အကြမ်းဖက်စစ်တပ် ပြန်လည်အုပ်ချုပ်နေတဲ့ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာ လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ လုပ်ဆောင်နေပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက တစ်ယောက်ကို သိန်း ၁၀၀ နဲ့ ပြန်ရွေးခိုင်းနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

အခု စက်တင်ဘာလ အစပိုင်းကတည်းက အကြမ်းဖက်စစ်တပ်ဟာ မြဝတီ-ကော့ကရိတ် အာရှလမ်းကို ပြန်လည်ထိန်းချုပ် တပ်စွဲပြီးနောက် အခုလို ပြဿနာတွေ ဖြစ်ပေါ်နေတာ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“အခု ည ၈ နာရီနောက်ပိုင်းဆို ပေါ်တာဆွဲတာတွေ စနေပြီ။ ပိုက်ဆံရှိတဲ့သူတွေက လိုက်ထုတ်နိုင်ကြတယ်ပေါ့၊ တောင်းတာကလည်း သိန်း ၁၀၀ တောင်။ ပြန်မထုတ်နိုင်တဲ့ သူတွေကိုကျ ၂၇၅ ထဲခေါ်သွား၊ ပြီးရင် အောက်ကိုပို့ လုပ်နေကြတာ။ အဖမ်းခံရသူတွေ များနေလို့ အခု ည၈နာရီနောက်ပိုင်းဆို မြို့ထဲမှာ လမ်းထွက်သူတောင် မရှိတော့ဘူး။ တစ်ညတစ်ညကို ၁၀ ယောက်ဝန်းကျင်လောက် အဖမ်းခံနေရတယ်” လို့ အမည်မဖော်လိုတဲ့ မြဝတီမြို့ခံတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။

အခုလို ခြိမ်းခြောက်ငွေတောင်းတဲ့ထဲမှာ အမှတ် ၄နဲ့ အမှတ် ၅ ရပ်ကွက်က အုပ်ချုပ်ရေးမှူးတွေက အဆိုးဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

အထက်ပါ ဒေသခံကပဲ ဆက်လက်ပြီး “အဲဒီ အမှတ် ၄ က အုပ်ချုပ်ရေးမှူး မောင်းစိုင်းနဲ့ အမှတ် ၅ က ဆီဆိုင်က အဆိုးဆုံးပဲ။ ငွေတွေ ထောထားတာများ သူတို့က သတ်ခံရမှာစိုးလို့ မြဝတီမှာ မနေကြတော့ဘူး။ ရွှေက္ကိုလ်မှာ ရွှေဆိုင်ပါဖွင့်ပြီးနေနေတာ။ မြဝတီမှာက လက်ထောက်လောက်တွေပဲ ကျန်တယ်” လို့ ဆိုပါတယ်။

စစ်တပ်ဟာ မြဝတီမြို့အပါအဝင် အာရှလမ်းပိုင်းတလျှောက်လုံးကို ထိန်းချုပ်နိုင်ပြီလို့ ကြွေးကြော်ထားပေမယ့် လမ်းပိုင်း လေးနေရာလောက်မှာ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေဆဲ ဖြစ်ပါတယ်။

အလားတူ ကရင်ပြည်နယ် လေကေ့ကော် မြို့ကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ရဲ့ စစ်ကြောင်းကို တိုက်ခိုက်ရာ အများအပြားသေဆုံးခဲ့တယ်လို့လည်း Black Panther Column ကနေ သတင်းထုတ်ပြန်ထားပါတယ်။

အဆိုပါတိုက်ပွဲကို တိုက်ပွဲမှာ ဗိုလ်ကြီးဒါ​ဘောဦး​ဆောင်​တဲ့ ဗျူဟာအမှတ် ( ၃၂ ) ကျားသစ်နက်စစ်​ကြောင်း ၊ ​ကော်ဘရာ​စစ်​ကြောင်းနဲ့ မဟာမိတ်ပူး​ပေါင်းစစ်​ကြောင်းတွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိခဲ့သလို စစ်ကော်မရှင်တပ်သားတွေဆီက လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ချင်းပြည်တောင်ပိုင်းတစ်ခုလုံး စစ်ကောင်စီ ကင်းစင်သွားပြီဖြစ်ကာ ဖလမ်းမြို့သိမ်းတိုက်ပွဲကို ဆက်လက်ဆင်နွှဲနေ

