လာမယ့် ဒီဇင်ဘာမှာ စတင်ကျင်းပမယ့် စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲမှာ NLD ပါတီဝင်တွေ ဝင်ရောက်ယှဉ်ပြိုင်တာတွေ၊ ပါဝင်ဆောင်ရွက်တာတွေကို လုပ်ဆောင်ရင် အရေးယူသွားမှာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီက ဒီနေ့ စက်တင်ဘာလ ၁၄ ရက်မှာ သတင်းကြေညာလိုက်ပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲဆန္ဒနယ် စုစုပေါင်း ၁,၁၇၁ နယ်ရှိရာ ၁,၁၁၇ နယ် ကျင်းပနိုင်ခဲ့ပြီး  NLD ပါတီအနေနဲ့ မဲဆန္ဒနယ်အားလုံးရဲ့ ၈၂.၃၆ ရာခိုင်နှုန်းအနိုင်ရရှိကာ လွှတ်တော်ကိုယ်စားလှယ် ၉၂၀ ယောက် ရွေးကောက်တင်မြှောက်ခံခဲ့ရကြောင်း၊ အဆိုပါရွေးကောက်ပွဲ ရလဒ်ကသာ ပြည်သူတွေရဲ့ ဆန္ဒနဲ့အညီ တရားဝင် တည်ရှိနေဆဲဖြစ်ကြောင်း‌ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ 

၂၀၂၀ ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးခွင့်ရှိသူ ၃၈,၂၇၁,၄၄၇ ယောက် ရှိခဲ့ရာမှာ ပြည်သူ့ လွှတ်တော်အတွက် ၂၇,၅၁၂,၈၅၅ ယောက်၊ အမျိုးသားလွှတ်တော်အတွက် ၂၇,၄၉၅,၅၅၅ ယောက်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေအတွက် ၃၀,၄၅၉,၁၁၃ ယောက် လာရောက်မဲပေးခဲ့တာကြောင့် တနိုင်ငံလုံး ဆန္ဒမဲပေးမှုအ‌ရ ၇၁ ရာခိုင်နှုန်းကျော်ခဲ့တယ်လို့လည်း သိရပါတယ်။

အဲ့ဒီအချိန်အတွင်း ကမ္ဘာတဝှမ်းနည်းတူ မြန်မာပြည်သူလူထုတွေလည်း ကိုဗစ်-၁၉ ကပ်ရောဂါကိုရင်ဆိုင်နေရပြီး ကပ်ရောဂါကြားထဲကပဲ ကိုယ့်ဆန္ဒကို ရဲရဲဝံ့ဝံ့ဖော်ထုတ်ခဲ့ကြောင်းနဲ့ နိုင်ငံတကာသံတမန်တွေ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူအရပ်ဖက် အဖွဲ့အစည်းတွေကလည်း လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲအဖြစ် အသိအမှတ်ပြုခဲ့တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကိုယ်တိုင်ကလည်း ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်ကို တရားဝင် ထုတ်ပြန်ကြေညာပြီးဖြစ်တာကြောင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်သာ ပြည်သူ့ဆန္ဒနဲ့အညီ တရားဝင်တည်ရှိနေဆဲဖြစ်ကြာင်း NLD ဗဟိုအလုပ်ကော်မတီက ပြောပါတယ်။

ဒါပေမယ့် မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်ဟာ ပြည်သူလူရဲ့ ဆန္ဒကို လျစ်လျူရှုကာ နိုင်ငံရဲ့ အာဏာကို အတင်းအဓမ္မရယူခဲ့ပြီး နိုင်ငံတော်အစိုးရအဖွဲ့ အကြီးအကဲတွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေကို မတရားဖမ်းဆီးခဲ့ကြောင်း၊ အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲအနေနဲ့ ဖြစ်ပေါ်လာတဲ့ ပြဿနာအရပ်ရပ်ကြောင့် နိုင်ငံရေးအရ တရားဝင်မှုရှိရေးအတွက် စစ်တပ်ဟာ ရွေးကောက်ပွဲကို ကျင်းပဖို့ ကြံစည်နေကြောင်း ဆိုထားပါတယ်။ 

