ပေါ်တာဆွဲခံရပြီး ပြည်သူကို ဖိနှိပ်နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ တပ်သားအဖြစ်မခံဘဲ ပြည်သူလူထုကို ကာကွယ်ပြီး မတရားမှုကို တွန်းလှန်တိုက်ခိုက်ကြမယ့် PDF ရဲဘော်အဖြစ် အာဠာဝကစစ်ကြောင်းက ရဲဘော်သစ်တွေ ဖိတ်ခေါ်လျက်ရှိပါတယ်။ 

”မတရားမှုကိုမဆိုင်သလိုကြည့်နေရင်း ကိုယ်တိုင်သားကောင်ဖြစ်သွားတဲ့အခါ ဘာလုပ်မှာလဲ။ ပေါ်တာဆွဲခံရပြီး ပြည်သူကိုဖိနှိပ်သည့် အာဏာသိမ်းစစ်ကောင်စီတပ်သားအဖြစ် အသေခံမလား။ ဖိနှိပ်ခံ ပြည်သူလူထုကို ကာကွယ်ဖို့ ရဲရင့်သူတစ်ယောက်အဖြစ် ပြောင်းလဲမလား။ ပြည်သူလူထုကိုကာကွယ်ဖို့ စစ်‌ကောင်စီကို လက်နက်ကိုင်တော်လှန်နိုင်သည့် အခွင့်ရေးသင့်မှာ ရှိနေပါပြီ”လို့ အာဠာဝကစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

ရဲဘော်သစ်လျှောက်ထားလိုသူတွေအနေနဲ့ အသက် ၁၈ နှစ်ကနေ ၃၅နှစ်အတွင်းရှိသူ၊ ကျန်းမာရေးကောင်းမွန်ပြီး ရာဇဝတ်ပြစ်မှု ကင်းရှင်းသူ၊ တပ်ဖွဲ့က ချမှတ်ထားတဲ့ စည်းမျဥ်းစည်းကမ်းတွေအတိုင်း လိုက်နာနေထိုင်နိုင်သူ၊ တော်လှန်ရေးအတွက် တပ်ဖွဲ့က ပေးအပ်တဲ့ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်သူ၊ စည်းကမ်းဖောက်ဖျက်မှုရှိရင် တပ်ဖွဲ့က ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေကို ကျေနပ်စွာ ခံယူနိုင်သူ၊ စစ်ကြောင်းမှာ သတ်မှတ်ကာလအတိုင်း တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမယ်လို့ ဆိုထားပါတယ်။

အသေးစိတ်သိရှိလိုတဲ့ အချက်အလက်တွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း – ၃၊ အာဠာဝကစစ်ကြောင်း Facebook စာမျက်နှာမှာ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်မှာ ဖြစ်ပါတယ်။

Video – ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း – ၃၊ အာဠာဝကစစ်ကြောင်း

0 Shares:
You May Also Like
Read More

မုံရွာမြို့နယ်အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ရော့ကတ် အလုံး ၃၀ နဲ့ ပစ်ခတ်တိုက်ခိုက်မှု တိုင်းဦးစီးချုပ်ရဲ့ ကိုယ်ရေးအရာရှိအပါအဝင် ၁၅ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ဇန်နဝါရီ ၁၄ ရက် ည ပိုင်းက ရှော့တိုက်ရော့ကတ် အလုံး ၃၀ နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Chindwin Rocket Brother -CRB အဖွဲ့ထံက သိရပါတယ်။
Read More

မာနယ်ပလောဒေသ ပြန်လည်ရရှိခြင်းအပေါ် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေး၏ ပြောကြားချက် (ရုပ်/သံ)

