စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ကာကွယ်ရေးတပ်ဖွဲ့တွေ ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

NUG အစိုးရ မြို့နယ်တရားစီရင်ရေးကနေ အမှုစီရင်ပြီးတဲ့ ဘိန်းဖြူဆပ်ပြာခွက် ၉ ခွက်၊ WY စိတ်ကြွမူးယစ်ဆေးပြား ၂၂၄၉ ပြားနဲ့ ဆေးသုံးစွဲရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေကို မြို့နယ်တာဝန်ရှိသူတွေနဲ့ အများပြည်သူရှေ့မှောက်မှာ ဒုတိယအကြိမ် မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

မူးယစ်ဆေးဝါးကြောင့် ဖမ်းဆီးရမိတဲ့တရားခံတွေဟာ အကြမ်းဖက်စစ်ကော်မရှင်နဲ့ ဆက်စပ်သူတွေဖြစ်တဲ့အတွက် ကန့်ဘလူမြို့နယ် ပြည်သူ့လုံခြုံရေး အကျဥ်းထောင်တွေမှာ ထိန်းသိမ်းထားရှိထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၇ ရက်နေ့ကလည်း ကန့်ဘလူမြို့နယ်မှာ ဖမ်းဆီးရမိတဲ့ ဘိန်းဖြူ ဆပ်ပြာခွက် (၈၈) ခွက်၊ ဘိန်းမဲ ၂ ပိဿာ (၂၅) ကျပ်သား ၊ WY စိတ်ကြွမူးယစ်ဆေးပြား ၅၆၀၀ ပြားတို့ကို ပထမအကြိမ် မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

ရွာငံမှာ မြို့အဝင်ဘီးခွန်ဂိတ်၊ မူးယစ်ရုံးနဲ့ မြန်မာ့စီးပွားရေးဘဏ်တွေက စစ်အုပ်စုတွေ ဝင်ရောက်ပစ်ခတ်ခံရပြီး ရဲအရာရှိ၁ယောက်အပါ ၁၃ယောက်သေ

ရှမ်းတောင်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့မှာ မြို့အဝင်ဘီးခွန်ဂိတ်အပါအဝင် မူးယစ်ရဲစခန်းနဲ့ မြန်မာ့စီးပွားရေးဘဏ်တို့က အကြမ်းဖက်စစ်အုပ်စုတွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး မူးယစ်ရဲအရာရှိ၁ယောက် အပါအဝင် အကြမ်းဖက်ရဲနဲ့ စစ်သား ၁၃ယောက်သေဆုံးကြောင်း စစ်ရေးသတင်းရင်းမြစ်က မောင်းကိုပြောပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသ လက်ရုံးအထူးတပ်ဖွဲ့ အပတ်စဉ် (၇) သင်တန်းဆင်းပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ လက်ရုံးအထူးတပ်ဖွဲ့ဖြစ်တဲ့  P29999- အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF ရဲ့ အပတ်စဥ် (၇)သင်တန်းဆင်းပွဲကို  ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ 
Read More

အာဏာရှင်စနစ် အပြီးတိုင် မဖယ်ရှားနိုင်သရွေ့၊ လူထုကိုယ်တိုင်ပါဝင်နိုင်တဲ့ လူထုအုပ်ချုပ်ရေး မဖော်ဆောင်နိုင်သရွေ့ နိုင်ငံရေးပြဿနာများကို ဖြေရှင်းနိုင်မည်မဟုတ်ဟု SNLD ပြော

တိုင်းပြည်အတွက် လိုအပ်နေတဲ့ လူထုအုပ်ချုပ်ရေးမှာ လူထုမပါဝင်ဘဲ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းလို့ ရမှာ မဟုတ်ကြောင်း  ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ် - SNLD က ထုတ်ပြန်ပါတယ်။
Read More

နတ်ရေကန်ဂိတ်မှ ခြေလျင်ထွက်လာသည့် စစ်သားများ မိုင်းဆွဲခံရပြီး ၂ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ နတ်ရေကန်ဂိတ်ကနေ ခြေလျင်ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်မှုတွေရှိခဲ့တယ်လို့ People’s Defence Force – South Monywa တပ်ဖွဲ့ထံက သိရပါတယ်။
Read More

စစ်တပ်အားပေး အနုပညာရှင်အမည်ခံများကို ထိရောက်စွာ စတင်အရေးယူမည်ဟု ရန်ကုန် UG များ ကြေညာ

အာဏာသိမ်း အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို ထောက်ခံအားပေးကူညီတဲ့ အနုပညာရှင်အမည်ခံ စစ်ကော်မရှင် လက်ကိုင်တုတ်တွေကို ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ ရန်ကုန်မြို့ပြပြောက်ကျား UG အဖွဲ့တွေက ဒီညမှာ ကြေညာလိုက်ပါတယ်။
Read More

မွန်လူငယ်တွေ စစ်အာဏာရှင်တိုက်ဖျက်ရေးမှာ ပါဝင်ဖို့ မွန်ပြည်သစ်ပါတီက ဖိတ်ခေါ်

စစ်အာဏာရှင်ကို အမျိုးသားဘုံရန်သူအဖြစ်သတ်မှတ်ပြီး စစ်အာဏာရှင်တိုက်ခိုက်ရေးမှာ ပါဝင်ဖို့ မွန်လူငယ်တွေကို မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) (NMSP-AD) က ဖိတ်ခေါ်လိုက်ပါတယ်။