NLD ပါတီအနေနဲ့ စစ်တပ်ရဲ့ ရွေးကောက်ပွဲကို လက်မခံ၊ အသိအမှတ်မပြုကြောင်းကို ပြည်သူထုနဲ့တကွ နိုင်ငံတကာကိုပါ ဖော်ပြထားပြီးဖြစ်တာကြောင့် NLD ပါတီဝင်တွေအနေနဲ့ စစ်တပ်ရဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ရင် ပါတီရဲ့ စည်းမျဉ်း၊ စည်းကမ်းတွေအတိုင်း အရေးယူသွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်ခေါင်းဆောင်ကတော့ ရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာလကနေ ဇန်နဝါရီလအတွင်း အပိုင်း ၃ခုခွဲကာ လုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြောထားပါတယ်။

လက်ရှိမှာလည်း ဝင်ရောက်ယှဥ်ပြိုင်ဖို့ မှတ်ပုံတင်ထားတဲ့အထဲက NLD ပါတီဝင်ဟောင်း ဒေါ်စန္ဒာမင်း ပါဝင်တဲ့ NDF ပါတီအပါ ပါတီ ၄ခုကို စစ်အုပ်စုလက်ပါးစေ ရွေးကောက်ပွဲကော်မရှင်(UEC) က ဖျက်သိမ်းထားပါတယ်။

0 Shares:
You May Also Like
Read More

ကျောက်မဲမြို့တွင် သံဃာ (၁) ပါး ခြုံရှင်းရင်း မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ ရပ်ကွက်(၂)ရှိ  နတ်စစ်လင်းဘုန်းကြီးကျောင်းမှာ သံဃာတော် (၁) ပါး ခြုံရှင်းနေချိန် မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

သံဃာတော်တွေကို ဆွမ်းကပ်နေချိန် စစ်ကောင်စီက ဗုံးကြဲလို့ အသက် ၁၀ နှစ်အရွယ် ကိုရင် ၁ ပါးအပါ ၃ ဦး သေဆုံး

သံဃာတော်တွေကို နေ့ဆွမ်း ကပ်လှူနေချိန်မှာ အာဏာသိမ်း စစ်ကောင်စီက ဗုံးကြဲလို့ သုံးဦး သေဆုံးပြီ: ၉ ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က သတင်းထုတ်ပြန်ပါတယ်။
Read More

၂၀၂၅ ခုနှစ်အတွင်း စစ်အုပ်စု အကြမ်းဖက်လုပ်ရပ်များကြောင့် ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ (၅၀) ဦး သေဆုံး

နိုင်ငံတစ်ဝန်းမှာ ၂၀၂၅ ခုနှစ်အတွင်း အခုချိန်အထိ အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီး၊ ဒရုန်းနဲ့ လေကြောင်းအသုံးပြုတိုက်ခိုက်မှုတွေကြောင့် ပညာရေးကဏ္ဍက ဆရာ၊ ဆရာမနဲ့ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း အယောက် (၅၀) သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

သားဖြစ်သူကို ရှေ့တန်းပို့လိုက်ပြီ ပြောလို့ မိခင် သေဆုံး၊ စစ်မှုထမ်း ပေါ်တာဆွဲခံထားရတဲ့ သားဖြစ်သူ မိခင်နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရ

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရသူ လူငယ်ဟာ သူရဲ့ မိခင်ဖြစ်သူ နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရခဲ့ပြီး စစ်သားတွေကလည်း ဘေးကနေ အစောင့်အရှောက်တွေနဲ့ ပါလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မူးမြို့နယ်တွင် စစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး ဒဏ်ရာရ၊ နေအိမ် ၁ လုံး ပျက်စီး

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၁ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စဉ့်ကူးနှင့် သပိတ်ကျင်းကို စစ်ကောင်စီ ရှေ့ဆင့်နောက်ဆင့် လေကြောင်းတိုက်ခိုက်၊ ကလေးငယ်များ အပါအဝင် အရပ်သား ၆ဦးသေဆုံးပြီး ၁၀ဦးထက်မနည်း ဒဏ်ရာရ

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်တွေမှာ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သား ၆ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ယောက်ထက်မနည်း ရှိခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပကဖ သတင်းတာဝန်ခံက မောင်းကို ပြောပါတယ်။