စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ အကြမ်းဖက်စစ်တပ်ကဆက်သွယ်ရေးဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရမှုကြောင့် မြို့ခံအရပ်သားတွေရဲ့ လူမှုရေး၊ စီးပွားရေးတွေ အစစအရာရာ ထိခိုက်နေသလို အင်တာနက် ရှာသုံးတဲ့ လူငယ်လူရွယ်တွေကိုလည်း ပစ်မှတ်ထားဖမ်းဆီးနေကြောင်း မြို့ခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၃ ရက်ကစလို့ ကလေးမြို့မှာဆက်သွယ်ရေး အော်ပရေတာဖုန်းလိုင်းတွေနဲ့ အင်တာနက်တွေ သုံးစွဲလို့မရတော့အောင် ပြတ်တောက်သွားခဲ့တာကြောင့် မြို့နေအရပ်သားတွေမှာ အခက်ခဲတွေရှိခဲ့သလို အဝေးရောက်သူတွေအတွက်လည်း စိုးရိမ်စရာတွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ဒီအတွက် Starlink အင်တာနက်ကို အခကြေးငွေပေးကာ အချိန်အတိုင်းအတာတစ်ခုနဲ့ သုံးစွဲနေကြရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

“၂ပတ်ကျော်ပီ၊ ကြားထဲမှာ U9(ယခင်အော်ရီဒူး) က ရလိုက်၊ မရလိုက် ဖုန်းလိုင်းတော့ တစ်ခါတစ်ခါ ရပါတယ်။ ကျနော့်အမြင်ကတော့ စစ်ရေးအရရော ဒေသတွင်းတိုက်ပွဲကော၊ နိုင်ငံရေးအရ ရွေးကောက်ပွဲပြင်ဆင်မှုတွေနဲ့ တိုက်ရိုက်သက်ဆိုင်မယ်ဗျ။” လို့ ကလေးမြို့ခံတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။

Starlink ကိုတော့ လက်ဖက်ရည်ဆိုင်၊ ဘုရားကျောင်းနဲ့ စားသောက်ဆိုင်တစ်ချို့မှာ အချိန်အကန့်အသတ်နဲ့ သုံးစွဲရတယ်လို့လည်း ပြောပါတယ်။

ကလေးမြို့မှာ ပြီးခဲ့တဲ့ လပိုင်းတွေထဲ အရပ်သားလူငယ်တွေ လူစုလူဝေးသွားလာတာမျိုးတွေကို အကြမ်းဖက်စစ်အုပ်စုက စောင့်ကြိုဖမ်းဆီးကာ စစ်မှုထမ်းအဖြစ်စုဆောင်းငွေညှစ်တဲ့ကိစ္စမျိုးတွေ ဖြစ်ခဲ့တာကြောင့် အခုလို အင်တာနက်လိုင်းတွေ ပြတ်တောက်နေချိန် စတားလင့်နဲ့ ဝိုင်ဖိုင်တွေ သုံးဖို့ နေရာရှာတာမျိုးတွေမှာလည်း ကျီးလန့်စာ စားနေရတယ်လို့ သိရပါတယ်။

ပုံစာ – အကြမ်းဖက်စစ်တပ် အာဏာသိမ်းပြီးနောက် ဆန္ဒပြနေသည့် သပိတ်လူငယ်များကို မဖြိုခွင်းမီ မြင်ကွင်း (ပုံဟောင်း)

အကြမ်းဖက်စစ်အုပ်စုအနေနဲ့ အခုလိုမျိုး ကလေးမြို့ပေါ်အင်တာနက်လိုင်းတွေ၊ ဖုန်းလိုင်းတွေကို ဖြတ်တောက်ပြီး လူငယ်လူရွယ်တွေ အင်တာနက်စုသုံးရာ နေရာမျိုးတွေကို စောင့်ကြိုဖမ်းဆီးတာတွေ ရှိနေတယ်လို့လည်း မြို့ခံတွေကပြောပါတယ်။

” လိုင်းကတစ်မြို့လုံးဖြတ်ထားတော့ လိုင်းရတဲ့နေရာလေးမှာ လူတွေစုပြုံပြီး လာသုံးကြတယ်။ ဘုရားကျောင်းတို့ လက်ဖက်ရည်ဆိုင်တို့ သွားသုံးကြရတာကိုး။ လူငယ်တွေလူလတ်ပိုင်းတွေ သုံးတာများကြတာဆိုတော့ လူမသိသူမသိ ပါသွားတာတွေလဲ ရှိမှာပဲ။ စကမ အပါအဝင် သူတို့လက်ပါးစေတွေက ပြည်သူတွေ လိုင်းသုံးတဲ့နေရာတွေကို ပစ်မှတ်ထားပြီး ဖမ်းဆီးတာတွေလုပ်နေတယ်ဗျ” လို့ မြို့ခံ တစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။

