စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်း အင်အား ၂၀၀ ခန့်ရှိ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၉ ယောက် သေဆုံးခဲ့တယ်လို့ Black Vote Fighter Local PDF က သတင်းထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ ၁၀ ရက်က ယင်းမာပင်မြို့နယ် ဘန်ဘွေးပျူစခန်းကနေ မုံရွာ-ယာကြီး-ကလေးဝလမ်း အတိုင်း စစ်ကြောင်းထိုးလာတဲ့ အင်အား ၂၀၀ ခန့်ရှိ အကြမ်းဖက်စစ်သားတွေကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ၉ ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူလည်း အများအပြားရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၁၄ ရက်ကလည်း တရော်ဂျင်းရွာမှာ တပ်စွဲထားပြီး ပြန်လည်ထွက်ခွာလာတဲ့ အကြမ်းဖက်စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားချိန် ၃၄ မိနစ်ခန့်ကြာခဲ့ပြီး အကြမ်းဖက်စစ်သားတွေ အထိနာကာ ရှေ့မတိုးနိုင်ဘဲ တရော်ဂျင်းရွာအတွင်း ပြန်လည်ဝင်ရောက်သွားတယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း သေဆုံးဒဏ်ရာရရှိသွားတဲ့ စစ်သားတွေကို အကျိုးကန်းကုန်းက ကားတွေနဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်သို့ သယ်ဆောင်သွားကြောင်း သိရပါတယ်။

အဆိုပါတိုက်ခိုက်တွေကို Black Vote  Fighter အဖွဲ့နဲ့  မဲမှောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဝင်္ကပါပြောက်ကျားတပ်ဖွဲ့၊ အမေ့သားပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

Video – Black Vote Fighter Local PDF

0 Shares:
You May Also Like
Read More

အရှေ့ချောက်ကန်ကျေးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သား

မကွေးတိုင်း ပခုက္ကူမြို့နယ် အရှေ့ချောက်ကန်ကျေးရွာစစ်ဆေးရေးဂိတ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို နိုဝင်ဘာ ၁၅ ရက်က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ Young Force - UG အဖွဲ့ထံက သိရပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသ အမှတ် (၃) စစ်ဒေသခွဲမှာ ဖမ်းဆီးမိထားတဲ့ စစ်သုံ့ပန်းတွေရဲ့ ကလေးငယ်များ အတွက် ကစားကွင်းဖွင့်လှစ်ပေး (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) ရဲ့ တောင်ပိုင်းစစ်ဒေသ အမှတ် (၃) စစ်ဒေသခွဲမှာ ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေရဲ့ ကလေးငယ်တွေအတွက် ကစားကွင်း ဖွင့်လှစ်ပေးထားတယ်လို့ စစ်ဒေသခွဲ အမှတ်(၃) တောင်ပိုင်းစစ်ဒေသရဲ့ စစ်သုံ့ပန်းထိန်းသိမ်းရေးတာဝန်ခံက အသိပေး ဖော်ပြထားပါတယ်။
Read More

ပေါက်ခေါင်းမြို့နယ် ဘော်ဒါကျေးရွာ စစ်တပ်ဂိတ်စခန်းကို ဝင်‌ရောက်တိုက်ခိုက်၊ စစ်ကော်မရှင်တပ်သား ၅ ဦး သေပြီး လက်နက်များ ရရှိ (ရုပ်/သံ)

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်ရှိ ဘော်ဒါကျေးရွာဂိတ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်သား ၅ ယောက်သေပြီး လက်နက်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

လေးကေ့ကော်မြို့နယ် စွယ်တော်ကုန်းတိုက်ပွဲမှာ အသက်ပေးလှူသွားတဲ့ Cobra Column 2 VENOM ရဲဘော်သောင်းလှအတွက် အမိန့်ပြန်တမ်းထုတ်ပြန် (ရုပ်/သံ)

ကရင်ပြည်နယ် လေးကေ့ကော်မြို့အနီးရှိ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ စွယ်တော်ကုန်းစခန်းသိမ်းတိုက်ပွဲမှာ ရဲဘော် သောင်းလှကျဆုံးခဲ့ရတယ်လို့ Cobra Column 2 VENOM ထံက သိရပါတယ်။
Read More

မြိတ်မြို့ဘက်မှ အမတ ၃၀၆ တပ်ရင်းသို့လာသည့် စစ်ကားကို လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ မြိတ်မြို့ဘက်ကနေ အမတ ၃၀၆ တပ်ရင်းကိုလာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ကားကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်ခရင်းတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

တန့်ဆည်မြို့နယ် ကံထူးမရွာကို စစ်ကော်မရှင်က လေကြောင်းကနေ ဗုံးကြဲ ပြည်သူ ၈ ယောက်သေဆုံးပြီး ၁၂ ယောက်ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ကံထူးမရွာရှိ စက်သုံးဆီဆိုင်နဲ့ စားသောက်ဆိုင်ကို လူစည်ကားနေ ချိန် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၈ ယောက်သေဆုံးပြီး ၁၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တန့်ဆည်မြို့နယ် ပကဖ မှ သတင်းထုတ်ပြန်ထားပါတယ်။