''ယနေ့ကျွန်တော်တို့ ဌာနချုပ်ကြီးကို ပြန်လည်ရယူတဲ့နေရာမှာ သွေးနဲ့ ချွေးနဲ့ အသက်နဲ့ ပေးဆပ်ရ တာ ဂုဏ်သိက္ခာနဲ့ ကမ္ဘာကျော်တဲ့ ဌာနချုပ်ကြီးကို ကျွန်တော်တို့ သမိုင်းမှတ်တိုင်အရ အကောင်းဆုံး ပြန်လည်ကာကွယ်နိုင်တဲ့ အခွင့်အလမ်းလက်ထဲ ပြန်ရောက်လာတယ်လို့ ကျွန်တော်တို့ ပြောချင်တယ်။ တိုင်းရင်းသားတော်လှန်ရေးအင်အားစုအားလုံးရဲ့ ပူးပေါင်းပါဝင်မှုကြောင့် ဌာနချုပ်ဟောင်း ကြီးကို ပြန်လည်ရရှိတယ်လို့လည်း ပြောချင်ပါတယ်"
Read More

တရုတ်-မြန်မာနယ်စပ်မြို့ ကန်ပိုက်တီကို KIA စတင်တိုက်ခိုက်ထိုးစစ်ဆင်နေ (ရုပ်/သံ)

ကချင်ပြည်နယ်မှာ နောက်ဆုံးကျန်ရှိနေတဲ့ တရုတ်-မြန်မာနယ်စပ်မြို့ ကန်ပိုက်တီကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA က စတင်ထိုးစစ်ဆင် တိုက်ခိုက်နေပြီဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေမှာ ဖော်ပြလာပါတယ်။
Read More

အစည်းအဝေးတက်ဖို့လာတဲ့ ပျူစောထီးယာဉ်ကို တိုက်ခိုက်မှု ပျူဒုခေါင်းဆောင်နဲ့ တပ်မ ၁၀၁၁ က ပျူသင်တန်းဆရာအပါအဝင် ၈ ယောက်သေ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ် တပ်မ ၁၀၁ ကို အစည်းအဝေးတက်ဖို့လာတဲ့ အင်အား ၁၁ ယောက်ပါ ပျူစောထီးယာဉ်ကို ဇန်နဝါရီ ၇ ရက် မနက်ပိုင်းက ပခုက္ကူ-မြစ်ခြေလမ်းခွဲ အရှေ့ဘက်တစ်နေရာမှာ တော်လှန်ရေးတပ်တွေ အသင့်စောင့်ကြို တိုက်ခိုက်ခဲ့တယ်လို့ မြိုင်ပကဖထံက သိရပါတယ်။
Read More

သေ့ဘောဘိုးစခန်းသိမ်းပွဲတွင် ပါဝင်ဆင်နွှဲခဲ့ကြသည့် တော်လှန်ရေးပူးပေါင်းတပ်များကို အောင်သပြေပန်းများဖြင့် ကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

ကရင်ပြည်နယ်၊ မြဝတီမြို့အနီးရှိ သေ့ဘောဘိုးစစ်ကောင်စီတပ်စခန်းအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေကို ဒေသခံပြည်သူတွေက အောင်သပြေပန်းတွေနဲ့ ကြိုဆိုဂုဏ်ပြုခဲ့ပါတယ်။
Read More

ပဲခူးတိုင်း နတ်သံကွင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ ကာကင်းစခန်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်း နတ်သံကွင်းမြို့နယ်အတွင်း အထိုင်ချထားတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ကာကင်းစခန်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီမြို့နယ်ဂဠုန်တပ်ဖွဲ့ဆီက သိရပါတယ်။ ဇန်နဝါရီ ၂၂ ရက်က နတ်သံကွင်းမြို့နယ် ပဲနွယ်ကုန်းနဲ့ ကျောက်ကြီးလမ်းပေါ်ရှိ အကြမ်းဖက်စစ် တပ်ရဲ့ ကာကင်းစခန်းကို ROBIHHOOD Missile Team က ထုတ်လုပ်ထောက်ပံ့ထားတဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။