ရှေ့တန်းစစ်မျက်နှာပြင်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်တွေရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုရှိစေဖို့အတွက် ကာကွယ်ရေးပစ္စည်းတွေ တပ်ဆင်ပေးနိုင်ဖို့ လိုအပ်လျက်ရှိတယ်လို့ ပဲခူးခရိုင် တပ်ရင်း (၂) ထံက သိရပါတယ်။

လိုအပ်နေတဲ့ ကျည်ကာ၊ ဦးထုပ်နဲ့ ကျည်ကာပြားတွေ တပ်ဆင်နိုင်ဖို့ ပဲခူးခရိုင် တပ်ရင်း ၂ အနေနဲ့ ထိုးစစ်မြှင့်တင်အောင်ပွဲဆင်၊ ဘေးကင်းလုံခြုံ ကျည်ကာတစ်စုံ ကမ်ပိန်းပြုလုပ်ထားပြီး ပြည်တွင်းပြည်ပက ထောက်ပို့ညီကိုမောင်နှမတွေ ပါဝင်ပေးကြဖို့ ဖိတ်ခေါ်ထားပါတယ်။

Video – 3702-Warrior’s Adventure

0 Shares:
You May Also Like
Read More

စစ်ကိုင်းမြောက်ဘက် အင်အား ၅၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများကို တိုက်ခိုက်၊ ၂၅ ဦး သေကာ လက်နက် ၂၀ ကျော် သိမ်းဆည်းရရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မြောက်ဘက်ကို အင်အား ၅၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ရာ ၂၅ ယောက်သေကာ လက်နက် ၂၀ ကျော် သိမ်းဆည်းရရှိခဲ့တယ်လို့ ပကဖအသံမှ ထုတ်ပြန်ထားပါတယ်။
Read More

ပုလောမြို့နယ်အတွင်း မိုင်းနင်းမိ၍ အကြမ်းဖက်စစ်တပ်အရာရှိ ၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရ (ရုပ်/သံ)

တနင်္သာရီတိုင်း ပုလောမြို့နယ်အတွင်း KNLA အထူးတပ်ဖွဲ့ထောင်ထားတဲ့ မိုင်းနင်းမိပြီး အကြမ်းဖက်စစ်တပ်အရာရှိ ၂ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိ သွားတယ်လို့ KNLA တပ်မဟာ-၄ အထူးတပ်ဖွဲ့က ဇန်နဝါရီ ၂၇ ရက်မှာ သတင်းထုတ်ပြန် ထားပါတယ်။ 
Read More

ဘုတလင်မြို့သိမ်းတိုက်ပွဲမှာ ULF စစ်ကြောင်းမှ ရဲဘော် သီဟမောင် ကျဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဘုတလင်မြို့သိမ်းတိုက်ပွဲမှာ ULF စစ်ကြောင်းမှ ရဲဘော် သီဟမောင် ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။ ဒီဇင်ဘာ ၂၈ ရက်က စစ်ကော်မရှင်က ပြုလုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ အနေနဲ့ တော်လှန်ရေးတပ်တွေ ဘုတလင်မြို့ပေါ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်း ရဲဘော် သီဟမောင် ကျဆုံးခဲ့ရပါတယ်။ ‌ကျဆုံးရဲဘော် သီဟမောင်ရဲ့ နာရေးစျာပနရုပ်သံကို Union Liberation Front - ULF မှ ထုတ်ပြန်ထားပါတယ်။
Read More

မြိုင်မြို့နယ် စက်မှု ၂ က ထွက်လာတဲ့ စစ်ကောင်စီတပ်ခြေလျင်စစ်ကြောင်းကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း မြိုင်မြို့နယ် စက်မှု ၂ မှ ဘုန်းကံရွာသို့ ထွက်လာတဲ့ စစ်ကောင်စီတပ်ရဲ့ ခြေလျင်စစ် ကြောင်းကို ဇန်နဝါရီ ၃၀ ရက်က ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဘာမထီ လက်နက် ကြီးပြောက်ကျားတပ်ဖွဲ့ မြိုင်ထံက သိရပါတယ်။
Read More

ULF စစ်ကြောင်းထံ အလင်းဝင်လာတဲ့ ပြည်သူ့စစ်များက ဝှက်ထားတဲ့ လက်နက်များကို ပေးအပ် (ရုပ်/သံ)

အလင်းဝင်လာတဲ့ ပြည်သူ့စစ်များက ဝှက်ထားတဲ့ လက်နက်များကို လိုက်လံပြသပြီး ULF စစ်ကြောင်းထံ အပ်နှံခဲ့ပါတယ်။ Union Liberation Front က ထုတ်ပြန်တဲ့ ဗီဒီယိုမှာတော့ ပြည်သူ့စစ်များက တောထဲတစ်နေရာမှာ ဝှက်ထားတဲ့ MA-1 ၂ လက်၊ MA -2 ၁ လက် စုစုပေါင်း ၃ လက်နဲ့ ခဲယမ်းတွေကို ULF ရဲဘော်တွေကို လိုက်လံပြသပြီး အပ်နှံခဲ့ပါတယ်။
Read More

စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲဒဏ်ခံနိုင်သည့် မြေအောက်ဆေးရုံဆေးခန်းများ ဆောက်ရန် လိုလာပြီဟု ဒေါက်တာဇော်ဝေစိုး ပြောကြား (ရုပ်/သံ)

စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲဒဏ်ခံနိုင်တဲ့ ရှေ့တန်း၊ နောက်တန်း မြေပြင်မှာရှိတဲ့ ဆေးရုံဆေး ခန်းတွေကို မြေအောက်ဆေးရုံဆေးခန်းတွေ တည်ဆောက်ဖို့ NUG ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ဒီနေ့မှာ တိုက်တွန်းပြောကြားခဲ့ပါတယ်။