ကလေးမြို့ပေါ် ဖုန်းလိုင်းတွေနဲ့ အင်တာနက်လိုင်းပိတ်ဆို့မှုတွေအပြင် နောက်ဆက်တွဲ CB ဘဏ်ကအစ ဘဏ်တွေလည်း ပိတ်ထားတယ်လို့ သိရပါတယ်။

လက်ရှိ ကလေးမြို့တောင်ပိုင်းက ဂန့်​ဂေါ-ကလေးလမ်းပိုင်းမှာရှိတဲ့ ကြံသာရွာကို စစ်အုပ်စုက ပြန်လည်စိုးမိုးထားသလို မြို့မြောက်ပိုင်း ကလေး-တမူး အာရှလမ်းပိုင်းတွေမှာ အကြမ်းဖက်စစ်အုပ်စုက ကသည်းလက်နက်ကိုင်တွေအသုံးပြုပြီး စစ်ကြောင်းထိုးဝင်ရောက်နေတာကြောင့် ထိတွေ့တိုက်ပွဲတွေ ရှိနေတာလည်း ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ဇူလိုင်လအတွင်း စစ်အုပ်စုကြောင့် သေဆုံးခဲ့သူ ၁၀၄ ဦးကို အတည်ပြုထားနိုင်၊ အတည်မပြုရသေးသည့် သေဆုံးသူ ၁၄၀ ဦးရှိဟု AAPP ထုတ်ပြန်

နိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် ဇူလိုင်လ ၁ လတာအတွင်း အရပ်သားပြည်သူ ၁၀၄ ယောက် သေဆုံးခဲ့တာကို အတည်ပြုထားနိုင်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

PJ ကိုင်ဆောင်ထားသူများကို အလုပ်သမားဝန်ကြီးဌာနရဲ့ ခွင့်ပြုချက် မရပါကပြည်ပထွက်ခွင့် စတင်ရပ်ဆိုင်း

အလုပ်အကိုင်ပတ်စ်ပို့ (Passport for Job - PJ) သမားတွေအနေနဲ့ အလုပ်သမားဝန်ကြီးဌာနရဲ့ ခွင့်ပြုချက် မရဘဲ ပြည်ပထွက်ခွင့် ရပ်ဆိုင်းလိုက်တယ်လို့  ပြည်ပအလုပ်အကိုင် အေဂျင်စီလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။
Read More

ကျောက်ကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် (၃) ဦး အပါ ပြည်သူ (၅) ဦး ဒဏ်ရာရရှိခဲ့

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၅) ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ် (၉) လုံး ထိခိုက် ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မိုးဗြဲ PDF ကယ်ဆယ်ရေးတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ရန် သူနာပြုဆရာမ ၂ ဦး ခေါ်ယူနေ…

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မိုးဗြဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ကယ်ဆယ်ရေးတပ်ဖွဲ့ (MPRT) မှာ တာဝန်ထမ်းဆောင်ဖို့အတွက် သူနာပြုဆရာမ ၂ ယောက် ခေါ်ယူမယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။
Read More

ရေဖြူအခြေစိုက် စစ်ကော်မရှင်၏ ခမရ ၄၀၉ မှ စစ်မှုထမ်းစစ်သား ၂ ဦး လက်နက်ဖြင့် အလင်းဝင်လာ၊ ဆုငွေကျပ် သိန်း ၅၀ စီ ချီးမြှင့်…

တနင်္သာရီတိုင်း ၊ ရေဖြူမြို့နယ် အခြေစိုက် အကြမ်းဖက်စစ်တပ်ရဲ့ ခမရ (၄၀၉) က စစ်သား ၂ ယောက် လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင် လာခဲ့တယ်လို့ ဒူရကစစ်ကြောင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

ကျိုက်ထိုမှာ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ (၁) ယောက် သေဆုံး၊ (၃) ယောက် ဒဏ်ရာရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ (၁) ယောက် သေဆုံးပြီး (၃) ယောက် ဒဏ်ရာရကာ လူနေအိမ် (၃)လုံးနဲ့ ကား (၁)စီး ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။