အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်နေ့က ရောင်နီ ဖျော်ဖြေပွဲ ကျင်းပခဲ့ပြီး ပွဲမစတင်ခင်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစေဖို့ တစ်မိနစ် ငြိမ်သက် ဆုတောင်းခဲ့ကြတယ်လို့ သိရပါတယ်။

အဆိုပါ ဖျော်ဖြေပွဲမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက်ကာ ခွန်အားဖြည့် အားပေးစကား ပြောကြားခဲ့သလို တောတွင်းမြေပြင်တစ်နေရာမှာ ရောက်ရှိနေတဲ့ ၈၈ ကျောင်းသားခေါင်းဆောင် မနီလာသိန်းကလည်း အားလုံးကိုယ်စား အမှာစကား ပြောကြားခဲ့တယ်လို့ သိရပါတယ်။

“အဲဒီနောက် လူထုခေါင်းဆောင် အမေဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေကြောင်း အားလုံးငြိမ်သက် ဆုတောင်းခဲ့ကြပြီး ဖျော်ဖြေမှုအစီအစဥ်ကို စတင်ခဲ့ပါတယ်” လို့ ရောင်နီ Tour က ရေးသားထားပါတယ်။

ရောင်နီဖျော်ဖြေပွဲတွေဟာ ပွဲကနေ ရရှိလာတဲ့ ငွေတွေကို လိုအပ်နေတဲ့ စစ်ဘေးရှောင်ကဏ္ဍ၊ လူ့အခွင့်အရေးကဏ္ဍ၊ ပညာရေး၊ ကျန်းမာရေးနဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကဏ္ဍအသီးသီးအတွက် စီးဆင်းလှူဒါန်းနေတယ်လို့ ဆိုထားပြီး အခုဖျော်ဖြေပွဲ မစတင်ခင်မှာလည်း အဆိုတော် လင်းလင်းက မြေပြင်မှာ စီစဥ်ပံ့ပိုးမှု ဆောင်ရွက်နေတဲ့ လုပ်ငန်းစဥ်တွေအကြောင်း ရှင်းပြခဲ့သလို မြေပြင်မှာ ဦးစီးလုပ်ကိုင်နေသူတွေနဲ့ ပရိသတ်ကို မိတ်ဆက်ပေးခဲ့ပါတယ်။

နယူးယောက်မြို့မှာကျင်းပတဲ့ ဒီပွဲဟာ ရောင်နီရဲ့ ၇ ပွဲမြောက်ဖြစ်ပြီး Maryland ၊ Boston ၊ San Francisco (Bay Area) ၊ Florida ၊ Texas နဲ့ Milwaukee တို့မှာ ကျင်းပပြုလုပ်ခဲ့ပြီးပြီ ဖြစ်ပါတယ်။

(ဓာတ်ပုံ Ye Hein)

0 Shares:
You May Also Like
Read More

စစ်ကောင်စီထံ စီးဝင်မယ့် လက်နက် ၃ ပုံ ၁ ပုံကို နိုင်ငံတကာငွေကြေးလမ်းကြောင်းကတဆင့် ဖြတ်တောက်နိုင်ခဲ့လို့ မြန်မာစစ်ကောင်စီကို အရေးယူပိတ်ဆို့မှုများ မည်မျှအရေးကြီးကြောင်း ကုလအထူးကိုယ်စားလှယ် ထောက်ပြပြောဆို

စစ်အုပ်စုရဲ့ ၂၀၂၁ အကြမ်းဖက်အာဏာသိမ်းအပြီး မြန်မာနိုင်ငံအတွင်း ပြည်သူ ၆,၈၀၀ ကျော် အသတ်ခံခဲ့ရပြီး ၂၂,၀၀၀ ကျော် အကျဉ်းချခံနေရတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်က ဇွန်လ ၂၅ ရက်မှာ ပြောလိုက်ပါတယ်။
Read More

