မန္တလေးတိုင်းထဲက မတ္တရာမြို့နယ်၊ စဥ့်ကူးမြို့နယ်နဲ့ သပိတ်ကျင်းမြို့နယ်တွေမှာ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ တစိုက်မတ်မတ် အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြလာပါတယ်။

MDY-PDF က မတ္တရာ၊ စဥ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်တွေမှာ ပြည်သူတွေ လေကြောင်းရန်အန္တရာယ် ကာကွယ်ကင်းရှင်းရေးအတွက် အရေးပေါ် ဗုံးခိုကျင်းတွေ (Public Shelter) အများအပြားကို ဆောက်လုပ်ထားပြီး ဆက်လက်တိုးမြှင့် ဆောက်လုပ်သွားဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သပိတ်ကျင်းမြို့နယ်၊ ကွင်း (၃၀) ကျေးရွာမှာရှိတဲ့ ရွာအဝင်တံတား ပြုပြင်တည်ဆောက်ရာမှာ မတည်အလှူငွေ ထည့်ဝင်ကာ ကျေးရွာသူ ကျေးရွာသားတွေနဲ့အတူ စုပေါင်းပြုပြင်တည်ဆောက်ခဲ့တယ်လို့ ဆိုထားပါတယ်။

MDY-PDF က ဒေသတွင်း မိတ်ဖက်တော်လှန်ရေးအင်အားစုတွေနဲ့ ချိတ်ဆက်ပြီး စစ်ဘေးရှောင် ပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို စဥ်ဆက်မပြတ် ကူညီပေးနေသလို ရှေ့လျှောက် တော်လှန်ရေးကာလတွေမှာလည်း စစ်ဆင်ရေးတွေနဲ့အတူ ပြည်သူ့အကျိုးပြု လုပ်ငန်းတွေကိုလည်း ပိုမိုအရှိန်မြှင့် လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

တစ်ဖက်မှာတော့ အကြမ်းဖက် မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်းစစ်တပ်ဟာ MDY-PDF ထိန်းချုပ်ထားရာ သပိတ်ကျင်း၊ မတ္တရာနဲ့ စဥ့်ကူးမြို့နယ်တွေကို လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏ လုပ်ဆောင်နေပြီး အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုတွေလည်း ရှိနေတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

သူပုန်ဖြူ” ကဗျာစာအုပ်များလက်ဆောင်ပေးသည့် AA ကို ယောတပ်တော် ကျေးဇူးတင်

"သူပုန်ဖြူ" ကဗျာစာအုပ်တွေကို မရောင်းချမီကတည်းက တိုက်ပွဲတွေအတွင်း ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့ရတဲ့ ရဲဘော်တွေအတွက် လက်ဆောင်ပေးမှာဖြစ်တယ်လို့ဆိုပါတယ်။ အခုလို လုပ်ဆောင်တာဟာ "သူပုန်ဖြူ Team" က ကြိုတင်စီစဉ်ထားတာဖြစ်ပြီး လက်ဆောင် ပေးရတာဟာလည်း ကဗျာစာအုပ်မှာ ရေးသားထားတဲ့ စာသားတွေနဲ့ စကားလုံးတွေဟာ ရဲဘော်တွေကို စိတ်ဓာတ်ခွန်အား ရရှိအောင် ရည်ရွယ်တာဖြစ်တယ်လို့ သိရပါတယ်။
Read More

ကျွန်းလှအနောက်ခြမ်းတွင် စစ်အုပ်စုနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ် လေကြောင်း အဆက်မပြတ် အသုံးပြုနေ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်နေကြောင်း စစ်တပ်လော်ဘီတွေနဲ့ မြေပြင်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

စခန်းကြီးတိုက်ပွဲမှာ စစ်ကြောင်းမှူး အလောင်းအပါအဝင် ၈လောင်း ပြန်မရကြောင်း စစ်ကောင်စီ လျှို့ဝှက်ရုံးစာကို တော်လှန်ရေးတပ်တွေ ရရှိ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ စခန်းကြီးတိုက်ပွဲမှာ သေဆုံးခဲ့တဲ့ စစ်ကြောင်းမှူး အောင်စိုးဦး (ခေါ်) ဗိုလ်ညောင်ဦး အပါအဝင် စစ်သားနဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ၈ယောက်ရဲ့ အလောင်းတွေပြန်မရခဲ့ကြောင်းနဲ့ သေဆုံးဖမ်းဆီးခံရတဲ့စာရင်းတွေဖော်ပြထားတဲ့ စစ်ကောင်စီ လျှို့ဝှက်ရုံးစာကို ရရှိထားတယ်လို့ ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ရင်းများ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

စစ်ကောင်စီ ဗုံးကြဲမှုကြောင့် ကလေး ၆ယောက်ရဲ့မိခင် သေဆုံးခဲ့ရ

KNU ထိန်းချုပ်ထားတဲ့ ဖာပွန်ဒေသကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်လို့ အရပ်သား ပြည်သူတစ်ယောက် သေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၅) က ထုတ်ပြန်ပါတယ်။ အောက်တိုဘာ ၂ရက် နေ့လည်ပိုင်းမှာ…
Read More

အကြမ်းဖက်စစ်တပ်က ထိုင်း – မြန်မာနယ်စပ် မြဝတီနှင့်ကော့ကရိတ်သို့ စစ်ကူအများအပြား ပို့ဆောင်နေ 

အကြမ်းဖက်စစ်တပ်ဟာ မွန်ပြည်နယ်၊ သထုံမြို့နယ်ကတဆင့် ထိုင်း-မြန်မာနယ်စပ်၊ မြဝတီနဲ့ ကော့ကရိတ်မြို့ကို စစ်ကူအင်အားတွေ အလုံးအရင်းနဲ့ ပို့ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

တောင်သာ – မိတ္ထီလာလမ်းပေါ်က ရုံးစဥ်ကြီး တိုက်နယ်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီ ရဲ ၂ ယောက် သေဆုံး

မန္တလေးတိုင်း၊ တောင်သာ - မိတ္ထီလာလမ်းပေါ်က ရုံးစဥ်ကြီး တိုက်နယ်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီလက်အောက်ခံ ရဲ ၂ ယောက် သေဆုံးခဲ့တယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (တောင်သာ ပကဖ) - TTA PDF က ဒီနေ့ ထုတ်ပြန်ထားပါတယ်။