လက်ရှိ နွေဦးတော်လှန်ရေးရဲ့ အလှည့်အပြောင်းကို ဖန်တီးနိုင်ဖို့အတွက် ဟန်ချက်ညီတဲ့ အထွေထွေထိုးစစ်ကြီး ဆင်နွှဲဖို့ လိုအပ်ပြီး ဒီအတွက်လည်း လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ထားပြီပြီလို့ ဝန်ကြီး ဦးရည်မွန်က ပြောကြားထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

“အထွေထွေထိုးစစ်ဆိုတာကတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ဒေသတိုင်းမှာ ဟန်ချက်ညီ စစ်ဆင်ဖို့ဖြစ်ပါတယ်။ ကျနော်တို့ တော်လှန်ရေးအလှည့်အပြောင်းကို ဖန်တီးနိုင်ဖို့ဆိုရင် ဒီအလုပ်က မဖြစ်မနေ လုပ်ရမယ့်အလုပ်လို့ ကျနော် နားလည်တယ်။ ဒီအလုပ်ကိုလုပ်နိုင်ဖို့လဲ အခြေအနေပေးမှုတွေ၊ အခင်းအကျင်းတွေ ရှိထားပြီး ဖြစ်ပါတယ်။ အခုဆိုရင် ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ဒေသတိုင်းမှာ တည်ဆောက်၊ တပ်ဖြန့်ထားပြီးလည်း ဖြစ်တယ်” လို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

၂၀၂၅ ခုနှစ် သြဂုတ်လအထိ မဟာမိတ် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့ အပြည့်အဝ စိုးမိုးအုပ်ချုပ်ထားနိုင်တဲ့ နယ်မြေတွေဟာ တနိုင်ငံလုံးမှာရှိတဲ့ မြို့နယ်စုစုပေါင်းရဲ့ ၁၆ ရာခိုင်နှုန်း ဖြစ်ပြီး ဝိုင်းဝန်းပိတ်ဆို့ ထိန်းချုပ်ထားတဲ့ နယ်မြေတွေက မြို့နယ်စုစုပေါင်းရဲ့ ၂၄ ရာခိုင်နှုန်းရှိတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ပြည်သူ့ခုခံတွန်းလှန်စစ် (၄) နှစ်ပြည့် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် နိုင်ငံအနှံ့ မြို့နယ်စုစုပေါင်းရဲ့ ၂၁ ရာခိုင်နှုန်းမှာ တော်လှန်စစ်တွေ ဖြစ်ပွားနေပြီး အာဏာသိမ်းစစ်အုပ်စုဟာ နိုင်ငံရဲ့ ၃၉ ရာခိုင်နှုန်းခန့်ကိုသာ လက်နက်နဲ့ စိုးမိုးဖိနှိပ် အုပ်ချုပ်ထားနိုင်တော့တယ်လို့ ဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

မတ္တရာမြို့နယ်အတွင်းမှာ ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီး

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝန်မှုကြီးကြပ်ရေး ဝန်ကြီးဌာနက မေလ ၃၁ ရက် မနေ့က ထုတ်ပြန်ပါတယ်။
Read More

ကမ္ဘာလုံးဆိုင်ရာ ၈၈၈၈ ထီးသပိတ် အကြိုလှုပ်ရှားမှု Cobra Column 2 Venom စစ်ကြောင်း ပါဝင်ဆင်နွှဲ

ဥက္ကရစ်ထစခန်းကို ထိုးစစ်ဆင်အောင်ပွဲယူခဲ့တဲ့ တော်လှန်ရေးအင်အားစုများထဲမှ စစ်ကြောင်းတစ်ကြောင်းဖြစ်တဲ့ Cobra Column 2 Venom စစ်ကြောင်းရဲ့ စစ်ကြောင်းမှူး ဗိုလ်ကြီးစောဝင်းမြင့် နဲ့အဖွဲ့ဝင်များက မကြာခင်ကျရောက်တော့မယ့် ၃၇နှစ်မြောက် ၈၈၈၈ အထိမ်းအမှတ်၊ ကမ္ဘာလုံးဆိုင်ရာ ၈၈၈၈ ထီးသဘိတ် အကြိုလှုပ်ရှားမှုမှာ ပါဝင်ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

NUG စစ်ဥပဒေချုပ်က မန္တလေးခရိုင် တပ်ရင်း‌ ၆ နောက်တန်းက ရဲဘော်တွေကို လာရောက်တွေ့ဆုံ အားပေးး (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊  စစ်ဥပဒေချုပ်၊ ဦးကျော်စိုးလင်းက ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မန္တလေးခရိုင် အမှတ် ၆ တပ်ရင်း‌ နောက်တန်းက ရဲဘော်တွေကို လာရောက်တွေ့ဆုံ အားပေးစကားပြောခဲ့တယ်လို့ သိရပါတယ်။
Read More

သံလွင်တံတား (မော်လမြိုင်) မှာ လက်နက်တွေ ဖမ်းဆီးရမိ ဟုဆို

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သံလွင်တံတားက စစ်ဆေးရေးဂိတ်မှာ လက်နက်ခဲယမ်းသယ်ဆောင်လာသူ ၁ ယောက်ကို ပစ္စည်းတွေနဲ့အတူ စစ်ကောင်စီတပ် ဖမ်းဆီးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ယခုနှစ် ၉ လအတွင်း အကြမ်းဖက်စစ်တပ်မှအလင်းဝင်သူ၊ လက်နက်ချသူနှင့် စစ်သုံ့ပန်း ၂၀၀၀ ကျော်ရှိဟု ပြည်သူ့ပန်းတိုင် ထုတ်ပြန်

နိုင်ငံကို ပြန်လည်တည်ဆောက်ရေးနဲ့ နိုင်ငံထဲက အ‌ရှုပ်အထွေးတွေကို ဖြေရှင်းဖို့ ခိုင်မာတဲ့ စီမံချက်တွေ ကြံ့ခိုင်ရေးပါတီ (USDP) မှာ ရှိတယ်လို့ ပါတီ ဥက္ကဋ္ဌ ဦးခင်ရီက ပြောဆိုလိုက်ပါတယ်။
Read More

NUG အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီး နော်စူစန်နာလှလှစိုးက ဂျပန်ရောက် မြန်မာတွေနဲ့ တွေ့ဆုံခဲ့ (ဓာတ်ပုံသတင်း)

ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီး နော်စူစန်နာလှလှစိုးနဲ့ ဝန်ကြီးဌာနအကြံပေး ဒေါ်ရွှေရွှေစိန်လတ်တို့က ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေနဲ့ ဖေဖော်ဝါရီ ၉ ရက် မနေ့က တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။