အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မပါဝင်ဘဲ မြန်မာ့နိုင်ငံရေးပြဿနာကိုဖြေရှင်းဖို့ တွေ့ဆုံဆွေးနွေးတာတွေဟာ ပြေလည်မှု မရနိုင်ဘူးလို့ NLD ပါတီက ထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၂၇ ရက် ဒီနေ့မှာ ကျရောက်တဲ့ NLD ပါတီ ဖွဲ့စည်းတည်ထောင်ခြင်း ၃၇ နှစ်ပြည့် ထုတ်ပြန်ချက်မှာ NLD က အခုလိုပြောဆိုထားတာ ဖြစ်ပါတယ်။

NLD ပါတီ ဥက္ကဋ္ဌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒုဥက္ကဋ္ဌ သမ္မတ ဦးဝင်းမြင့်တို့ကို ဘယ်မှာ ဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုတာ မသိရဘဲ ကျန်းမာရေးသတင်းတွေကြောင့် NLD အနေနဲ့ အထူးစိုးရိမ်တယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါရှိတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဥ်းသားအားလုံး လွတ်မြောက်ရေးကို မိတ်ဖက်နိုင်ငံတွေ၊ ပြည်တွင်းပြည်ပမိတ်ဆက် အင်အားစုတွေက ဆက်လက် ကြိုးပမ်းအားထုတ်ပေးဖို့ကိုလည်း NLD ပါတီက တိုက်တွန်းထားပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်တပ် ဦးဆောင်ကျင်းပမယ့် ရွေးကောက်ပွဲကိုလည်း လက်မခံ၊ အသိအမှတ်မပြုသလို ပူးပေါင်းဆောင်ရွက်မှာလည်း မဟုတ်ဘူးလို့ NLD ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အကြမ်းဖက် စစ်တပ်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်းထားတဲ့နေရာကို တရားဝင်ထုတ်ပြန်ထားတာမရှိသလို၊ သားဖြစ်သူ ကင်မ်အဲရစ် ပြောလာတဲ့ မိခင်ရဲ့ နှလုံးကျန်းမာရေး သတင်းအပေါ်မှာလည်း ကျန်းမာရေးကောင်းမွန်တယ်လို့ပဲ အလွယ်တုန့်ပြန်ထားပါတယ်။

ဓာတ်ပုံ – Getty Images
0 Shares:
You May Also Like
Read More

ငါတို့နိုင်မှ လွတ်မယ့်သူတွေအတွက် သံတိုင်အုတ်ရိုးကို လှုပ်နှိုးကြ” ခေါင်းစဉ်နဲ့ ဆန်ဖရန်စစ္စကိုက လူထုလှုပ်ရှားမှု (ဓာတ်ပုံသတင်း)

ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့မြို့တော်ခန်းမရှေ့တွင် “ငါတို့နိုင်မှ လွတ်မယ့်သူတွေအတွက် သံတိုင်အုတ်ရိုးကို လှုပ်နှိုးကြ” ခေါင်းစဉ်ဖြင့်  အမေရိကန်ရောက်မြန်မာပြည်သူတွေက  စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ရပ်ကို ပြုလုပ်ခဲ့ကြပါတယ်။
Read More

ကျဆုံးရဲဘော်တွေနဲ့ ကိုယ်လက်အင်္ဂါ စွန့်လွှတ်သွားကြတဲ့ ရဲဘော်တွေရဲ့ မိသားစုဝင်တွေကို ဂန့်ဂေါခရိုင် တပ်ရင်း ၆ ကူညီထောက်ပံ့ဂါရဝပြု…

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဂန့်ဂေါခရိုင် အမှတ် (၆) တပ်ရင်းအနေနဲ့ တပ်ရင်းမှာ တော်လှန်ရေးအစကတည်းက တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားတဲ့ ရဲဘော်တွေနဲ့ ကိုယ်လက်အင်္ဂါ စွန့်လွှတ်သွားကြတဲ့ ရဲဘော်တွေရဲ့ မိသားစုဝင်တွေကို သွားရောက် အလေးပြုပြီး ဆန်၊ဆီ စတဲ့ လှူဖွယ်ဝတ္ထု တို့နဲ့ ဂါရဝထား ကန်တော့ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

PDF ရဲဘော်တွေနဲ့ ပြည်သူတွေ ပူးပေါင်းပြီး လမ်းပြုပြင်… (ဓာတ်ပုံသတင်း)

မကွေးတိုင်းအ​ခြေစိုက် Khut Daung Company Saw PDF က ရဲဘော်တွေအနေနဲ့ တပ်ရင်းစိုးမိုးနယ်မြေအတွင်းက မိုးတွင်းကာလမှာ ပျက်စီးခဲ့တဲ့လမ်းတွေကို နိုဝင်ဘာ ၁၀ ရက်က ပြည်သူတွေနဲ့ ပူးပေါင်းပြီး ပြန်လည် ပြုပြင်ခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

သိမ်းပိုက်ထားသည့် မြို့များ စစ်ကောင်စီကို ပြန်ပေးရန် အစီအစဥ်မရှိ၊ စစ်အာဏာရှင်အမြစ်ဖြတ်ရေး NUG အပါ မဟာမိတ်များနှင့် ဆက်လက်လက်တွဲမည်

အကြမ်းဖက်စစ်အုပ်စုက မြို့တွေကို ပြန်ပေးဖို့ တောင်းဆိုထားတာကို သဘောမတူနိုင်သေးသလို စစ်အာဏာရှင်အမြစ်ပြတ်ရေး ရပ်တည်ချက်အတိုင်း ဆက်လက်ရှိနေမယ်လို့ တအာင်းတပ်မတော် TNLA က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။
Read More

တော်လှန်ရေး အရှိန်မြင့်လာသလို ပြည်သူတွေ လုံခြုံရေး ပိုဂရုစိုက်ကြဖို့ ရန်ကုန်မြို့ပြ တော်လှန်ရေးအဖွဲ့တွေ သတိပေး

စစ်အာဏာရှင် အမြစ်ပြတ်စေဖို့ တော်လှန်ရေးအရှိန်အဟုန် မြင့်လာတာကြောင့် ပြည်သူတွေအနေနဲ့ လုံခြုံရေး ပိုမိုဂရုစိုက်စေချင်တယ်လို့ ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲ့က သတိပေးပြောဆိုလိုက်ပါတယ်။
Read More

ပေါင်မြို့တွင် မဲမပေးရန် ပြောဆိုသည့် အမျိုးသားတဦးကို အကြမ်းဖက်စစ်တပ် ဖမ်းဆီး

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကျုံကကျေးရွာမှာ အမျိုးသားတယောက်ဟာ အရက်မူးပြီး မဲမပေးဖို့ အော်ဟစ်ခဲ့တာကြောင့် ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။