ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီ၊ စံခလဘူရီမှာ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ အထောက်အထားမဲ့ မြန်မာလုပ်သား အယောက် ၇၀ ကို အာဏာပိုင်တွေက ထပ်မံဖမ်းဆီးလိုက်ပါတယ်။ 

စံခလဘူရီ၊ နောင်လူခရိုင်ခွဲက ကျွဲကောခြံတခုမှာ အထောက်အထားမဲ့ မြန်မာလုပ်သားတွေ အများအပြား ဝင်ရောက်ပုန်းအောင်းနေကြောင်း စက်တင်ဘာ ၁၄ ရက် မနက် ၁၂နာရီခွဲမှာ အာဏာပိုင်တွေက သတင်းရရှိခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားတာပါ။

အာဏာပိုင်တွေရဲ့ ဖမ်းဆီးမှုအတွင်း တရားဝင်နေထိုင်ခွင့် အထောက်အထားမရှိတဲ့ အမျိုးသား ၄၈ ယောက်နဲ့ အမျိုးသမီး ၂၂ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ 

စကားပြန်ကတဆင့် စစ်ဆေးမေးမြန်းရာမှာတော့ သူတို့အနေနဲ့ တောလမ်းကနေ ဝင်ရောက်လာပြီး ထိုင်းနိုင်ငံထဲက အခြားပြည်နယ်တွေကို ပို့ဆောင်ပေးမယ့်သူကို စောင့်ဆိုင်းနေတာဖြစ်ကြောင်း ဝန်ခံထားတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ 

အာဏာပိုင်တွေဟာ သူတို့ရဲ့ တရားမဝင် နေထိုင်မှု၊ တရားမဝင် နိုင်ငံထဲဝင်ရောက်မှုတို့နဲ့ စံခလဘူရီရဲစခန်းကို လွှဲအပ်တရားစွဲဆိုထားပြီး နေရပ်ပြန်လည် ပို့ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၂ ရက်နေ့ကလည်း ကန်ချနဘူရီ၊ ထောင်ဖာဖုမ်မှာ အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်း ၁၉ ယောက် ဖမ်းဆီးခံခဲ့ရပါသေးတယ်။

0 Shares:
You May Also Like
Read More

ကန်ချနဘူရီမှာ ယာဉ်မတော်တဆမှုကြောင့် မြန်မာ ၁ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရ

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီပြည်နယ်၊ စံခလဘူရီခရိုင်မှာ ဇန်နဝါရီလ ၈ ရက် မနက်အစောပိုင်းက ယာဉ်တိမ်းမှောက်မှုကြောင့် မြန်မာလုပ်သား ၁ ယောက် သေဆုံးပြီး၊ ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဘန်ကောက်ပို့စ်က ဖော်ပြထားပါတယ်။
Read More

ထိုင်းနိုင်ငံမှ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုနှင့် လုံး၀ ပတ်သက်မှုမရှိကြောင်း KNLA ဗဟိုစစ်ဦးစီးဌာနချုပ် ထုတ်ပြန်…

ထိုင်းနိုင်ငံအတွင်း မတ်လ ၂၁ ရက်မှာ ဖမ်းမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေနဲ့ ပတ်သက်လို့ လုံး၀ စပ်ဆိုင်ပတ်သက်မှုမရှိကြောင်း ကရင်အမျိုသားအစည်းအရုံး(KNU) ရဲ့ နိုင်ငံရေးဦးဆောင်မှုကို ခံယူထားတဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဗဟိုစစ်ဦးစီးဌာနချုပ်က ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

အာဆီယံဥက္ကဋ္ဌအနေနဲ့ မြန်မာ့အရေး ဦးစားပေးဆောင်ရွက်မယ်လို့ မလေးရှားပြော

မလေးရှားအနေနဲ့ အာဆီယံဥက္ကဋ္ဌတာဝန်ယူချိန်မှာ အဓိကစိန်ခေါ်မှုတွေအတွက် အဖြေရှာဖို့နဲ့ ဘယ်အဖွဲ့ဝင်နိုင်ငံကိုမှ ချန်လှပ်မထားစေရေး ဦးစားပေးလုပ်ရမှာဖြစ်ကြောင်း ဝန်ကြီးချုပ် အန်ဝါအီဘရာဟင် က ပြောဆိုထားတယ်လို့ Khmer Times သတင်းက ဇန်နဝါရီ ၁၀ ရက်မှာ ဖော်ပြပါတယ်။ 
Read More

အီရန်စစ်ဦးစီးချုပ်သစ် ထပ်မံလုပ်ကြံခံရမှုနှင့်အတူ အစ္စရေး-အီရန် ပဋိပက္ခ ပိုမိုပြင်းထန်လာ၊ အပစ်အခတ်ရပ်ရုံမဟုတ်ဘဲ ပဋိပက္ခကို တကယ်အဆုံးသတ်ရမည်ဟု ထရမ့် ပြော

စစ်ရေးစစ်ရာ အပြိုင်အဆိုင်ပြင်းထန်နေကြတဲ့ အစ္စရေးနဲ့ အီရန်တို့အကြားက ပဋိပက္ခဟာ အရှိန်မြင့်တက်လာရာကနေ ပဉ္စမမြောက်နေ့မှာတော့ တိုက်ခိုက်မှုအသစ်တဖန် ထပ်မံဖြစ်ပွားခဲ့ပါတယ်။ 
Read More

NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ဂျပန်နိုင်ငံရေးပါတီအမတ်များ တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ဂျပန်နိုင်ငံရှိ နိုင်ငံရေးပါတီတွေက လွှတ်တော်အမတ်တွေ တွေ့ဆုံခဲ့တယ်လို့ NUG က သတင်းထုတ်ပြန်ပါတယ်။ ဂျပန်နိုင်ငံရောက်ရှိနေတဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ ဒီဇင်ဘာ ၁ ရက်နဲ့ ၂ရက်နေ့မှာ ဂျပန်နိုင်ငံက လက်ရှိအာဏာရ နိုင်ငံရေးပါတီအပါအဝင် ပါတီ ၄ခုနဲ့ တွေ့ဆုံပြီး မြန်မာ့အရေး ဂျပန်လွှတ်တော်အတွင်း တင်ပြနိုင်ဖို့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
Read More

တော်လှန်ရေးအင်အားစုတွေ ပါဝင်တဲ့ မြန်မာ့အရေးဆွေးနွေးပွဲ အင်ဒိုနီးရှား ဦးဆောင်ပြုလုပ်

လာမယ့်အပတ် အာဆီယံထိပ်သီးဆွေးနွေးပွဲမတိုင်ခင် မြန်မာပြည်ပဋိပက္ခအရေး သံတမန်ရေးဆွေးနွေးပွဲကို ဂျာကာတာမြို့မှာ ပြုလုပ်သွားမယ်လို့ အင်ဒိုနီးရှားအကြီးတန်းသံတမန်တဦးက ယမန်နေ့က AFP သတင်းဌာနကို ပြောခဲ့ပါတယ်။