မကွေးတိုင်း ၊ ဂန့်ဂေါမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဖမ်းဆီးထိန်းသိမ်းထားတဲ့ အချုပ်သားတစ်ယောက် ထွက်ပြေးလွတ်မြောက်သွားတယ်လို့ Gan Gaw New Media မှ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။

စက်တင်ဘာ ၂၇ ရက် ဒီနေ့ မနက် ၂ နာရီလောက်မှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ သဲဝင်းနောင် (ခ) နောင်နောင်ဆိုသူဟာ ဂန့်ဂေါမြို့တိုက်နယ် အကျဉ်းချထား​တဲ့ နေရာကနေ ထွက်ပြေးသွားတဲ့အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ရှာဖွေမှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

ထွက်ပြေးသွားတဲ့ သဲဝင်းနောင် (ခ) နောင်နောင်ဆိုသူဟာ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၊ ညောင်ပင်သာရွာ ဇာတိဖြစ်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ရဲဘော်တစ်ယောက် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သူဟာ တော်လှန်ရေး အင်အားစုတွေနဲ့ ပတ်သက်ပြီး လက်နက်ကိစ္စ၊ ငွေကြေးကိစ္စ၊ အရှုပ်မျိုးစုံ လိမ်လည်ထားသလို အညာဒေသမှာလည်း မုဒိမ်းမှု ကျူးလွန်ထားတဲ့ ရာဇဝတ်သား ဖြစ်တယ်လို့ သိရပါတယ်။

” အမှုကတော့ အများကြီးဘဲ လက်နက်ကိစ္စလိမ်လည်မှု ၊ ငွေကြေးလိမ်လည်မှု လက်ရှိ အညာဒေသမာ မုဒိန်းမှု ဖြစ်ပြီး ဖမ်းထားတာပါ၊ ညအချိန် အမှောင်ရိပ်ခိုပြီး ထွက်ပြေးသွားတာပါ ၊ အသက်ဘေးက ထွက်ပြေးလွတ်မြောက်နေတာပါ” လို့ Gan Gaw New Media မှ ပြန်ကြားရေးတာဝန်ခံက မောင်းသတင်းဌာနကို ပြောပါတယ်။

အခုချိန်ထိလည်း သဲဝင်းနောင် (ခ) နောင်နောင် ဟာထွက်ပြေးလွတ်မြောက်နေဆဲဖြစ်သလို စစ်ကော်မရှင်တပ်သားတွေနဲ့ ပူးပေါင်းသွားနိုင်သလို ပြီးခဲ့တဲ့ ချင်းပြည်နယ်နေ့မှာ ယောဒေသဘက်ကို ရောက်လာတာဖြစ်တယ်လို့ ဆိုပါတယ်။

” ၃ နှစ်တာအတွင်း အဖွဲ့စည်း အမျိုးမျိုးလက်က ဖမ်းဆီးခံနေရတာ သူက ၊ အစက ချင်းပြည်နယ်ကနေ့ ယောဒေသ ဘက်ရောက်လာတာပါ ၊ ယောနယ်မှ မဟုတ်ပါဘူး အဲ့လိုလူ ဘယ်ဒေသဘဲ ရောက်ရောက် မကောင်းပါဘူး စစ်ကောင်စီနဲ့ ပူးပေါင်းသွားနိုင်ပါတယ် အခုလဲ ရှာ‌ဖွေ နေရပါတယ် ၊ စစ်ကောင်စီနဲ့ ပူးပေါင်းသွားမှာကြောင့်မို့ပါ” လို့ အထက်ပါ တာဝန်ခံက ဆက်ပြောပါတယ်။

ထွက်ပြေးလွတ်မြောက်နေတဲ့ သဲဝင်းနောင် (ခ) နောင်နောင်ကို တွေ့ရှိခဲ့ရင် ဂန့်ဂေါမြို့နယ်ရှိ ပြည်သူတွေဆီ အကြောင်းကြားပေးဖို့ကိုလည်း မေတ္တာရပ်ခံထားပါသေးတယ်။

ပြီးခဲ့တဲ့လပိုင်းလောက်ကလည်း ယောကာကွယ်ရေးတပ် YDF ရဲ့ အမှတ်-၁ အကျဥ်းထောင်ဌာနကနေဖမ်းဆီးချုပ်နှောင်ထားတဲ့ ကာကွယ်ရေးတပ်သားတစ်ချို့ ထောင်ဖောက်ထွက်ပြေးသွားတာတွေလည်း ရှိခဲ့ပါသေးတယ်။

