မကွေးတိုင်း၊ စလင်းမြို့နယ်နဲ့ ဆင်ဖြူကျွန်းမြို့ရှိ ပြည်သူတွေကို ပေါ်တာဆွဲ ဖမ်းဆီးနေတဲ့ စစ်ကော်မရှင်တပ်သားတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့-စလင်း ထံက သိရပါတယ်။

စက်တင်ဘာ ၇ရက် မနက် ၁၀ နာရီလောက်မှာ Hilux Double Cab အဖြူ၊ Honda Fit အဖြူ၊ Hi-Jet အဖြူ ကားတွေနဲ့ လိုက်လံပေါ်တာဆွဲနေတဲ့ စစ်ကော်မရှင်တပ်သားတွေ မြင်တင်ရပ်ကွက်၊ စလင်းမြို့မဈေးနားအရောက်မှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခြိမ်းခြောက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီလိုပစ်ခတ်မှုကြောင့် စစ်ကော်မရှင်တပ်သားတွေ လက်နက်ငယ်တွေ ပစ်ဖောက်ပြီး စလင်းမြို့မရဲစခန်းထဲ ပြန်လည်မောင်းနှင်ဝင်ရောက်သွားတယ်လို့ သိရပါတယ်။

“လာဖမ်းတဲ့လူအင်အားက စကမ၊ ရဲ၊ ပျူ စုပေါင်းအင်အား ၁၅ ဦးဝန်းကျင်နဲ့ ပေါ်တာဆွဲပါတယ်ဗျ၊ ကျနော်တို့ ပစ်ခတ်မှုဖြစ်တော့ သူတို့စရောက်တာမကြာသေးတော့ ဖမ်းဆီးခံရသူ မရှိလိုက်ဘူးဗျ၊ သူတို့ မြို့ထဲပတ်တဲ့အချိန်ကို ကျနော်တို့ အမြဲတမ်းသတင်းထောက်နေတာဗျ။ မြို့ထဲမှာ ပေါ်တာဆွဲတာအရမ်းများနေလို့ သွားရောက်ပစ်ခတ်ချိန်မှာတော့ သူတို့ဘက်က အနည်းငယ်ပစ်ခတ်မှုလုပ်ပြီး မြို့မစခန်းထဲကို ပြန်ပြေးသွားတယ်ဗျ” လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ − စလင်းရဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အဲဒီနေ့ နေ့လယ် ၃နာရီဝန်းကျင်လောက်မှာလည်း စလင်း-ဆင်ဖြူကျွန်းလမ်းပိုင်းပေါ် အင်အား ၂၀ ဝန်းကျင်နဲ့ စလင်းမြို့ မြောက်ဘက်အထွက်မှာ ၃ပတ်ခန့်ကြာ အထိုင်ချထားတဲ့ စစ်ကော်မရှင်တပ်သားတွေကို ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အခုလို တိုက်ခိုက်မှုကြောင့် ဂိတ်ကင်းစောင့်နေတဲ့ ပျူစောထီး ၃ယောက် သေဆုံးသွားခဲ့ပြီး ပစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက် စလင်း − ဆင်ဖြူကျွန်းလမ်းပိုင်းကို စစ်ကော်မရှင်တပ်သားတွေ စစ်ကြောင်းထိုးတာတွေ ပြုလုပ်နေတဲ့အတွက် ခရီးသွားပြည်သူတွေနဲ့ လူငယ်တွေ သတိထားသွားလာကြဖို့ အသိပေးထုတ်ပြန်ထားပါသေးတယ်။

“ညနေလုပ်တဲ့မစ်ရှင်မှာက သေနတ်ဖွက်ပြီး သူတို့ စစ်ဆေးရေးလုပ်နေတဲ့နားကို အနီးကပ် သွားရောက်ပစ်ခတ်ခဲ့တာမှာ နေရာမှာတင် မျက်မြင်သေဆုံးသွားတာပါဗျ ကျနော်တို့ ပစ်ခတ်တဲ့အချိန်မှာ စကမ တပ်အနေနဲ့ ကတုတ်ကျင်းတွေ၊ ဘန်ကာတွေထဲ အရင်ပြေးဝင်ပြီး တန်းပစ်မှုမလုပ်နိုင်ခဲ့ပါဘူးဗျ” လို့ အထက်ပါ တာဝန်ရှိသူက ဆက်ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပွားပြီး ကာကွယ်ရေးတပ်ဖွဲ့တွေ မီတာ ၁၀၀ လောက်အရောက်မှာ စစ်ကော်မရှင်တပ်ဘက်ကနေ ပစ်ခတ်မှုတွေလုပ်ဆောင်ခဲ့ပေမယ့် အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

0 Shares:
You May Also Like
Read More

နတ်တလင်းမြို့နယ်ရှိ ရဲကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီတပ်သား ၃ ယောက်သေပြီး လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိကြောင်း NUG တရားဝင်ထုတ်ပြန်…

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ဒမငယ်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ ပူးပေါင်းတပ်စွဲထားတဲ့ ရဲကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်ရာ လက်နက်မျိုးစုံ ၆ လက် သိမ်းဆည်းရမိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ တရားဝင် ထုတ်ပြန်ပါတယ်။
Read More

တိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် မကွေးခရိုင် PDF တပ်ရင်း (၂) ၏ ရဲဘော် ၂ ဦးကို တပ်မှ ထုတ်ပယ်ကြောင်း ကြေညာ

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မကွေးတိုင်းစစ်ဌာန၊ မကွေးခရိုင် အမှတ်(၂)တပ်ရင်းက တိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ ရဲဘော်ဝေလ (ခ) ဖြိုးပြည့်အောင်နဲ့ ရဲဘော်ပြောင်ကြီး (ခ) ဟိန်းမိုးစံတို့ကို တပ်ကနေ ထုတ်ပယ်ကြောင်း မိခင်တပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

တကသများ-ရန်ကုန်နဲ့ ကျောင်းသားလက်ရုံးတပ်တော်က ယင်းမာပင်မြို့နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုပေး (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ ရန်ကုန်အခြေစိုက်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ( တကသများ-ရန်ကုန်) နဲ့ ကျောင်းသားလက်ရုံးတပ်တော်က ရွေ့လျားဆေးပေးခန်း ဖွင့်လှစ်ကာ ဒေသခံလူထုကို ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ်မှာ စစ်ကောင်စီတပ်စခန်း ၁၃၈ ခုကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့

စစ်တပ်အာဏာသိမ်းပြီးနောက် KNLA နဲ့ မဟာမိတ်တပ်တွေက စစ်ကောင်စီတပ်စခန်း ၁၃၈ ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ယက် (KPSN)က အသိပေးထုတ်ပြန်ပါတယ်။
Read More

ရွှေဘိုခရိုင် အမှတ် ၁၇၀၁ ထောက်ပို့တပ်ရင်းရဲ့ မွမ်းမံသင်တန်းဆင်းပွဲနဲ့ သစ္စာရေသောက်ခြင်းအခမ်းအနား (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရွှေဘိုခရိုင် အမှတ် ၁၇၀၁ ထောက်ပို့တပ်ရင်းက မွမ်းမံသင်တန်းဆင်းပွဲနဲ့ သစ္စာရေသောက်ခြင်း အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

သီပေါမြို့တွင် တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ဗုံးများ လာရောက်ကြဲချတိုက်ခိုက်…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ ဂျက်ဖိုက်တာနဲ့ ဗုံးတွေ လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။