ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက ပျူစောထီးဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ အကြမ်းဖက်စစ်အုပ်စုတွေ ကြောက်လန့်တကြား စခန်းစွန့်ခွာထွက်ပြေးသွားကြတယ်လို့ သာယာဝတီခရိုင် တပ်ရင်း (၁) တာဝန်ရှိသူ ၁ ယောက်က မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၂ရက် ညပိုင်းက နတ်တလင်းမြို့နယ်၊ ပန်းတင်းပင်ရွာ ပျူစောထီးဂိတ်စခန်းကို ပဲခူးတိုင်းစစ်ဌာန၊ အမှတ်(၂၂)ဗျူဟာရဲ့သာယာဝတီခရိုင် တပ်ရင်း(၁) တပ်ဖွဲ့ဝင်တွေက ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကြောင့် ဂိတ်စခန်းအတွင်းရှိနေတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေတချို့ ထိခိုက်ဒဏ်ရာရရှိကာ ရွာထဲကို ဆုတ်ခွာထွက်ပြေးသွားကြောင်းနဲ့ PDF တပ်ဖွဲ့ဝင်တွေလည်း အရပ်သားတွေ ထိခိုက်မှုမရှိခဲ့အောင် ဆုတ်ခွာခဲ့ရကြောင်း ပြောပါတယ်။

စစ်အုပ်စုထံမှ သိမ်းဆည်းရရှိသည့် ခဲယမ်းများနှင့် ဖုန်း ၂ လုံး

“ရဲဘော်တွေဝင်ပစ်တော့ သူတို့ဘက် ထိခိုက်တာမျိုးပဲရှိတယ်။ မသေဘူး။ ရွာထဲ အကုန်ထွက်ပြေးကုန်တာ။ ရွာကလည်း ပျူစောထီးတစ်ဝက် အရပ်သားတစ်ဝက်ပါ။” လို့ သာယာဝတီခရိုင် တပ်ရင်း(၁) တာဝန်ရှိသူ ၁ယောက်က မောင်းကို ပြောပါတယ်။

အဲ့ဒီနောက်မှာတော့ PDF တပ်ဖွဲ့ဝင်တွေဟာ စစ်အုပ်စုကျန်ခဲ့တဲ့ ကာဘိုင်ကျည်ဘောက် ၁ဘောက်၊ ကာဘိုင်ကျည် ၈၅ တောင့်နဲ့ ဖုန်း ၂ လုံးကို သိမ်းဆည်းကာ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ သိရပါတယ်။

 

0 Shares:
You May Also Like
Read More

မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်အတွင်း ဒရုန်းထုတ်လုပ်တဲ့ စက်ရုံနဲ့ EV ကား စက်ရုံတွေဆီ သွားရောက်ကြည့်ရှုခဲ့ဟု ဆို

အာဏာသိမ်း စစ်ခေါင်း‌ဆောင် မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်အတွင်း တိုက်ခိုက်ရေး ဒရုန်းထုတ်လုပ်တဲ့ စက်ရုံနဲ့  မင်းအောင်လှိုင်ရဲ့ မိသားစုဝင်တွေ တင်သွင်းနေတဲ့ EV ကားထုတ်လုပ်ရေးစက်ရုံတွေကို သွားရောက်ခဲ့တယ်လို့ စစ်ကောင်စီ ဝါဒဖြန့် သတင်းစာတွေမှာ ဖော်ပြလာပါတယ်။
Read More

ဖာပွန်ခရိုင်မှာ ၁၅ ရက်အတွင်း တိုက်ပွဲ (၄၅) ကြိမ် ဖြစ်ပွါးခဲ့၊ စစ်ကောင်စီတပ်သား (၁၁) ယောက် သေ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်မှာ ဒီဇင်ဘာလ ပထမ ၁၅ ရက်တာအတွင်း စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သား (၁၁) ယောက် သေဆုံးပြီး (၈) ယောက်ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ကော်သူးလေ အုပ်ချုပ်မှုနယ်မြေထဲ တိုက်ပွဲမရှိဘဲ စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်

KNU ရဲ့ ကော်သူးလေအုပ်ချုပ်မှုနယ်မြေအတွင်းက နေရာတချို့ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။  
Read More

သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်​ကျေးရွာက စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ထားကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ထုတ်ပြန်

မန္တလေးတိုင်း၊ ​တွင်းငယ်ကျေးရွာက အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ထားမှုနဲ့ ပတ်သက်ပြီး ၃ လအကြာ ဒီနေ့မှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA က ထုတ်ပြန်လာပါတယ်။
Read More

မွန်လူငယ်နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲကနေ ဘုံသဘောတူညီချက် ထုတ်ပြန်

"ဒီလိုပွဲတွေက မွန်လူငယ်တွေ ကြားထဲမှာ အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ တခြားဒေသနဲ့စာရင် မွန်တွေက ဘာမှမလုပ်ဘူးဆိုပြီး ဖြစ်တယ်ပေါ့နော်။ တကယ်တော့ အဲ့လိုမဟုတ်ပါဘူး။ တော်လှန်ရေးအစပိုင်းမှာ မွန်လူငယ်တွေကို ဦးဆောင်မှုပိုင်း ကောင်းကောင်းမပေးနိုင်ခဲ့တာပါ။ ဘာလုပ်ရမှန်းမသိ လမ်းပျောက်သွားကြတယ်ပေါ့နော်။ တချို့ကလည်း နိုင်ငံခြားထွက်သွားတယ်။ အခုတော်လှန်ရေးမှာ ပညာတတ်လူငယ်တွေ လိုအပ်လာတော့ သူတို့အနေတဲ့ ဒီကိုလာဖို့က ခက်သွားပြီ။ အဲဒီတော့ ဒီလိုလူငယ်တွေ တော်လှန်ရေးမှာ ပြန်ပြီး ပါ၀င်နိုင်ဖို့က ဒီလိုဆွေးနွေးပွဲတွေကနေပဲ ဆွဲခေါ်ရမှာဖြစ်တယ်။ နောက်ထပ်လည်း ဒီလိုဆွေးနွေးပွဲတွေ ထပ်လုပ်သွားဖို့ရှိပါတယ်။"
Read More

ရေဘေးသင့်ပြည်သူတွေကို ကူညီနိုင်ဖို့ ရေတာရှည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို အလှူရှင်တွေ လှူဒါန်းနေ

အမျိုးသားညီညတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊တပ်ရင်း ၃၅၀၁ ၊တပ်ခွဲ (၃) ဆီ ရေဘေးသင့်ပြည်သူတွေနဲ့ စစ်ဘေးသင့် ပြည်သူတွေကို ကူညီနိုင်ဖို့အတွက် အလှူရှင်တွေ ပေးပို့တဲ့ ငွေကြေးကို လက်ခံရရှိခဲ့တယ်လို့ People Defence Force-Yedashe က ဒီနေ့ ထုတ်ပြန်ပါတယ်။