ချင်းညီနောင်တပ်ဖွဲ့တွေဟာ ဖလမ်းမြို့သိမ်းတိုက်ပွဲကို ဆက်လက်ဆင်နွှဲနေပြီဖြစ်ပြီး တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ချင်းညီနောင်အဖွဲ့က ပြောပါတယ်။
Read More

စစ်ကိုင်းဖက်ဒရယ်ယူနစ် လွှတ်တော်ထံ ကြားကာလဖွဲ့စည်းပုံအခြေခံ ဥပဒေ(မူကြမ်း)တင်သွင်း

စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်က ကြားကာလဖွဲ့စည်းပုံအခြေခံ ဥပဒေ(မူကြမ်း)အား လွှတ်တော်ထံ တင်သွင်းနိုင်ခဲ့ပြီဖြစ်ကြောင်း စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်က အသိပေးထုတ်ပြန်ပါတယ်။
Read More

ငါန်းဇွန်မြို့နယ် ငါန်းမြာကြီးရွာကို စစ်ကောင်စီလေကြောင်းမှဗုံးကြဲလို့ အရပ်သား ပြည်သူ ၁၀ဦးထက်မနည်း သေဆုံးခဲ့ရ

ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးရွာကို စစ်ကောင်စီလေကြောင်းက ဗုံးကြဲလို့ အရပ်သားပြည်သူ ၁၀ဦးထက်မနည်း သေဆုံးကြောင်း ဒေသခံတွေထံက သိရပါတယ်။ တိုက်ပွဲဖြစ်ပွါးခြင်း မရှိဘဲ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲမှုကြောင့် ကလေးငယ်နဲ့အမျိုးသမီးများအပါအဝင်ဒေသခံ ၁၀ ဦးသေဆုံးပြီး ဒဏ်ရာရသူများလည်းရှိတယ်လို့ သိရပါတယ်။
Read More

ငလျင်ဘေးသင့်နေလည်း စစ်ဆက်တိုက်မည်ဟု မင်းအောင်လှိုင် ခြိမ်းခြောက်

ငလျင်ကြောင့် တော်လှန်ရေးအင်အားစုတွေဘက်က အပစ်ရပ်မယ်လို့ ကြေညာထားပေမယ့် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဆက်လက် တိုက်ခိုက်သွားမယ်လို့ ခြိမ်းခြောက်ပြောဆိုလိုက်ပါတယ်။
Read More

ငါန်းဇွန်တွင် မိုင်းကွင်းထဲရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ၁၅ယောက်သေဆုံး၊ အများအပြား ထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်မှာ အင်အား ၅၀ နီးပါးနဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၁၅ယောက် သေဆုံးကာ အများအပြား ထိခိုက်သွားကြောင်းသိရပါတယ်။
Read More

ဂန့်ဂေါ ခလရ ၅၀ ကနေ ပင်လယ်ဘူး ပို့ခံရတဲ့ ဗိုလ်မှူးခန့်မင်းကို ဆိုသူ တိုက်ပွဲမှာ ဆီးခုံကျည်မှန်ပြီး သေဆုံး

မကွေးတိုင်း၊ ဂန့်ဂေါမြို့အခြေစိုက် ခလရ ၅၀ တပ်ကနေ ပင်လယ်ဘူးတိုက်ပွဲဆီ ရဟတ်ယာဥ်နဲ့ စစ်ကူပို့ဆောင်ခံရတဲ့ အကြမ်းဖက်စစ်တပ်က ဗိုလ်မှူး ခန့်မင်းကို ဆိုသူဟာ ဆီးခုံကျည်ထိမှန်သေဆုံးသွားတယ်လို့ ယောအလင်းတန်း အဖွဲ့ဝင်ကိုဘကောင်းက မောင်းသတင်းဌာနကို ပြောပါတယ်။