ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ မင်းလှမြို့မရဲစခန်းကနေ ကင်းလှည့်ထွက်လာတဲ့ စစ်ကော်မရှင်လက်အောက်ခံ ရဲတပ်သားတွေကို တော်လှန်ရေးတပ်တွေက စောင့်ကြို မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ မြေအောက်ပျောက်ကျားတပ်ဖွဲ့ (အုတ်ဖို) ထံက သိရပါတယ်။

စက်တင်ဘာလ ၁၃ ရက် မနေ့ည ၉ နာရီဝန်းကျင်အချိန်မှာ မင်းလှမြို့နယ်၊ တိုင်တရာဗလီနဲ့ ဝေဠုဝန်ဘုန်းကြီးကျောင်းကြား ရေကန်ဘေးလမ်း တနေရာမှာ သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပျောက်ကျားတပ်ဖွဲ့- အုတ်ဖိုနဲ့ မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲဘော်တွေက မိုင်းဆွဲမှုကို ပူးပေါင်းဆောင်ခဲ့တာ ဖြစ်ပါတယ်။

“ရဲစခန်းကနေ ထွက်လာတာက ရဲက ၈ဦး၊ ဆိုင်ကယ်က ၄စီးဗျ။ ကျနော်တို့ကတော့ သူတို့ ပုံမှန်ကင်းပတ်နေကျဆိုတာကို ကြိုသိထားခဲ့ပါတယ်” လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့ -အုတ်ဖို ရဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်ရာမှာ ရဲတချို့ ဒဏ်ရာရသွားခဲ့ပြီး တော်လှန်ရေးရဲဘော်တွေကတော့ ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

အထက်ပါတာဝန်ရှိသူကပဲ ဆက်လက်ပြီး‌ “သူတို့ဘက်က သေတာတော့ မရှိဘူးဗျ။ စခန်းနားမှာ ကပ်ပြီးဖြစ်သွားတာဆိုတော့ သူတို့ဘက်ကလည်း သတင်းကို အုပ်ထားတယ်။ ပြည်သူတွေကို ဖမ်းဆီးစစ်ဆေးတာလည်း မရှိဘူး။ ပုံမှန်ကင်းပတ်တာလောက်နဲ့ တာဆုံတွေမှာ စစ်ဆေးတာလောက်ပဲ လုပ်တယ်” လို့ ဆိုပါတယ်။

မြေအောက်ပြောက်ကျားတပ်ဖွဲ့ -အုတ်ဖိုအနေနဲ့ မြို့ပြမစ်ရှင်တွေကို ဆက်လက်ဖော်ဆောင်မှာ ဖြစ်တာကြောင့် ပြည်သူတွေ အသွားအလာ ဂရုစိုက်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

 

0 Shares:
You May Also Like
Read More

လေးကေ့ကော်မြို့သစ် အနီးတဝိုက်နဲ့ မြဝတီမြို့ပေါ်ရပ်ကွက်တွေကို အကြမ်းဖက်စစ်တပ်က လေယာဥ် ၂ စီးနဲ့ ပျံဝဲကာ ခြိမ်းခြောက်နေ

ကရင်ပြည်နယ် လေးကေ့ကော်မြို့သစ်နဲ့ မြဝတီမြို့ပေါ်ရပ်ကွက်တွေကို အကြမ်းဖက်စစ်တပ်က Y12 လေယာဥ် ၂ စီးနဲ့ ပျံဝဲကာ ခြိမ်းခြောက်မှုတွေ လုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ဒီပဲယင်းမြို့နယ်တွင် မြို့နယ် ပအဖ ဦးဆောင်မှုဖြင့် ပျက်စီးနေသည့် ဆက်သွယ်ရေးလမ်းမကြီး ပြန်လည်ပြုပြင်နေ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်းရှိ အများပြည်သူများသွားလာအသုံးပြုနေတဲ့ ဒေသတွင်းအဓိက ဆက်သွယ်ရေးလမ်းမကြီး ဆိုးရွားစွာပျက်စီးနေတာကြောင့် ပြန်လည် ပြုပြင်ပေးခဲ့တယ်လို့ မြို့နယ် ပအဖ က ထုတ်ပြန်ပါတယ်။
Read More

အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးပေါ် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ရှောင်တခင် လမ်းပိုင်းစစ်ဆေး

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနတပ်ရင်းနဲ့ မွန်မဟာမိတ်ပူးပေါင်းတပ်တွေက အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ရှောင်တခင် လမ်းပိုင်းစစ်ဆေးရေး ပြုလုပ်ခဲ့တယ်လို့ ဒေါနစစ်ကြောင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ခင်ဦးမြို့နယ်တွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်စစ်ကြောင်း တပ်ပျက်ကာ နောက်ကြောင်းပြန်ဆုတ်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်စစ်ကြောင်း တပ်ပျက်ကာ နောက်ကြောင်းပြန်ဆုတ်သွားတယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ရပ်ကွက်ရုံးကို ချိန်ကိုက်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်၊ အတုအယောင် ရွေးကောက်ပွဲအတွက် သတိပေးခြင်း ဖြစ်

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်က ၆၇ ရပ်ကွက်ရုံးကို ချိန်ကိုင်းမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Operation Flame (OF) က သတင်းထုတ်ပြန်လာပါတယ်။
Read More

လွိုင်ကော်မှာ လမ်းပိုင်းလုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရ၊ သက်ကြီးပိုင်း ဒုအရာခံဗိုလ်အပါ ၅ ယောက်သေ

ကရင်နီပြည်၊ လွိုင်ကော်မြို့မှာ ကင်းလုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး ၅ယောက်သေဆုံးကာ တော်လှန်ရေးတပ်ဖွဲ့ဘက်က လက်နက်တချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။