တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ တမုတ်ချုံးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို သွားရောက် တိုက်ခိုက်ခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာလ ၁၉ ရက် မနက်ပိုင်းက တနင်္သာရီမြို့နယ်၊ တမုတ်ချုံးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဇုန် ၄ က သွားရောက် ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်က ၃ ယောက် ပြင်းထန်ဒဏ်ရာရရှိကာ တော်လှန်ရေး ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

တနင်္သာရီမြို့နယ်အတွင်း ဖြစ်ပေါ်နေတဲ့ စစ်ရေး အခြေအနေတွေအရ ဒေသခံပြည်သူတွေနဲ့ ခရီးသွားပြည်သူတွေအနေနဲ့ သတိရှိစွာ သွားလာနေထိုင်ပေးဖို့နဲ့ ပြည်သူတွေရဲ့ လုံခြုံရေးကို ရှေးရှုပြီး မေတ္တာရပ်ခံကြောင်း တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

NUG အစိုးရက ဘဏ္ဍာရံပုံငွေရဲ့ ၉၄ ရာခိုင်နှုန်းကို စစ်ရေးကဏ္ဍမှာအသုံးပြုခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဘဏ္ဍာရံပုံငွေရဲ့ ၉၄ ရာခိုင်နှုန်းကို စစ်ရေးကဏ္ဍမှာအသုံးပြုခဲ့တယ်လို့ လေးနှစ်ပြည့် လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Read More

ရေတာရှည်မှာ အကြမ်းဖက်စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲလို့ ကလေးငယ် အပါအဝင် အရပ်သား ၄ ယောက် ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက ကျေးရွာ ၃ ရွာကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ကလေးငယ် ၁ ယောက် အပါအဝင် အရပ်သား ၄ ယောက် ထိခိုက်ဒဏ်ရာရပြီး နေအိမ်တွေ ပျက်စီးခဲ့ကြောင်း Yedashe Township Information ထံက သိရပါတယ်။
Read More

ဗန်းမော်၊ မိုးမော်လမ်းပိုင်းမှာ တိုက်ပွဲတွေပြင်းထန်နေပြီး ဆိုင်းတောင်အနီးက လူနေအိမ်တွေကို စစ်ကောင်စီ မီးရှို့

တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ ဖားကန့်၊ ဆိုင်းတောင်အနီးက နေအိမ်တွေကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေပြီး မီးရှို့ဖျက်ဆီးမှု အချို့ပြုလုပ်နေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက အသိပေးထုတ်ပြန်လာပါတယ်။
Read More

မစ်ရှင်လုပ်ဖို့ သွားသည့် PDF များနှင့် စစ်အုပ်စု လှည့်ကင်းကားများ ထိတွေ့ပစ်ခတ်မှုဖြစ်၊ ကားပေါ်ပါလာသည့် အကြမ်းဖက်စစ်သား ၂ ဦး သေ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ မစ်ရှင်လုပ်ဆောင်ဖို့သွားတဲ့ တော်လှန်ရေးတပ်နဲ့ စစ်အုပ်စု ကင်းပတ်ကားတွေ ထိတွေ့တိုက်ပွဲဖြစ်ပွားရာ စစ်အုပ်စုဘက်က ၂ ယောက် သေဆုံးပြီး တော်လှန်ရေးတပ်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ မုံရွာခရိုင် အမှတ် (၄) တပ်ရင်းထံက သိရပါတယ်။
Read More

“လက်နက်ကိုင်လမ်းစဥ်မှအပ အခြားမရှိ” လမ်းစဉ် ကို ကိုင်စွဲထားသည့် ကျောင်းသားလက်ရုံးတပ်တော် ၄ နှစ်ပြည့်ကို ဂုဏ်ယူကြောင်း TNLA သဝဏ်လွှာပေးပို့

“လက်နက်ကိုင် လမ်းစဥ်မှ အပ အခြားမရှိ”ဆိုတဲ့ယုံကြည်ချက်ကို လက်ကိုင်စွဲထားတဲ့ ကျောင်းသားလက်ရုံးတပ်တော်(SAF) ၄ နှစ်ပြည့်မြောက်ခြင်းကို ဂုဏ်ယူကြောင်း TNLA က သဝဏ်လွှာပေးပို့လိုက်ပါတယ်။
Read More

ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲမှ ပြန်လာသည့် ယင်းမာပင်ခရိုင် PDF တပ်ရင်း (၂၉) ရဲဘော်များကို ဂုဏ်ပြု (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲကနေ ပြန်လာတဲ့ ယင်းမာပင်ခရိုင်တပ်ရင်း၂၉ (ဒေါင်းမင်း - PDF) ရဲဘော်တွေကို ယင်းမာပင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တွေ့ဆုံပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ခဲ့တယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်း၂၉ က မနေ့က ထုတ်ပြန်ပါတယ်။