ကရင်နီပြည်နယ်အတွင်း အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုးရာ နေရာတွေနဲ့ နီးစပ်တဲ့ ကျေးရွာတွေက ပြည်သူတွေအနေနဲ့ လုံခြုံရေးသတိရှိကြဖို့နဲ့ နယ်မြေခံတော်လှန်ရေးတပ်တွေရဲ့ ထုတ်ပြန်ချက်တွေကို လိုက်နာဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က အသိပေးထုတ်ပြန်ထားပါတယ်။ 

စစ်တပ်ဟာ ဒီးမော့ဆိုမြို့နယ်ကို ဩဂုတ်လက စတင်ကာ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာပြီး ဒီးမော့ဆို-ဖရူဆို-ဘောလခဲ လမ်းမတလျှောက် စစ်ကြောင်းထိုးနေတာကြောင့် လမ်းတလျှောက်မှာ တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိတယ်လို့ ဆိုပါတယ်။ 

ဒီးမော့ဆိုမြို့နယ်၊ ဒေါးငံခါးရပ်ကွက်ကိုလည်း စစ်တပ်ဟာ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေသလို လေကြောင်းတိုက်ခိုက်တာတွေ၊ ဒရုန်းဖြင့်တိုက်ခိုက်တာတွေနဲ့ လက်နက်ကြီးတိုက်ခိုက်တာတွေကို နေ့စဉ်မပြတ် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ 

“အဓိကကတော့ ဒီးမော့ဆို-နောင်ခမ်းဘက်ကို စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ရဲ့ စစ်ကြောင်းနဲ့ ကျ‌နော်တို့ တော်လှန်ရေးတပ်တွေ နေ့စဉ်နဲ့အမျှ တိုက်ပွဲတွေ ဖြစ်နေပါတယ်။ တိုက်ပွဲက ပြင်းထန်တယ် ပြောလို့ရပါတယ်။ ဒီနေ့ထိလည်း ဖြစ်နေဆဲပါပဲ တိုက်ပွဲတွေကတော့။ တခြားစစ်မျက်နှာတွေမှာလည်း တိုက်ပွဲတွေ ဖြစ်နေတာရှိပါတယ်။ ဒါပေမယ့် ဒီးမော့ဆိုမှာတော့ ပိုပြီး ပြင်းထန်နေပါတယ်” လို့ KNDF ဗဟိုသတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူ မော်စီက မောင်းကို ပြောပါတယ်။ 

လက်ရှိမှာတော့ ဒီးမော့ဆိုကနေ ဖရူဆိုမြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့အတူ ယာဉ်တန်းတွေကလည်း အမှတ် (၁၄) တန်းမြင့် စစ်ရေးလေ့ကျင့်ရေးကျောင်းကို ရောက်ရှိနေပြီး အဲဒီကနေ ဘောလခဲမြို့ကို ဦးတည်စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ KNDF က အသိပေးထုတ်ပြန်လာတာ ဖြစ်ပါတယ်။

 

0 Shares:
You May Also Like
Read More

သထုံမှာ လိုင်စင်မဲ့ဆိုင်ကယ် မောင်းနှင်မှုကြောင့် ဖမ်းဆီးခံရသူ ၅ ရက်အတွင်း သေဆုံး

မွန်ပြည်နယ်၊ သထုံမြို့နယ်မှာ လိုင်စင်မဲ့ဆိုင်ကယ်မောင်းနှင်မှုကြောင့် ဖမ်းဆီးခံလိုက်ရတဲ့ ဦးဝင်းဇော်ဟာ စစ်သားနဲ့ရဲတွေ ဖမ်းဆီးပြီးနောက် ၅ ရက်အကြာမှာ သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

NUG အစိုးရဟာ ဥပဒေအရရော မြေပြင်အချက်အလက်အရပါ မြန်မာအစိုးရဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက အာဆီယံအလှည့်ကျဥက္ကဋ္ဌ မရှားဝန်ကြီးချုပ်ဆီ သဝဏ်လွှာပေးပို့၊ အကြမ်းဖက်စစ်တပ်ဟာ တိုင်းပြည်နယ်မြေရဲ့ ၂၅ ရာခိုင်နှုန်းအောက်သာ ထိန်းချုပ်ထားနိုင်ဟု ဆို

အမျိုးသားညီညွတ်ရေးအစိုးရ - NUG ၊ ယာယီသမ္မတ ဒူဝါလရှီးလက အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် Dato' Seri Anwar Ibrahim ဆီ ဇန်နဝါရီ ၇ ရက်မှာ သဝဏ်လွှာတစ်စောင် ပေးပို့ခဲ့တယ်လို့ NUG သမ္မတရုံးက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဧရာဝတီတိုင်းထဲက ရဲစခန်းတွေ စခန်းတစ်ခုကို ရဲ ၅ယောက်နှုန်း ရခိုင်နယ်စပ် ပို့ပေးနေရ

ဧရာဝတီတိုင်း ၂၆ မြို့နယ်မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေကို တိုင်းရဲမင်းကြီးအမိန့်နဲ့ ရခိုင်နဲ့ထိစပ်ရာ ဒေသတွေဆီ ပို့ပေးနေရတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
Read More

နတ်တလင်းတွင် ဒေသခံ ၂ ဦး ပေါ်တာဆွဲ ခေါ်ဆောင်ခံရ၊ တစ်ဦးလျှင် သိန်း ၂၀ ဖြင့် ပြန်ရွေးခဲ့ရဟု ဆို

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်မှာ ဒေသခံအမျိုးသား ၃ ယောက်ကို စစ်ကော်မရှင်တပ်သားတွေက ပေါ်တာဆွဲဖမ်းဆီးသွားခဲ့တာကြောင့် ပိုက်ဆံပေးပြီး ပြန်ရွေးခဲ့ရတယ်လို့ နတ်တလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ဗန်းမော်လေဆိပ်တစ်ခုလုံးကို KIA တိုက်ခိုက်သိမ်းပိုက်၊ လက်နက်ခဲယမ်း အများအပြားရရှိ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးအတွင်း ဗန်းမော်လေယာဉ်ကွင်းတစ်ခုလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် - KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

မန္တလေးနှင့် ဝမ်းတွင်းတွင် စစ်မှုထမ်းမဲပေါက်သူများ အတင်းအကြပ် ဖမ်းဆီးခေါ်ဆောင်ခံနေရ

မန္တလေးမြို့နဲ့ ဝမ်းတွင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကော်မရှင်က စစ်မှုထမ်းစာရင်းပါဝင်သူတွေကို ဆက်တိုက်ဆိုသလို တစ်အိမ်တက်ဆင်း ဖမ်းဆီးနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။