စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ အကြမ်းဖက် စစ်ကော်မရှင်တပ် ထောင်ထားတဲ့မိုင်းကို နင်းမိပြီး BNRA တပ်ဖွဲ့ဝင် ရဲဘော် ဗျတ္တ ကျဆုံးခဲ့တယ်လို့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA ထံက သိရပါတယ်။

စက်တင်ဘာ ၁၃ရက်၊ မနက် ၉နာရီလောက်မှာ ရဲဘော် ဗျတ္တနဲ့ တပ်ဖွဲ့ဝင်တချို့ဟာ စစ်ကော်မရှင်တပ်သားတွေ နေရာယူထားတဲ့ ကျေးရွာနားကို ချဥ်းကပ်ရင်း အကြမ်းဖက်စစ်တပ် ထောင်ထားတဲ့ မိုင်းကိုနင်းမိပြီး ရဲဘော် ဗျတ္တ ကျဆုံးခဲ့တာ ဖြစ်ပါတယ်။

“အဲဒီနေ့က ရန်သူနေရာယူထားတဲ့ ကျေးရွာအနီး တိုးကပ်ရင်း ရဲဘော် ဗျတ္တ မိုင်းထိကျဆုံးခဲ့တာပါ။ ရန်သူ့မိုင်း ဟုတ်မဟုတ် စိစစ်တဲ့အခါမှာ ၆၀ ရာခိုင်နှုန်းလောက် အတည်ပြုလို့ရပေမယ့် သေချာစိစစ်နေဆဲပါ” လို့ BNRA ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

မိုင်းနင်းမိကာ ကျဆုံးခဲ့သည့် BNRA ရဲဘော် ဗျတ္တ

မိုင်းထိမှန် ကျဆုံးခဲ့တဲ့ ရဲဘော်ဗျတ္တရဲ့ ရုပ်အလောင်းကို ပြန်လည်သယ်ဆောင်ချိန်မှာလည်း စစ်ကော်မရှင်တပ်သားတွေနဲ့ သိပ်မဝေးတဲ့အတွက် ရုပ်အလောင်းကို ခပ်မြန်မြန် ယူဆောင်ခဲ့ရပြီး အဲဒီနေ့ ညနေမှာပဲ ချက်ချင်းသင်္ဂြိုဟ်ပေးခဲ့တယ်လို့ သိရပါတယ်။

မိုင်းပေါက်ကွဲမှုမဖြစ်ခင် ရက်ပိုင်းလောက်က ပုလဲ-ကန်ဒေါင့် လမ်းပိုင်းတလျှောက် နေရာယူထားတဲ့ စစ်ကော်မရှင်စစ်ကြောင်းကို မိုင်းခင်း ဖြတ်တောက်ရေးလုပ်ခဲ့တာ ၁၀ ရက်ကျော်လောက် ရှိပြီဖြစ်တဲ့အတွက် အခုပေါက်ကွဲတဲ့မိုင်းက ဘယ်သူ့မိုင်းလဲဆိုတာ သေချာအောင် စိစစ်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

“ဖြစ်တဲ့နေရာနဲ့ ရန်သူ့စစ်ကြောင်းက သိပ်မဝေးတာကြောင့် ရုပ်အလောင်း ပြန်ယူတဲ့အချိန်မှာ အခက်အခဲတွေ ရှိပေမယ့် ခပ်မြန်မြန်ပဲ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ အလောင်းကိုလည်း အဲဒီနေ့မှာပဲ မီးသင်္ဂြိုဟ်မှု ပြုလုပ်ခဲ့တယ်” လို့ BNRA ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

