အာဏာသိမ်းစစ်အုပ်စုက ရွေးကောက်ပွဲကျင်းပမယ့် မဲဆန္ဒနယ်တွေကို ထုတ်ပြန်ကြေညာခဲ့ပြီး အဆိုပါစာရင်းထဲမှာ အာရက္ခတပ်တော် (AA) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိန်းချုပ်နယ်မြေတချို့ ပါဝင်လာခြင်း မရှိပါဘူး။
အဆိုပါထုတ်ပြန်ချက်ကို စစ်တပ်ဟာ သူတို့ရဲ့ လက်အောက်ခံ သတင်းမီဒီယာတွေကတဆင့် မနေ့က စက်တင်ဘာလ ၁၄ ရက်မှာ အတိအလင်း ကြေညာလာတာပဲ ဖြစ်ပါတယ်။

ကြေညာချက်ထဲမှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်လွှတ်တော်တွေရဲ့ စုစုပေါင်း မဲဆန္ဒနယ် ၁၂၁ နေရာတို့မှာ ရွေးကောက်ပွဲ ကျင်းပပြုလုပ်မှာ မဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။

ရွေးကောက်ပွဲ ကျင်းပဖို့ မရှိတဲ့ မဲဆန္ဒနယ်တွေထဲမှာ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် (၅၆) နယ်၊ အမျိုးသားလွှတ်တော် မဲအများဆုံး ရသူ အနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် (၉) နယ်နဲ့ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်လွှတ်တော် မဲအများဆုံး ရသူ အနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် (၅၆) နယ်တို့ ပါဝင်နေပါတယ်။

ရွေးကောက်ပွဲပြုလုပ်နိုင်ခြင်း မရှိတဲ့ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် (၅၆) နယ်တွေကတော့ ကချင်ပြည်နယ်မှာ ၄ မြို့နယ်၊ ကယားပြည်နယ်မှာ ၃ မြို့နယ်၊ ချင်းပြည်နယ်မှာ ၄ မြို့နယ်၊ စစ်ကိုင်းတိုင်းမှာ ၁၀ မြို့နယ်၊ မကွေးတိုင်းမှာ ၅ မြို့နယ်၊ မန္တလေးတိုင်းမှာ ၃ မြို့နယ်၊ ရခိုင်ပြည်နယ်မှာ ၁၀ မြို့နယ်နဲ့ ရှမ်းပြည်နယ်မှာ ၁၇ မြို့နယ်ဖြစ်တယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲတွေ ကျင်းပခြင်း မပြုမယ့် အမျိုးသားလွှတ်တော် မဲအများဆုံး ရသူ အနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် (၉) နယ်မှာတော့ ကယားပြည်နယ်မှာ မဲဆန္ဒနယ် ၂ နေရာ၊ ချင်းပြည်နယ်မှာ မဲဆန္ဒနယ် ၃ နေရာ၊ ရခိုင်ပြည်နယ်မှာ မဲဆန္ဒနယ် ၂ နေရာ နဲ့ ရှမ်းပြည်နယ်မှာ မဲဆန္ဒနယ် ၂ နေရာတို့ပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲ ကျင်းပခြင်း မပြုမယ့် တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်လွှတ်တော် မဲအများဆုံး ရသူ အနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် (၅၆) နယ်မှာတော့ ကချင်ပြည်နယ် ၄ မြို့နယ်၊ ကယားပြည်နယ် ၃ မြို့နယ်၊ ချင်းပြည်နယ် ၄ မြို့နယ်၊ စစ်ကိုင်းတိုင်း ၁၀ မြို့နယ်၊ မကွေးတိုင်း ၅ မြို့နယ်၊ မန္တလေးတိုင်း ၃ မြို့နယ်၊ ရခိုင်ပြည်နယ် ၁၀ မြို့နယ်နဲ့ ရှမ်းပြည်နယ် ၁၇ မြို့နယ် ပါဝင်နေတာ ဖြစ်ပါတယ်။

