ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နဘ် ဘေလီတံတားပေါ်ကနေ အချင်းချင်း လက်ကိုကြိုးနဲ့ချည်ပြီး ခုန်ချသွားတဲ့ စုံတွဲရဲ့ ရုပ်အလောင်းတွေကို လက်ချင်းချည်လျက်ပဲ ဒီနေ့မှာ ပြန်လည်တွေ့ရှိခဲ့တယ်လို့ ရုပ်အလောင်းတွေ သွားရောက်သယ်ဆောင်ခဲ့တဲ့ ဝန်းရံမှူး လူမှုကူညီရေးအသင်းထံက သိရပါတယ်။

အဆိုပါ စုံတွဲဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ရက် ညပိုင်းမှာ ဘေလီတံတားပေါ်ကနေ ငမိုးရိပ်ချောင်းထဲ ခုန်ချသွားခဲ့တာဖြစ်တယ်လို့ အနီးဝန်းကျင်မှာ နေထိုင်သူတချို့က ပြောကြပါတယ်။

အဲဒီနောက် ဒီနေ့ စက်တင်ဘာ ၁၄ရက် နေ့လယ်ပိုင်းမှာ မြောက်ဒဂုံမြို့နယ်ပိုင်နက်အတွင်း ငမိုးရိမ်ချောင်းထဲမှာ အလောင်း ၂လောင်း ပေါ်နေတာကို လှေသမားတွေက တွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“ဒီနေ့မှာ ငမိုးရိပ်ထဲမှာ အလောင်းမျောနေတာတွေ့လို့ လှေသမားတွေက ကောက်ဆယ်ထားတာ။ တွေ့တာတော့ ၁၁ ပတ်ဝန်းကျင်လောက်ပေါ့နော်။ ကျနော်တို့ဆီ ဆက်သွယ်လာတာတော့ ၁၂ လောက်တော့ ဖြစ်နေပြီ။ အခုကတော့ အလောင်း ၂လောင်းကို မြောက်ဥက္ကလာဆေးရုံကို ပို့ထားပြီ” လို့ ဝန်းရံမှူး လူမှုကူညီရေးအသင်းရဲ့ ဥက္ကဋ္ဌဖြစ်သူက မောင်းကို ပြောပါတယ်။

သေဆုံးသွားတဲ့ စုံတွဲမှာ အမျိုသမီးဖြစ်သူကတော့ အသက် ၂၈ နှစ်ဖြစ်ပြီး အမျိုးသားဖြစ်သူကတော့ အသက် ၂၆ အရွယ်ဖြစ်တယ်လို့ ကနဦးသိရပါတယ်။

ဒါ့အပြင် အခု စက်တင်ဘာ လဆန်းပိုင်းတုန်းကလည်း အမျိုးသားတစ်ယောက် တောင်ဒဂုံမြို့နယ် ငမိုးရိပ်တံတားပေါ်ကနေ ခုန်ချသေဆုံးသွားခဲ့တာကြောင့် သူ့ရဲ့အမျိုးသမီးဖြစ်သူလည်း စက်တင်ဘာ ၁၃ရက်နေ့မှာ အဆိုပါ တံတားပေါ်ကနေ လိုက်ခုန်ချသွားခဲ့သေးတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မြန်မာပြည်သူတွေဟာ အကြပ်အတည်း ပေါင်းစုံနဲ့ ရင်ဆိုင်နေရပြီး နေ့စဥ် ရှင်သန်နေထိုင်မှုဘဝတွေ ခက်ခဲလာကာ ကိုယ့်ကိုကိုယ် သေကြောင်းကြံစည်မှုတွေလည်း ပိုမိုများပြားလာတာ တွေ့ရပါတယ်။

(ဓာတ်ပုံ Tun Myat Nyunt)

0 Shares:
You May Also Like
Read More

ကျောက်ဆည် ဆက်သွယ်ရေးတပ်က စစ်သား၁ယောက် လက်နက်မဲ့အလင်းဝင်၊ စစ်ကိုင်း-မင်းကွန်းလမ်းပေါ်မှာ ပျူစောထီးကားကို စောင့်ကြိုပစ်ခတ်မှု ပျူ ၂ ယောက် သေ

ဒီဇင်ဘာလအတွင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ထံ စစ်ကောင်စီတပ်သား၁ယောက် လက်နက်မဲ့အလင်းဝင်ရောက်လာသလို ပျူစောထီးအဖွဲ့ဝင်တွေ စီးနင်းလိုက်ပါလာတဲ့ကားကို စစ်ကိုင်း-မင်းကွန်းလမ်းပေါ်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ရှေ့တန်းကို စစ်ဆင်ရေးထွက်ဖို့ ပြင်ဆင်နေတဲ့ 96 Soldiers PDF ရဲဘော်များ… (ဓာတ်ပုံသတင်း)

96 Soldiers PDF (တောင်ပိုင်းတိုင်းစစ်ဒေသ) အနေနဲ့ ရှေ့တန်းရဲဘော်တွေကို ပြန်အနားပေးပြီး နောက်တန်းကျန်ရှိ ရဲဘော်တွေက ရှေ့တန်းတစ်လှည့်ထွက်ဖို့ ပြင်ဆင်နေတဲ့ပုံရိပ်တွေကို ထုတ်ပြန်လာပါတယ်။
Read More

ခမရ ၅၉၈ တိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် ရဲဘော် Lightning တစ်လပြည့် ဆွမ်းကပ်တရားနာ

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ ခမရ ၅၉၈ တပ်ရင်းဌာနချုပ်ကို သိမ်းပိုက်တဲ့ တိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ Southern Eagle PDF တပ်ရင်းက ဆေးမှူး ရဲဘော် Lightning ရဲ့ ၁ လပြည့် ဆွမ်းကပ်တရားနာပွဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

နိုင်ငံတကာ ပိတ်ဆို့မှုများကို ကျော်လွှားဖို့ နည်းလမ်းရှာရမည်ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြော

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

TNLA ထိန်းချုပ်ရာ ကျောက်မဲမြို့နယ်ရှိ ကျေးရွာများကို စစ်တပ် လေကြောင်း ဗုံးကြဲတိုက်ခိုက်

တအာင်းတပ် - TNLA ထိန်းချုပ်ရာ ကျောက်မဲမြို့နယ်ထဲက ကျေးရွာတချို့ကို စစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Ta'ang Women's Organization (TWO) က သတင်းထုတ်ပြန်ပါတယ်။
Read More

တောင်သာ မှာ စစ်တပ်က ကျေးရွာတွေကို စက်တပ်လေထီးကနေ ပစ်ခတ်ဗုံးကြဲလို့ အမျိုးသမီး ၂ဦး ဗုံးသီးထိမှန် သေဆုံး

မန္တလေးတိုင်း မိထ္ထီလာခရိုင် တောင်သာမြို့နယ် ညောင်ကုန်းကျေးရွာကို စက်တပ်လေထီးကနေ ပစ်ခတ်ဗုံးကြဲခဲ့လို့ အမျိုးသမီး ၂ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူအချို့လည်း ရှိကာ၊ အိမ်မွေးတိရိစ္ဆာန်အချို့ပါ သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။