BNRA တပ်ဖွဲ့အနေနဲ့ ပုလဲမြို့သိမ်းစစ်ဆင်ရေးတုန်းကလည်း စစ်ကော်မရှင်တပ် ထောင်ထားတဲ့ မိုင်းကို နင်းမိလို့ ရဲဘော်တစ်ယောက် ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရသေးတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စဉ့်ကူးနှင့် သပိတ်ကျင်းကို စစ်ကောင်စီ ရှေ့ဆင့်နောက်ဆင့် လေကြောင်းတိုက်ခိုက်၊ ကလေးငယ်များ အပါအဝင် အရပ်သား ၆ဦးသေဆုံးပြီး ၁၀ဦးထက်မနည်း ဒဏ်ရာရ

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်တွေမှာ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သား ၆ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ယောက်ထက်မနည်း ရှိခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပကဖ သတင်းတာဝန်ခံက မောင်းကို ပြောပါတယ်။
Read More

ထီးလင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ရဲတပ်သား ၁ ယောက် ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာ

မကွေးတိုင်း၊ ထီးလင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ရဲတပ်သား ၁ ယောက်ဟာ ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ယောအလင်းတန်းအဖွဲ့ထံက သိရပါတယ်။
Read More

သြဂုတ်လအတွင်း တအာင်းပြည် ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၁၁) ဦးနှင့် သုံးစွဲသူ (၁၂) ဦး ဖမ်းဆီးနိုင်ခဲ့ကြောင်း TNLA ထုတ်ပြန်

တအာင်းပြည်၊ မိုးကုတ်၊ သီပေါ၊ ကွတ်ခိုင်၊ မန်တုံ၊ မိုင်းလုံ၊ မိုင်းငေါ့၊ နမ္မတူနဲ့ ‌ကျောက်မဲမြို့နယ်တွေမှာ သြဂုတ်လအတွင်း တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးရောင်းဝယ်သူ (၁၁) ယောက်နဲ့ သုံးစွဲသူ (၁၂)ယောက်ကို ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း TNLA က ထုတ်ပြန်ပါတယ်။
Read More

ခန္တီးတွင် ဗျူဟာမှူးကွပ်ကဲသည့် ပဒူးမုန်းရွာစခန်းကုန်းအား ပကဖတပ်များ ဝင်ရောက်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်မှာ စစ်အုပ်စု အခိုင်အမာတပ်စွဲထားတဲ့ ပဒူးမုန်းရွာ တပ်စခန်းကုန်းကို ၁နာရီကျော်ကြာ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ရန်ကုန်မှာ တိုက်ပွဲဝင်အလံနဲ့ မီးတုတ်တွေ ကိုင်စွဲပြီး အကြမ်းဖက်အာဏာရှင်စနစ် အမြစ်ဖြတ်ရေး ပြောက်ကျားလူထုသပိတ် ပြုလုပ်

အကြမ်းဖက်စစ်ကောင်စီ လုံခြုံရေးအထူးတင်းကျပ်ထားတဲ့ ရန်ကုန်မှာ တိုက်ပွဲဝင်အလံတွေနဲ့ မီးတုတ်တွေ ကိုင်စွဲပြီး အကြမ်းဖက်အာဏာရှင်စနစ် အမြစ်ဖြတ်ရေး ဆန္ဒပြတဲ့ ပြောက်ကျားလူထုသပိတ်ကို ဒီနေ့ ညပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရေစကြိုမြို့နယ်မှာ စစ်တပ်နှင့် တော်လှန်ရေးတပ်များ ၈ ရက်ကြာ တိုက်ပွဲဖြစ်ပွားမှုအပြီး Myingyan Black Tiger တပ်ဖွဲ့ ဌာနချုပ်တပ်စခန်း ဆုံးရှုံးခဲ့

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ချင်းတွင်းမြစ်အရှေ့ဘက် ရေလယ်ကျွန်းဒေသမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ၈ ရက်ကြာ တိုက်ပွဲဖြစ်ပွားမှုအပြီး Myingyan Black Tiger တပ်ဖွဲ့ရဲ့ ဌာနချုပ်တပ်စခန်းကို ဆုံးရှုံးခဲ့ရတယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။