ကလပ်အတွင်း “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ”သီချင်းကို DJ တီးခတ်ဖျော်​ဖြေခဲ့တဲ့ DJ Violet နဲ့ မန်​နေဂျာဖြစ်သူ အပါ Cover Club တာဝန်ရှိသူတွေကို ဗုဒ္ဓဘာသာအပေါ် အကြည်ညိုပျက်အောင်ပြုလုပ်မှု ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်စစ်ဆေးထားတယ်လို့ စစ်အုပ်စုက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ ဇူလိုင်လ ၃၁ ရက်နေ့က မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၃၆လမ်းနဲ့ ၃၆ × ၅၃ လမ်းထောင့်မှာရှိတဲ့ Cover Club မှာ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” သီချင်းကို DJ Violet နဲ့ မန်နေဂျာ ၂ယောက်က မနက် ၁ နာရီကနေ ၂ နာရီအတွင်း DJ နဲ့တီးခတ်ပြီး မူးယစ်ကခုန်ခဲ့တယ်လို့ စစ်အုပ်စုက ပြောပါတယ်။

DJ Violet တီးခတ်နေတဲ့ အထက်ပါရုပ်သံဖိုင်နဲ့ ပုံရိပ်တွေ ပြီးခဲ့တဲ့ရက်ပိုင်းက တစ်တော့နဲ့ ဖေ့စ်ဘုတ်လို လူမှုကွန်ရက်မီဒီယာတွေမှာ ပျံ့နှံ့ခဲ့ပြီးတဲ့နောက် မဘသနဲ့ ပျူစောထီးအသိုင်းအဝိုင်းတွေက စစ်တပ်ကို အဓိက ဖိအားပေး ဖမ်းဆီးခိုင်းခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် DJ Violet အနေနဲ့ သူ့ရဲ့လူမှုကွန်ရက်အကောင့်ကတဆင့် တောင်းပန်စာရေးသားခဲ့သလို ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ် သံဃနာယက ဥက္ကဋ္ဌ ဆရာတော်ထံ ဝန်ချတောင်းပန်ကြောင်း လျှောက်ထားခဲ့ပြီး သူ့ကိုဖမ်းဆီးဖို့ စစ်အုပ်စုထံ အဓိက လှုံ့ဆော်ခဲ့တဲ့ သင်္ဃန်းဝတ် ပေါက်ကိုယ်တော်ကိုလည်း ဖုန်းဆက်တောင်းပန်ခဲ့ပါသေးတယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၁၁ရက်နေ့ညပိုင်းမှာ DJ တီးခတ်သူ မခင်ထွေးထွေးမွန် (ခ) Violet (၂၄) နှစ်နဲ့ ကိုဖြိုးဟိန်းကိုကို (ခ) မင်းထိုက် (၂၈) နှစ်တို့ကို ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ နနွင်းကုန်းရပ်ကွက် နေအိမ်မှာ ဖမ်းဆီးရမိခဲ့သလို Cover Club ဆိုင်ပိုင်ရှင် ကိုသက်လွင်အောင် (ခ) မျိုးအောင် (၄၈) နှစ်နဲ့ မန်နေဂျာ ဇင်စုရ (၃၁) နှစ်ကိုလည်း Cover Club မှာပဲ ဖမ်းဆီးခဲ့တယ်လို့ စစ်အုပ်စုလက်အောက်ခံ ရဲတပ်ဖွဲ့က ပြောပါတယ်။

အဲဒီနောက်မှာတော့ ဆိုင်အတွင်းက DJ နဲ့ဆက်စပ်တဲ့သက်သေခံပစ္စည်းတွေကို သိမ်းဆည်းရင်း ကလပ်ကိုပါချိပ်ပိတ်လိုက်တယ်လို့သိရပါတယ်။

ဒါ့အပြင် ဆိုင်ဝန်ထမ်းတွေပါဖမ်းဆီးခံရကြောင်းသတင်းတွေထွက်ပေါ်ထားပေမယ့်လည်း စစ်အုပ်စုကတော့​ ဖော်ပြထားခြင်းမရှိပါဘူး။

ဒါဟာနိုင်ငံတဝန်း ဗုဒ္ဓဘာသာ ဘုရားကျောင်းကန်တွေနဲ့ အခြား ဘာသာရေးအဆောက်အုံတွေ၊ ဘာသာရေးခေါင်းဆောင်တွေကို လေကြောင်းကြဲ၊ မီးရှို့၊ သတ်ဖြတ်နေတဲ့အကြမ်းဖက်စစ်တပ်ရဲ့ဟန်ပြ ဘာသာရေးထိန်းသိမ်းစောင့်ရှောက်မှုတစ်ခုသာဖြစ်ကြောင်းနဲ့ စစ်တပ်လက်ပါးစေ ထောက်ခံသူတွေအလိုကျ ဘာသာရေး​ခုတုံးလုပ် အာဏာပြတာလို့လည်း ဝေဖန်သံတွေ ကျယ်ကျယ်လောင်လောင် ရှိနေပါတယ်။

