စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့အဝင်က အကြမ်းဖက်စစ်တပ်ဂိတ်ကို သွားရောက်တိုက်ခိုက်ရာမှာ စစ်အုပ်စုတွေထွက်​ပြေးသွားတာကြောင့် သေနတ်ပစ်ဖောက်လိုက်ရတာမျိုးမရှိဘဲ ဂိတ်ကို သိမ်းပြီး ပြန်ဆုတ်ခဲ့လိုက်တယ်လို့ ယူနီကွန်းပြောက်ကျား တပ်ဖွဲ့-UGF တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။

စက်တင်ဘာလ ၂၆ ရက် မနေ့ကမနက်ပိုင်းမှာ စစ်ကိုင်းမြို့အဝင် ဝါးချက်ကျေးရွာတောင်ဘက်မှာရှိတဲ့ အကြမ်းဖက်စစ်တပ်ဂိတ်ကို သွားရောက်တိုက်ခိုက်ရာမှာ စစ်အုပ်စုတွေ ကြောက်လန့်တကြား ကားတွေနဲ့ ထွက်ပြေးသွားတာကြောင့် ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ဝင်တွေက သေနတ်တစ်ချက် မဖောက်ရဘဲ စခန်းကိုရလိုက်တယ်လို့ သိရပါတယ်။

“ဂိတ်ကို ရလိုက်တာမှန်ပေမယ့် ဘာပစ္စည်းမှ မရပါဘူး။ ဂိတ်က ဒီကောင်တွေငွေညှစ်၊ စစ်ဆေးရေး လုပ်တဲ့နေရာပါ။ ” လို့ ယူနီကွန်းပြောက်ကျား တပ်ဖွဲ့-UGF တာဝန်ရှိသူက ပြောပါတယ်။

ပုံစာ – ယူနီကွန်းပြောက်ကျားတပ်ဖွဲ့-UGF တပ်ဖွဲ့ဝင်များ

အဲ့ဒီနောက်မှာတော့ စစ်အုပ်စုတွေဟာ စစ်ကိုင်းမြို့ပေါ်ကနေ အင်အားဖြည့်တင်းပြီး ဆုတ်ခွာကြရာမှာ ဘေးဝဲယာလမ်းတစ်လျှောက်​ကျေးရွာတွေကို လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်တာမျိုး လုပ်ဆောင်ခဲ့တဲ့အတွက် ဝါးချက်ကျေးရွာနေကလေးငယ်၁ယောက်နဲ့ ပယ်ငါးဆယ်ကျေးရွာနေ လူလတ်ပိုင်းတို့ကို ထိမှန်ခဲ့တယ်လို့သိရပါတယ်။

“ကျနော်တို့သွားပစ်တော့ သူတို့စစ်ကိုင်းဘက်ထွက်ပြေးသွားတယ်။ အဲ့နောက် အင်အားဖြည့်ပြီး ပြန်ထိုးလာပါတယ်။ အဲ့မှာ ဆုတ်တဲ့အချိန်လက်နက်ကြီးပစ်တာမှာ အီနာဂါတွေပါပါတယ်။ အရပ်သားသေတဲ့သတင်းတော့မကြားသေးဘူး။ဆေးရုံတော့ပို့ရတယ်။ “လို့ ယူနီကွန်းပြောက်ကျား တပ်ဖွဲ့-UGFတာဝန်ရှိသူက ပြောပါတယ်။

လက်ရှိမှာ အဆိုပါဂိတ်စခန်းကို အကြမ်းဖက်စစ်အုပ်စုဘက်ကပြန်ထိုင်မျိုး မရှိသေးပေမယ့်လည်း စစ်ကြောင်းဝင်ရောက်တာ၊ လက်နက်ကြီးပစ်ခတ်တာမျိုးတွေ အည်းအသန် လုပ်ဆောင်နေတာကြောင့် အရပ်သားတွေသတိထားဖို့ကိုလည်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့-UGF က ထုတ်ပြန်ပါတယ်။

0 Shares:
You May Also Like
Read More

သရက်ခရိုင်အမှတ် (၄) တပ်ရင်းက ပြုလုပ်တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၇) သင်တန်းဆင်းပွဲ… (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၁)စစ်ဒေသ ၊ မကွေးတိုင်းအခြေစိုက် သရက်ခရိုင်အမှတ် (၄) တပ်ရင်းက ပြုလုပ်တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၇) သင်တန်းဆင်း အခမ်းအနားကို နိုဝင်ဘာလ (၂၄) ရက်က လွတ်မြောက်နယ် တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မြို့ပြတော်လှန်ရေးတပ်ဦး(URF) မှ တော်လှန်ရေး (၄) နှစ်တာကာလအတွင်း စိတ်ပိုင်း၊ ရုပ်ပိုင်း ထိခိုက်ခံစားခဲ့ရသည့် ရဲဘော်များအတွက် စိတ်ခွန်အားကူညီစောင့်ရှောက်မှုသင်တန်း ပြုလုပ်

မြို့ပြတော်လှန်ရေးတပ်ဦး(Urban Revolutionary Front - URF) ရဲ့ စခန်းတစ်နေရာမှာ စိတ်ပိုင်းဆိုင်ရာကူညီစောင့်ရှောက်မှုနဲ့ပတ်သက်တဲ့ (၂) ရက်တာ သင်တန်းကို စက်တင်ဘာလနောက်ဆုံးအပတ်အတွင်း ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

BGF ခေါင်းဆောင် စောချစ်သူအပါ ၃ ယောက်ကို လူကုန်ကူးမှုအတွက် ဖမ်းဝရမ်းထုတ်ဖို့ ထိုင်းက ရပ်ဆိုင်း

ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် ဒုစရိုက်ဂိုဏ်းတွေနဲ့ ဆက်စပ်နေတယ်လို့ ယူဆရတဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်ဖို့ကိစ္စ ထိုင်းနိုင်ငံ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ (DSI) က ရပ်ဆိုင်းလိုက်တယ်လို့ ထိုင်းအခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပါတယ်။
Read More

ပွင့်ဖြူနဲ့ စေတုတ္တရာ အစပ်က ရွာတွေကို စစ်အုပ်စုက အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းဝင် မီးရှို့ လူသတ်ခဲ့၊ ပြည်သူ ၅ထောင်နီးပါး ထွက်ပြေးနေရ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူ နဲ့ စေတုတ္တရာအစပ်က ကျေးရွာတွေမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ကြောင်းဝင်ရောက်မှုကြောင့် အရပ်သားနေအိမ်တွေ မီးရှို့ဖျက်ဆီးခံရပြီး ထောင်နဲ့ချီတဲ့ ဒေသခံတွေ စစ်ဘေးတိမ်းရှောင်နေရတယ်လို့ မင်းဘူးခရိုင် အမှတ် ၄တပ်ရင်းက မောင်းကိုပြောပါတယ်။
Read More

တိတ်ရှိန်ရွှေဆိုင် ဓားပြတိုက်မှုမှာ ပါဝင်သူတွေကို ဖမ်းမိထားပြီဟု ဆို

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရသည့် ပြည်သူများကို MDY-PDF ထောက်ပံ့ကြေးပေးအပ် (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အနေနဲ့ စိုးမိုးနယ်မြေအတွင်းရှိ အကြမ်းဖက် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရတဲ့ ပြည်သူတွေကို ထောက်ပံ့ကြေးပေးအပ်ခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။