ဒီဇင်ဘာမကုန်ခင် ပန်းရောင်ကတ် လုပ်ပေးမယ်လို့ ထိုင်းအစိုးရ ကြေညာ

ထိုင်းနိုင်ငံအတွင်းက အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေ အပါအဝင် ရွှေ့ပြောင်းအလုပ်သမားတွေကို ပန်းရောင်ကတ်လို့ ခေါ်တဲ့ တရားဝင် အလုပ်လုပ်ခွင့်ကတ်ကို လာမယ့် ဒီဇင်ဘာလ ၃၀ ရက်မတိုင်ခင် ပြုလုပ်ပေးသွားမယ်လို့ မနေ့က နိုဝင်ဘာ ၂၆ ရက်မှာ ထိုင်းပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။
Read More

မြန်မာ့အရေးဖြေရှင်းရာတွင် မလေးရှား လုပ်သွားသည့်အတိုင်း ဆက်လုပ်သွားမည်ဟု ဖိလစ်ပိုင် ပြော

ဖိလစ်ပိုင်နိုင်ငံအနေနဲ့ လာမယ့် အာဆီယံ ဥက္ကဋ္ဌအဖြစ် မြန်မာ့အရေးကို ကိုင်တွယ်တဲ့နေရာမှာ မလေးရှား  လုပ်သွားတာတွေကို ဆက်လက် လုပ်ဆောင်ဖို့ ဦးစားပေးသွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီး ထရေဆာ လာဇာရိုက နိုဝင်ဘာ ၁၇ ရက် တနင်္လာနေ့မှာ ပြောပါတယ်။
Read More

ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေကို စစ်ကောင်စီက သေဒဏ်ချမှတ်မှုအပေါ် အာဆီယံလွှတ်တော်အမတ်တွေ ဝေဖန်ကန့်ကွက်ရှုံ့ချ

၂၀၂၄ စက်တင်ဘာလ ၂၄ ရက်မှာ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ၅ ယောက်ကို စစ်ကောင်စီက သေဒဏ်ချ ကွပ်မျက်မယ်လို့ ယုံကြည်စိတ်ချရတဲ့ သတင်းအရင်းအမြစ်တွေကတဆင့် သိရတဲ့အတွက် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (APHR) အနေနဲ့ အလွန်အမင်းစိတ်ပူပန်ကြောင်း စက်တင်ဘာလ ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

ထိုင်းရဲ့ ရက် ၁၂၀ စီမံချက်အတွင်း တရားမဝင် မြန်မာလုပ်သား ၁,၃၀၀ နီးပါး ဖမ်းဆီးခံရ

လွန်ခဲ့တဲ့ ၃လကျော်အတွင်း ထိုင်းနိုင်ငံမှာ တရားမဝင် အလုပ်လုပ်ကိုင်မှုကြောင့် နိုင်ငံခြားသား ၂,၀၀၀  ကျော်ဖမ်းဆီးခံခဲ့ရတယ်လို့ထိုင်းအလုပ်သမားဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်။
Read More

အတုအယောင်ရွေးကောက်ပွဲ ရလဒ်များကို ဇန်နဝါရီလကုန် ကြေညာမည်ဟု ရွေးကောက်ပွဲကော်မရှင် ပြော

စစ်အုပ်စုက ပြုလုပ်ဖို့ရှိတဲ့ အတုအယောင်ရွေးကောက်ပွဲရဲ့ နောက်ဆုံးရလဒ်တွေကို လာမယ့်နှစ် ဇန်နဝါရီလကုန်ပိုင်းမှာ ကြေညာမယ်လို့ စစ်တပ်ရဲံ ထိန်းချုပ်မှုအောက်မှာရှိတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) တာဝန်ရှိသူတယောက်က စက်တင်ဘာ ၁၁ ရက် ကြာသပတေးနေ့မှာ ပြောပါတယ်။