DJ Violet ကို ဖမ်းဆီးအရေးယူဖို့ စစ်အုပ်စုထံ အဓိက လှုံ့ဆော်ခဲ့တဲ့ သင်္ဃန်းဝတ် ပေါက်ကိုယ်တော်ကတော့ အဖမ်းခံရမှုအပေါ် ငြင်းချက်ထုတ်ကာ သူနဲ့ မြို့နယ်သံဃနာယကဆရာတော်တွေကို ရန်တိုက်ပေးတာလို့လည်း ပြန်စွပ်စွဲထားပါသေးတယ်။

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိသီချင်းကို ၁၉၇၅-၇၆ ခုနှစ်အတွင်း တေးရေး မောင်စစ်ငြိမ်းက​ရေးသားကာ စတီရီယိုခေတ်ဦးအဆိုတော် မဂျစ်က သီဆိုခဲ့တာဖြစ်ပြီး ဘာသာရေးအကျိုးပြုသီချင်းတစ်ပုဒ်ဖြစ်သလို စိုးပိုင်နဲ့ ပိုးအိစံတို့လို နာမည်ကြီးအဆိုတော်တွေလည်း ပြန်ဆိုခဲ့ကြပါသေးတယ်။

အကြမ်းဖက် စစ်ကော်မရှင် ထုတ်ပြန်ထားသည့်ပုံများ (ဓာတ်ပုံ စစ်ကော်မရှင် ပြန်ကြားရေးဝန်ကြီးဌာန)

0 Shares:
You May Also Like
Read More

ကင်းပုန်းဝပ်ဖို့လာသည့် စစ်ကောင်စီတပ်သား ၄ဦးပစ်ခတ် ခံရပြီး ၄ ဦးလုံး သေ၊ သေနတ် ၄ လက်နှင့် ဆိုင်ကယ် ၂ စီး သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့အဝင်မှာ ကင်းပုန်းဝပ်ဖို့လာတဲ့ စစ်ကောင်စီတပ်သား ၄ ယောက်ကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ကင်းပုန်းဝပ် စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

အကြမ်းဖက် စစ်တပ် ပြည်သူ့စစ်မှုထမ်း စစ်သား ၂ ဦး KNLA ထံ အလင်းဝင်

ကရင်အမျိုးသားအစည်းအရုံး (KNU ) ထိန်းချုပ်ရာကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ဖားအံခရိုင်၊ ကရင်အမျိုးသားလွတ်မြောက်‌ရေးတပ်မတော် (K.N.L.A) တပ်မဟာ(၇) ဆီ အကြမ်းဖက်စစ်တပ် ပြည်သူ့စစ်မှုထမ်းစစ်သားနှစ်ယောက် လက်နက်ချ အလင်းဝင်လာတယ်လို့ သိရပါတယ်။
Read More

(၈၆) နှစ်မြောက် ဗမာပြည်ကွန်မြူနစ်ပါတီ မွေးနေ့ အခမ်းအနားကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ပြုလုပ်…

(၈၆) နှစ်မြောက် ဗမာပြည်ကွန်မြူနစ်ပါတီ ပါတီမွေးနေ့ အခမ်းအနားကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ စစ်ဒေသတစ်ခုမှာ ဩဂုတ်လ ၁၅ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
Read More

ပခုက္ကူခရိုင်တွင် စစ်အုပ်စု လေကြောင်းတိုက်ခိုက်ကာ စစ်ကြောင်းထိုးနေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်မှာ ၁လနီးပါးကြာ စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ အဆက်မပြတ်လုပ်ဆောင်နေတဲ့အတွက် အရပ်သား ထိခိုက်သေဆုံးမှုတွေရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

ရေတာရှည် တိုက်ပွဲမှာ နေပြည်တော် PDF တပ်ရင်း ၉၀၁ နဲ့ ပုဝါနီစစ်ကြောင်းက ရဲဘော် ၈ ယောက် ကျဆုံးခဲ့…

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီနဲ့ တိုက်ပွဲအတွင်း နေပြည်တော် PDF တပ်ရင်း ၉၀၁ နဲ့ ပုဝါနီစစ်ကြောင်းက ရဲဘော် ၈ ယောက် ကျဆုံးခဲ့တယ်လို့ နေပြည်တော် PDF အမှတ် (၉၀၁)တပ်ရင်းဆီက သိရပါတယ်။
Read More

ကော့ကရိတ်မှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄ ဦး ထိခိုက်ဒဏ်ရာရ၊ စာသင်ကျောင်းနှင့် နေအိမ် တချို့ ပျက်စီး

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၄ ယောက် ထိခိုက်ဒဏ်ရာရပြီး စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိမှန်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU က ထုတ်ပြန်ပါတယ်။