စစ်ကော်မရှင် ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ မြို့နယ်စာရင်းကို ထုတ်ပြန်ရာမှာ တချို့မြို့နယ်ဟာ စစ်အုပ်စု မထိန်းချုပ်ထားနိုင်ပေမယ့် စာရင်းထဲမှာ ပါမနေတာကိုလည်း တွေ့ရပါတယ်။ ဥပမာအားဖြင့် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက်က ကျောက်မဲနဲ့ သီပေါမြို့နယ်တွေကို ရွေးကောက်ပွဲ မကျင်းပနိုင်မယ့် စာရင်းထဲကနေ ထုတ်ထားတာဟာ ထူးခြားမှုဖြစ်တယ်လို့ လေ့လာသုံးသပ်သူတွေက ဆိုကြပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ သူတို့ရဲ့ နိုင်ငံရေးထွက်ပေါက်ဖြစ်တဲ့ ရွေးကောက်ပွဲ အပိုင်း (၁) ကို ကျင်းပသွားမယ်လို့ ကြေညာထားသလို အမှန်တကယ် ကျင်းပနိုင်ဖို့အတွက်လည်း အားစိုက် ပြင်ဆင်နေတာပဲ ဖြစ်ပါတယ်။ စစ်အုပ်စုဘက်ကတော့ တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲလို့ ဆိုနေပေမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီတွေကို စိတ်ကြိုက်ချယ်လှယ် ကန့်သတ်ထားတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ကောလင်းမှာ စစ်ရှောင်ပြည်သူတွေ နေထိုင်ရာ စာသင်ကျောင်းကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်၊ ကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာရ…

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ စစ်ရှောင်ပြည်သူတွေ နေထိုင်ရာ ဝက်သဲကုန်းရွာ စာသင်ကျောင်းကို အကြမ်းဖက်စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ် ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Kawlin Info က ထုတ်ပြန်ထားပါတယ်။
Read More

ဖာပွန် ခရိုင် ပ.က.ဖ UAV ဌာနက တပ်တွင်း ဒရုန်း ဆင့်ပွားသင်တန်း ပို့ချနေ…

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဖာပွန်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဖာပွန် ပ က ဖ ၊ UAV Department , Research & Development Team သည် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ လုပ်ငန်းညှိနှိုင်းကော်မတီရဲ့ လမ်းညွှန်ကြီးကြပ်မှုတို့နဲ့ တိုးချဲ့ဖွဲ့စည်းထားတဲ့ UAV ဌာနက ရဲဘော်တွေကို ဒရုန်းသင်တန်း အပတ်စဥ် ၁ အဖြစ် ဆင့်ပွားသင်တန်း ပြန်လည်ပို့ချခဲ့တယ်လို့ သိရပါတယ်။
Read More

ခရစ္စမတ်နှင့် နှစ်သစ်ကူးတွင် လူစုလူဝေးမလုပ်ရန် အရေးကြီးကာလအဖြစ် ကရင်နီပြည်တပ်မတော် ကြေညာ

အကြမ်းဖက်စစ်တပ် အန္တရာယ်ပြုလာနိုင်တဲ့အတွက် ခရစ္စမတ်နဲ့ နှစ်သစ်ကူးကာလတွေမှာ ကရင်နီပြည်အတွင်း လူစုလူဝေးမလုပ်ဖို့ ဒီနေ့ ဒီဇင်ဘာ ၁၉ရက် ကစပြီး အရေးကြီးကာလအဖြစ် သတ်မှတ်တယ်လို့ ကရင်နီပြည်တပ်မတော် (KA) က ထုတ်ပြန်ပါတယ်။
Read More

သပိတ်ကျင်းတွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ဦးသေပြီး ကလေးများနှင့် သံဃာတော်များအပါ ၈ ဦးဒဏ်ရာရ…

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁ ယောက် သေဆုံးပြီး ကလေးငယ်တွေနဲ့ သံဃာတော်တွေအပါအဝင် ၈ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကျားဖြန့်ကိစ္စ အမေရိကန် စွက်ဖက်ဖို့ လုပ်တာဟာ ပွဲလန့်တုန်း ဖျာဝင်ခင်းတာလို့ ဇော်မင်းထွန်း ပြော

ကျားဖြန့်နှိမ်နင်းရေးကိစ္စမှာ အမေရိကန်နိုင်ငံက ဝင်ရောက်စွက်ဖက်ဖို့ လုပ်ဆောင်နေတာဟာ ပွဲလန့်တုန်း ဖျာခင်း ဖို့သာ ဖြစ်တယ်လို့ အကြမ်းဖက်စစ်တပ်ပြောခွင့်ရ ဇော်မင်းထွန်းက ပြောဆိုလိုက်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ်‎မှ စစ်မှုထမ်းဆင်း စစ်သား (၄) ဦး K.N.L.A တပ်မဟာ(၄) ၊ တပ်‌ရင်း(၁၁) ထံ အလင်းဝင် ဘက်ပြောင်းခိုလှုံ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က စစ်မှုထမ်းဆင်း စစ်သား ၄ ယောက်ဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် K.N.L.A ထံ အလင်းဝင်လာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ထားပါတယ်။