၁၀၀၀ ဝန်းကျင်နဲ့ ထိုးစစ်ဆင်လာခဲ့တာပဲ ဖြစ်တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ ဒေါနတပ်ရင်း စိုးမိုးနယ်မြေက လူနေကျေးရွာကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်

မွန်ပြည်နယ်၊ ရေးမြို့အခြေစိုက် စကခ (၁၉) လက်အောက်ခံ ခလရ (၆၁) က နိုဝင်ဘာလ ၁၂ ရက် မနက်ပိုင်းမှာ တိုက်ပွဲမဖြစ်ပွားဘဲ ဒေါနတပ်ရင်း စိုးမိုးနယ်မြေကို လက်နက်ကြီး ပစ်ခတ်ခဲ့ရာ ကျေးရွာတစ်ရွာရဲ့ စာသင်ကျောင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေါနတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

မင်းအောင်လှိုင် ဖျက်သိမ်းလိုက်တဲ့ ကစထ (၆) ဆိုတာ ဘာလဲ

အကြမ်းဖက်စစ်တပ်ဟာ နေပြည်တော်ကို တာဝန်ယူရတဲ့ အမှတ် (၆) စစ်ဆင်ရေးအထူးအဖွဲ့- ကစထ ၆ ကို ဖျက်သိမ်းလိုက်တယ်လို့ စစ်ရေးသတင်းအရင်းမြစ်တွေထံက သိရပါတယ်။
Read More

ဘောလခဲရှေ့တန်းစစ်မြေပြင်မှာ ကျဆုံးခဲ့သည့် ကရင်နီဝံပုလွေစစ်ကြောင်းမှ တော်လှန်ရဲဘော်၏ စျာပနအခမ်းအနား

ကရင်နီပြည်နယ်၊ ဘောလခဲမြို့ ရှေ့တန်းစစ်မြေပြင်မှာ ကျဆုံးခဲ့တဲ့ တော်လှန်ရဲဘော်ရဲ့ စျာပနအခမ်းအနား ပြုလုပ်ခဲ့ကြောင်း ကရင်နီဝံပုလွေစစ်ကြောင်းက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
Read More

ပူတာအိုကို ထိုးစစ်ဆင် တိုက်ခိုက်တော့မယ်လို့ KPF အသိပေး

ပူတာအိုဒေသမှာ မကြာခင် ရာနှုန်းပြည့် ထိုးစစ်ဆင်မှုတွေ လုပ်ဆောင်သွားမှာဖြစ်လို့ ပြည်သူတွေအားလုံး အထူးသတိပြုပြီး ကြိုတင်ကာကွယ် ပြင်ဆင်ကြဖို့  ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ် (KPF) က ဇန်နဝါရီ ၁၆ ရက် ညပိုင်းမှာ အသိပေးထုတ်ပြန်လိုက်ပါတယ်။ 
Read More

ရေဦးပကဖ ထံ အကြမ်းဖက်စစ်တပ် ဗိုလ်ကြီးတစ်ဦး အလင်းဝင်

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ ဆီကို အကြမ်းဖက်စစ်ကောင်စီတပ်က ဗိုလ်ကြီးအဆင့်ရှိသူ ၁ ယောက် အလင်းဝင်လာတယ်လို့ ရေဦး ပကဖ က ထုတ်ပြန်ထားပါတယ်။
Read More

ကလေးမှာ ဒရုန်းနဲ့ဂျမ်မာတွေ တင်လာတဲ့ စစ်ကားတွေ မိုင်းဆွဲတိုက်ခိုက်ခံရ၊ စစ်တပ်က ကလေး GTC ထဲကနေ ကျေးရွာတွေကို လက်နက်ကြီး၊ ဒရုန်းဗုံးသီးတွေနဲ့ တိုက်ခို​က်နေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ အရပ်သားကျေးရွာတွေကို တိုက်ခိုက်ဖို့ ဒရုန်းနဲ့ လူအင်အားတွေတင်ဆောင်လာတဲ့ စစ်ကောင်စီကားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေ များနိုင်ကြောင်း ကလေးခရိုင် မိုင်းတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။