 

0 Shares:
You May Also Like
Read More

အနောက်မန်ကျည်းကန် ပျူရွာကို တော်လှန်ရေးအင်အားစုများ ဝင်ရောက်တိုက်ခိုက်၊ စခန်းဘန်ကာ ၃ လုံးအထိ ရရှိပြီးမှ အကြမ်းဖက်စစ်ကူများကြောင့် ပြန်ဆုတ်ခဲ့ရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်ကအနောက်မန်ကျည်းကန် ပျူစောထီးရွာကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှုမှာ စခန်းရလုဆဲဆဲအချိန် အကြမ်းဖက်စစ်ကူအင်အားတွေ တက်လာတဲ့အတွက် ပြန်လည်ဆုတ်ခွာပေးခဲ့ရကြောင်း အညာ​မြေတပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကို ပြောပါတယ်။
Read More

အုတ်တွင်းမြို့ပေါ်က စစ်တပ် တပ်စွဲထားတဲ့ နေရာ ၄ ခုကို တိုက်ခိုက်၊ ရဲတပ်ကြပ် ၁ ယောက် သေပြီး ၄ယောက် ဒဏ်ရာရ

ပဲခူးတိုင်း၊ အုတ်တွင်းမြို့ပေါ်မှာ အကြမ်းဖက်စစ်တပ် တပ်စွဲထားတဲ့ နေရာ ၄ ခုကို ဝင်ရောက်တိုက်ခိုက်ရာ ရဲတပ်ကြပ် ၁ ယောက် သေပြီး ရဲ ၃ ယောက်နဲ့ စစ်သား ၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ အုတ်တွင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ဘောလခဲမှာ ကျဆုံးခဲ့တဲ့ KNDF ဒရုန်းတပ်သားရဲ့ စျာပနအခမ်းအနား

ကရင်နီပြည်၊ ဘောလခဲမြို့နယ် စစ်ဆင်ရေးအတွင်း ကျဆုံးခဲ့တဲ့ ဒရုန်းတပ်သားရဲ့ စျာပနအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် - KNDF တပ်ရင်းအမှတ် (၁၅) က ထုတ်ပြန်ထားပါတယ်။
Read More

ဘုတလင်က စစ်ရှောင်ပြည်သူတွေ လိုအပ်တဲ့ အခြေခံရိက္ခာတွေကို ကျောင်းသားလက်ရုံးတပ်တော် လှူဒါန်းပြီး လေကြောင်းအန္တရာယ် အသိပညာပေး (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ ပြင်းထန်စွာ စစ်ကြောင်းထိုးမှုနဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် ရှောင်တိမ်းနေထိုင်နေရတဲ့ စစ်ရှောင်ပြည်သူတွေကို ရန်ကုန်အခြေစိုက်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (တကသများ-ရန်ကုန်) / ကျောင်းသားလက်ရုံးတပ်တော်က လိုအပ်တဲ့ အခြေခံစားနပ်ရိက္ခာတွေ လှူဒါန်းပေးခဲ့ပြီး လေကြောင်းအန္တရာယ် အသိပညာပေးပြောကြားတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကျိုက်ထိုနဲ့ ဘီးလင်းမှာ စစ်တပ်က လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ကျေးရွာတွေကို တိုက်ခိုက်

ကျိုက်ထိုနဲ့ ဘီးလင်းမှာ  စစ်တပ်က လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်လို့ စာသင်ကျောင်းတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူမြို့မှာ အရပ်ဘက်သုံးကားနဲ့ တပ်မ ၁၀၁ က ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို အနီးကပ် ပစ်ခတ်ရာ ၄ ယောက် သေ

မကွေးတိုင်း၊ ပခုက္ကူမြို့အခြေစိုက် စစ်ကောင်စီရဲ့ တပ်မ ၁၀၁ ကနေ အိမ်စီးကားနဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို အနီးကပ် ပစ်ခတ်တိုက်ခိုက်ရာ ၄ ယောက် သေဆုံးခဲ့တယ်လို့ Shwe Nyar Myae PDF က ထုတ်ပြန်ထားပါတယ်။